backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ex-Lax


Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Ex-Lax ကို ဘာအတွက်အသုံးပြုကြသလဲ

Ex-Lax ကို ဝမ်းချုပ်ဝေဒနာ သက်သာအောင် ကုသရာမှာအဓိကအသုံးပြုပါတယ်။

Ex-Lax ဘယ်လိုသောက်သုံးသင့်သလဲ

Ex-Lax ကိုသင့်ဆရာဝန်ညွှန်ကြားတဲ့ ပမာဏအချိုးအစားအတိုင်းတိတိကျကျ သောက်သုံးပါ။ ကိုယ့်သဘောနဲ့ကိုယ် ပိုသောက်ခြင်း၊ စွဲသောက်ခြင်းမပြုလုပ်သင့်ပါ။ ဆေးညွှန်းမှာဖော်ပြထားသည်များကိုသေသေချာချာလိုက်နာပါ။

Ex-Lax သောက်သုံးပြီး ၂နာရီကြာသည်အထိ အခြားဘယ်ဆေးဝါးကိုမှ မသောက်သုံးပါနှင့်။

တစ်နေ့တစ်ကြိမ် သောက်ရမည်ဆိုလျှင် ညအိပ်ရာဝင်ချိန်မှာ သောက်သုံးပါ။ ဆေးကိုသေချာစွာကြေညက်အောင် ဝါးပြီးမှ မျိုချပါ။

Ex-Lax ဘယ်လိုသိမ်းဆည်းရမလဲ

Ex-Laxကိုအခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Ex-Laxကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Ex-Laxဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Ex-Laxကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Ex-Lax အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင့်မှာအောက်ဖော်ပြပါ အခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်နေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန် – အကယ်၍သင်ဟာ ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် ကလေးနို့တိုက်နေတဲ့ မိခင်တစ်ဦး ဖြစ်နေမယ်ဆိုရင် ဘယ်ဆေးကိုမဆို ဆရာဝန်မညွှန်ကြားဘဲမသောက်သုံးသင့်ပါဘူး။
  • အခြားဆေးဝါးများ သောက်သုံးနေချိန် – တိုင်းရင်းဆေး၊ အားဖြည့်ဆေးများ အပါအဝင် သင်လက်ရှိသောက်သုံးနေတဲ့ ဆေးအားလုံးကိုသင့်ဆရာဝန်သိအောင် ပြောပြရမှာဖြစ်ပါတယ်။
  • Ex-Laxသို့မဟုတ် အခြားဆေးဝါးများတွင်ပါဝင်သည့် ပစ္စည်းတစ်မျိုးမျိုးနှင့် ဓါတ်မတည့်ခြင်း
  • ရောဂါဝေဒနာတစ်ခုခု ခံစားနေရခြင်း
  • အူလမ်းကြောင်းပိတ်ဆို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ အစာအိမ်မကောင်းခြင်း၊ အစာဟောင်းအိမ်မှ သွေးယိုခြင်း၊ အော့အန်ခြင်း၊ ပြီးခဲ့သည့် ၂ပတ်အတွင်း ဝမ်းသွားသည့်ပုံစံပြောင်းလဲခြင်း

သင် Ex-Lax သောက်သုံးနေကြောင်းသင့်ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်ပညာရှင်၊ သွားဆရာဝန် စသည့် ကျန်းမာရေးစောင့်ရှောက်သူအားလုံးကိုအသိပေးထားပါ။

Ex-Lax ကို ဆရာဝန်မညွှန်ကြားဘဲတစ်ပတ်ထက်ပိုပြီးသောက်သုံးခြင်း၊ အခြားဝမ်းပျော့ဆေးများနှင့်တွဲပြီးသောက်သုံးခြင်းမပြုလုပ်သင့်ပါ။

အကယ်၍ ဆေးသောက်သုံးပြီးအစာဟောင်းအိမ်မှ (စအိုမှ) သွေးယိုခဲ့လျှင်၊ လေမလည်၊ ဝမ်းမသွားတော့လျှင် သင့်ဆရာဝန်ကို အသိပေးပါ။

အကယ်၍ သင်ဟာ ကိုယ်ဝန်ရှိနေမယ် ဒါမှမဟုတ် ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိတယ်ဆိုရင် Ex-Lax ကြောင့် ရလာမယ့် ကောင်းကျိုးဆိုးကျိုးတွေကိုချိန်ဆနိုင်ဖို့ သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

သင်ဟာ နို့တိုက်မိခင်တစ်ဦး ဖြစ်နေမယ်ဆိုရင်လည်းဒီဆေးကြောင့် သင့်ကလေးအပေါ် အန္တရာယ်ကျရောက်နိုင်ခြင်းရှိမရှိသင့်ဆရာဝန်ကို မေးမြန်းပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Ex-Lax ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Cရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Ex-Lax ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အကယ်၍ Ex-Lax သောက်သုံးပြီးအောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတစုံတရာဖြစ်လာခဲ့ရင် သင့်ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။

  • ဓါတ်မတည့်တုန့်ပြန်မှုလက္ခဏာများ – အဖုအပိမ့် အနီကွက်များထွက်ခြင်း၊ အင်ပြင်ထခြင်း၊ ယားယံခြင်း၊ အရေပြားနီရဲခြင်း၊ ရောင်ရမ်းခြင်း၊ အရည်ကြည်ဖုထခြင်း၊ အဖျားရှိသည်ဖြစ်စေ၊ မရှိဘဲဖြစ်စေအရေခွံကွာခြင်း၊ အသက်ရှူသံရွှီရွှီမြည်ခြင်း၊ ရင်ကြပ်ခြင်း၊ လည်ချောင်းထဲတစ်ဆို့မွန်းကြပ်နေခြင်း၊ အသက်ရှူရခက်ခြင်း၊ စကားပြောရခက်ခြင်း၊ အသံသြခြင်း၊ မျက်နှာ၊ ပါးစပ်၊ လျှာ၊ လည်ချောင်းတို့ ရောင်ရမ်းခြင်း
  • ပြင်းပြင်းထန်ထန် ဗိုက်အောင့်ခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Ex-Lax နဲ့ ဓါတ်ပြုနိုင်သလဲ

Ex-Laxဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Ex-Lax နဲ့ ဓါတ်ပြုနိုင်သလား

Ex-Laxက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Ex-Lax နဲ့ ဓါတ်ပြုနိုင်သလဲ

Ex-Laxဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Ex-Lax ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ခွဲစိတ်ကုသမှု၊ ရောဂါရှာဖွေစစ်ဆေးမှု မပြုလုပ်မီ ဝမ်းနုတ်ခြင်း

တစ်ကြိမ်သောက်လျှင် Ex-Lax ၂ပြား (၅၀ ဂရမ်) တစ်နေ့ ၁ကြိမ် သို့မဟုတ် ၂ကြိမ်

ဝမ်းချုပ်ဝေဒနာကို ကုသခြင်း

တစ်ကြိမ်သောက်လျှင် Ex-Lax ၂ပြား (၅၀ ဂရမ်) တစ်နေ့ ၁ကြိမ် သို့မဟုတ် ၂ကြိမ်

ကလေးတွေအတွက် Ex-Lax ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ခွဲစိတ်ကုသမှု၊ ရောဂါရှာဖွေစစ်ဆေးမှု မပြုလုပ်မီ ဝမ်းနုတ်ခြင်း

အသက် ၆နှစ်နှင့် ၁၂နှစ်ကြား – တစ်ကြိမ်သောက်လျှင် Ex-Lax ၁ပြား (၂၅ဂရမ်) တစ်နေ့ ၁ကြိမ် သို့မဟုတ် ၂ကြိမ်

အသက် ၁၂နှစ်နှင့် ၁၈နှစ်ကြား – တစ်ကြိမ်သောက်လျှင် Ex-Lax ၂ပြား (၅၀ ဂရမ်) တစ်နေ့ ၁ကြိမ် သို့မဟုတ် ၂ကြိမ်

ဝမ်းချုပ်ဝေဒနာကို ကုသခြင်း

အသက် ၆နှစ်နှင့် ၁၂နှစ်ကြား – တစ်ကြိမ်သောက်လျှင် Ex-Lax ၁ပြား (၂၅ ဂရမ်) တစ်နေ့ ၁ကြိမ် သို့မဟုတ် ၂ကြိမ်

အသက် ၁၂နှစ်နှင့် ၁၈နှစ်ကြား – တစ်ကြိမ်သောက်လျှင် Ex-Lax ၂ပြား (၅၀ ဂရမ်) တစ်နေ့ ၁ကြိမ် သို့မဟုတ် ၂ကြိမ်

Ex-Lax ကိုဘယ်လိုရရှိနိုင်သလဲ

Ex-Lax ကိုဆေးပြားပုံစံဖြင့် ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Ex-Laxကိုသောက်ဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement