မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ) ကိုအများအားဖြင့် သွေးကင်ဆာရောဂါ၊ အရေပြားကင်ဆာ၊
AIDS ရောဂါသည်များတွင်ဖြစ်သော အရေပြားသွေးကြောများမှဖြစ်သော ကင်ဆာ စသည့်ကင်ဆာရောဂါများကို ကုသရာတွင် အသုံးပြုပါသည်။
ထို့ပြင် အသည်းရောင်အသားဝါ B,C နှင့် ကြွက်နို့ကူးစက်ရောဂါ စသည့် ဗိုင်းရပ်စ်ရောဂါများကို ကုသရန်အတွက်လည်း အသုံးပြုပါသည်။
ထိုဆေးသည် ခန္ဓါကိုယ်ထဲမှ သဘာဝအတိုင်းထုတ်ပေးသော အင်တာဖရွန် ပရိုတင်းများနှင့် အသွင်တူညီပြီး ကင်ဆာရောဂါများနှင့် ဗိုင်းရပ်စ်ကူးစက်ရောဂါများကို ကုသရန်အတွက် အသုံးပြုပါသည်။
အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ) ကို အများအားဖြင့် ဆေးရုံ ဆေးခန်းများတွင် ထိုးဆေးအနေနှင့်
ဆရာဝန်များ သို့မဟုတ် ကျွမ်းကျင်ပညာရှင်များက ထိုးပေးသော ဆေးဖြစ်ပါသည်။ ဆေးထိုးရာတွင် တနေရာနှင့် တနေရာမတူညီအောင်ထိုးခြင်းဖြင့် အနာဖြစ်ခြင်းမှ ကာကွယ်မည်ဖြစ်သည်။ ဆေးသည် ရောဂါဖြစ်နေသော နေရာသို့တိုက်ရိုက်ထိုးနိုင်ပြီး သွေးပြန်ကြောထဲသို့လည်း ထိုးသွင်းနိုင်ပါသည်။
ဆေးရည်သည် အရောင်နောက်နေခြင်း၊အရောင်ပြောင်းနေခြင်း၊ ဆေးဗူးများကွဲကြေပျက်စီးနေခြင်းများရှိလျှင် ဆေးကို မသုံးပါနှင့်။
ဆေးထိုးသည့် ပစ္စည်းများနှင့် ဆေးဗူးများကို ကလေးသူငယ်များနှင့် ဝေးသော နေရာတွင်ထားပါ။ ဆေးထိုးအပ်များကို တခါသုံးများအသုံးပြုပါ။ အသုံးပြုသော ဆေးထိုးအပ်များနှင့် ချွန်ထက်သော အရာများကို သတ်မှတ်ထားသော နေရာတွင် စနစ်တကျစွန့်ပစ်ပါ။
ထို့ပြင် ထိုးဆေးကို မှီဝဲနေစဉ်တွင် ရေများများသောက်ရန် လိုအပ်ပါသည်။ ညဘက်အိပ်ခါနီးတွင် ဆေးထိုးခြင်းဖြင့် ဘေးထွက်ဆိုကျိုးများ ခံစားရခြင်းကို ပိုသက်သာစေပါသည်။
မသိလျှင် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ) ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)
ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။
အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး
သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)
အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ၂ဘီ)ကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။
ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)
အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။
ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
သည် မူးဝေထိုင်းမှိုင်းခြင်းကိုဖြစ်စေသောကြောင့် ယင်းကို အရက်သို့မဟုတ်အခြားသော ဆေးဝါးများနှင့် တွဲမသုံးသင့်ပါ။ ထိုဆေးကို သတိနှင့် အသုံးပြုရမည်ဖြစ်ပါသည်။ ဆေးအသုံးပြုနေလျှင် ကားမောင်းခြင်း၊ လုပ်ငန်းခွင်တာဝန်များထမ်းဆောင်ခြင်းတို့ကို ဖြစ်နိုင်လျှင် ရှောင်ကျဉ်ပါ။
သည် သွေးမွှားဥ အရေအတွက် ကို လျော့ကျစေသည့်အတွက် သင့်ကို အနာတရဖြစ်လွယ်စေခြင်း၊ သွေးခြေဥစေခြင်းများဖြစ်စေပါသည်။ ထို့ကြောင့် ဆေးထိုးနေရင်း သွေးခြေဥခြင်း၊သွေးထွက်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ဝမ်းမဲမဲသွားခြင်းများရှိပါက သင့်ဆရာဝန်အားပြောပါ။
သည် ခန္ဓါကိုယ်တွင် အနာကျက်နှုန်းကို နှေးစေသည့်အတွက် မိမိကိုယ်ကို ထိခိုက်ဒဏ်ရာမရအောင် နေထိုင်ပါ။
သည်ကလေးများတွင် စိတ်ဓါတ်ကျခြင်း၊ မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းတို့ကို ဖြစ်ပေါ်စေပြီး Interferon and ribavirin ဆေးများသည် ကလေးများ၏ ဖွံ့ဖြိုးကြီးထွားမှုနှင့် အရပ်ရှည်ထွက်ခြင်းတို့ကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ထိုဆေးထိုးနေစဉ်တွင် ကလေးများ၏ကြီးထွားမှုနှုန်းကို ဂရုပြုစောင့်ကြည့်ရမည်ဖြစ်ပါသည်။
ကလေးများတွင်သာမက လူကြီးများတွင် လည်း မူးဝေခြင်း၊ စိတ်အာရုံပြောင်းလဲခြင်းနှင့် နှလုံးကို ထိခိုက်ခြင်းများဖြစ်နိုင်သည့်အတွက် အထူးဂရုပြုရမည်ဖြစ်ပါသည်။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟုသတ်မှတ်ထားသည်။)
အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။
အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ
တို့ဖြစ်ပြီး ထိုသို့ ကြာရှည်စွာ ခံစားနေရပါက ဆရာဝန်နှင့်တိုင်ပင်ပါ။
အောက်ပါတို့ခံစားရပါက အရေးပေါ်ဆေးကုသမှုခံယူရမည်ဖြစ်သည်။
ထို့ပြင် ရင်ဘတ်အောင့်ခြင်း၊ တက်ခြင်း၊ ကိုယ်တခြမ်းအားနည်းခြင်း၊ စကားမပြောနိုင်ခြင်းများဖြစ်ပါကလည်း ဆရာဝန်နှင့် ချက်ချင်းပြသရန်လိုအပ်ပါသည်။
ထိုဆေးသည် စိတ်အာရုံများ ပြောင်းလဲခြင်း နှင့် ပိုဆိုးလာခြင်းများကို ဖြစ်စေနိုင်သည့်အတွက် စိတ်အာရုံများရှုပ်ထွေးခြင်း၊ စိတ်ဓါတ်ကျခြင်း၊ မိမိကိုယ်ကို နာကျင်အောင်လုပ်ခြင်းနှင့် သေကြောင်းကြံစည်ခြင်း၊ မူမမှန်သော ၊ ကြမ်းတမ်းသော အပြုအမူများဖြစ်လာလျှင် ဆရ ဝန်အားချက်ချင်း အကြောင်းကြားရမည်ဖြစ်ပါသည်။ ထိုသို့ဖြစ်လာပါက ဆေးသောက်နေစဉ်တွင် စိတ်ကျန်းမာရေး ကုသမှုများခံယူရမည်ဖြစ်ပါသည်။
ဆေးနှင့် ပြင်းထန်စွာဓါတ်မတည့်မှုများဖြစ်ခြင်းသည် ရှားပါးသော်လည်း အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း တို့ခံစားရပါက အရေးပေါ်ဆေးကုသမှုခံယူရမည်ဖြစ်သည်။
(ယေဘူယျအသိပေးချက် –ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)
အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ) ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့
ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အထူးသဖြင့် အောက်ပါဆေးများသည် အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ) နှင့် ဓါတ်ပြုခြင်းဖြစ်စေနိုင်သော ဆေးများဖြစ်ပါသည်။
အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ)
ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြးီပါတယ်။
အထူးသဖြင့် သင့်မှာ
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အသည်းရောင် အသားဝါ C ရောဂါ
ဆေးကို တပတ်လျှင် ၃ ကြိမ် အရေပြားအောက်ဖြစ်စေ၊ အသားထဲဖြစ်စေ ထိုးပါ။
အသည်းရောင် အသားဝါ B ရောဂါ
ဆေးကို တပတ်လျှင် ၃ ကြိမ် အရေပြားအောက်ဖြစ်စေ၊ အသားထဲဖြစ်စေ ထိုးပါ။ ၁၆ ပတ်ဆက်တိုက် ထိုးရမည်ဖြစ်ပါသည်။
သွေးကင်ဆာရောဂါ
ဆေးကို တပတ်လျှင် ၃ ကြိမ် အရေပြားအောက်ဖြစ်စေ၊ အသားထဲဖြစ်စေ ထိုးပါ။ ၆ လဆက်တိုက် ထိုးရမည်ဖြစ်ပါသည်။
အရေပြားရှိ မီလနိုဆိုက် ကင်ဆာရောဂါ
အကြောဆေးကို ၅ ရက်ဆက်တိုက် ၄ ပတ်ထိုးရမည်ဖြစ်ပြီး အရေပြားအောက် ထိုးဆေးကို ၄၈ ပတ်ကြာအောင် ထိုးရမည်ဖြစ်ပါသည်။
အရည်အိတ်များမှဖြစ်သော မီလနိုဆိုက် ကင်ဆာရောဂါ
ထိုးဆေးကို အရေပြားအောက်တွင် တပတ်လျှင် ၃ ကြိမ် ၁၈ လဆက်တိုက် ထိုးရမည်ဖြစ်ပါသည်။
လိင်အင်္ဂါတွင်ဖြစ်သော ကြွက်နို့ရောဂါ
အကြောထိုးဆေးကို တပတ်လျှင် ၃ ကြိမ် တရက်ခြားစီ ၃ ပတ်ထိုးရမည်ဖြစ်ပြီး ၁၆ ပတ်ကြာအောင် ထိုးရမည်ဖြစ်ပါသည်။
အရေပြား သွေးကြောများမှဖြစ်သော ကင်ဆာရောဂါ
ဆေးကို တပတ်လျှင် ၃ ကြိမ် အရေပြားအောက်ဖြစ်စေ၊ အသားထဲဖြစ်စေ ထိုးပါ။ ၁၆ ပတ်ဆက်တိုက် ထိုးရမည်ဖြစ်ပါသည်။
အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ) ကိုသင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။
ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။
အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ) ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် ရရှိနိုင်ပါတယ်။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
အင်ထရွန် အေ (အင်တာဖရွန် အယ်လ်ဖာ ၂ ဘီ) က ိုထိုးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးထိုးပါ။ သို့သော်လည်းနောက်တစ်ကြိမ်ထိုးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲထိုးလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးပြီး ထိုးတာမျိုးမလုပ်ပါနဲ့။ သင့်ဆရာဝန်ထံ ချက်ချင်းဆက်သွယ်ပြီး ဆေးအညွှန်းကို မေးမြန်းပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။