ပိုးသတ်ဆေးတွေ သောက်နေရလို့ နုံးခွေပြီးအားမရှိတော့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 3, 2020 . 2 mins read
Share now

ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ ရောဂါတွေ၊ အအေးမိဖျားနာခြင်း၊ ရာသီတုပ်ကွေးတွေကို ကုသဖို့ ပဋိဇီဝ ပိုးသတ်ဆေး (Antibiotics) တွေကို သောက်ပေးဖို့ လိုအပ်ပါတယ်။ ပိုးသတ်ဆေးဟာ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ရောဂါတွေကို ကုသတဲ့နေရာမှာ အာနိသင်အလွန်ပြင်းတာကြောင့် ဘေးထွက်ဆိုးကျိုးတွေကိုလည်း အတန်အသင့် ခံစားရနိုင်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးတွေထဲက အဖြစ်များတဲ့ လက္ခဏာကတော့ မောပန်းပြီး အားမရှိသလို ဖြစ်တာပါ။

ဘာကြောင့် ဒီလို ဖြစ်ရတာလဲ။

၁။ ပိုးသတ်ဆေးတွေဟာ ဆေးပြင်းတွေ ဖြစ်တဲ့အတွက် စစချင်း သောက်တဲ့အခါ ကိုယ်ခံအားစနစ်က အနည်းငယ်ကျဆင်းသွားပြီး လူက အားမရှိသလို ဖြစ်သွားနိုင်ပါတယ်။ နဂိုဖျားနာနေတဲ့ အရှိန်ကြောင့် ကိုယ်ခံအားစနစ် အားပျော့နေတဲ့အချိန်မှာ ဆေးပြင်းတွေ သောက်လိုက်တာကြောင့်လည်း ပါပါတယ်။

၂။ ပိုးသတ်ဆေးတွေဟာ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကိုသာမက ခန္ဓာကိုယ်အတွက် အကျိုးပြု ဘက်တီးရီးယားတွေကိုပါ သေစေနိုင်ပါတယ်။ ဒီအကျိုးပြု ဘက်တီးရီးယားများ ပြန်မပေါက်ဖွားလာခင်အထိ အစာအိမ်နဲ့ အူလမ်းကြောင်းက စားလိုက်တဲ့အစားအစာကနေ အာဟာရဓာတ်တွေကို ကောင်းစွာ မစုပ်ယူနိုင်တော့ပါဘူး။ ဒါ့အပြင် ရောဂါတွေကို တိုက်ထုတ်နေရတဲ့ ကိုယ်ခံအားစနစ်ကို ပြန်လည်အားဖြည့်ပေးဖို့ ဒီအာဟာရဓာတ် အများစုကို အသုံးပြုလိုက်ရတဲ့အတွက် အားမရှိသလို ဖြစ်နေတတ်ပါတယ်။

၃။ ပိုးသတ်ဆေးသောက်နေချိန်မှာ ရောဂါနဲ့ ဆေးအရှိန်ပေါင်းပြီး လူက နုံးချိတာ သဘာဝပါ။ ဒီလိုအချိန်မှာ သေချာအနားယူခြင်း၊ အိပ်စက်ခြင်း မရှိဘဲ အလုပ်လုပ်နေမယ်၊ လေ့ကျင့်ခန်းတွေ လုပ်နေမယ်ဆိုရင် နဂိုကျန်နေတဲ့ အားအင်တွေကို ကုန်ခမ်းသွားအောင် သုံးမိသလို ဖြစ်သွားတဲ့အတွက် ကိုယ်ခံအားပိုကျသလို လူကလည်း ပိုနုံးသွားနိုင်ပါတယ်။

ဘယ်ပိုးသတ်ဆေးတွေက အားအင်တွေကို ပိုပြီးကုန်ခမ်းစေနိုင်လဲ။

ပိုးသတ်ဆေးအများစုဟာ လူကို မောပန်းနုံးချိစေတဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်စေနိုင်ပါတယ်။ ဒီပိုးသတ်ဆေးတွေထဲမှာမှ Amoxicillin, Azithromycin, Ciprofloxacin ဆေးတွေကတော့ မောပန်းခြင်းကို ပိုပြီးဖြစ်စေနိုင်တယ်လို့ တွေ့ရပါတယ်။ များသောအားဖြင့် လူနာရဲ့ ကိုယ်ခံအားစနစ်နဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ဘေးထွက်ဆိုးကျိုး လက္ခဏာနဲ့ ပြင်းထန်ခြင်းက ကွာခြားသွားနိုင်ပါတယ်။

ပိုးသတ်ဆေးသောက်ပြီး မောနေရင် ဘယ်လိုလုပ်သင့်လဲ။

၁။ အရင်ဆုံး ကိုယ်ပြနေတဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်လာရင် ဆေးအမျိုးအစား ပြောင်းပေးဖို့၊ ဆေးပမာဏ လျှော့ချဖို့ အကြံတောင်းလို့ ရပါတယ်။

၂။ ပိုးသတ်ဆေး သောက်နေတဲ့အချိန်မှာ အားအင်ကုန်ခမ်းစေနိုင်တဲ့ လေ့ကျင့်ခန်းလုပ်တာ၊ အလေးအပင်မတာ၊ ပြေးတာ၊ ရေကူးတာမျိုး တတ်နိုင်သလောက် ရှောင်ပါ။

၃။ ပိုးသတ်ဆေး သောက်ပြီး ခံတွင်းပျက်နေခဲ့ရင်တောင် ဘာမှမစားဘဲ မနေပါနဲ့။ ဗိုက်ထဲ အစာတစ်ခုခုရှိနေအောင် လုပ်ပါ။

၄။ ရေ၊ အရည်များများ သောက်ပါ။ အစားအစာကို အရမ်းမာတာထက် ပျော့ပျော့လေး စားပေးပါ။

၅။ အိပ်ရေးဝအောင် အိပ်ပါ။ မနက်ဘက်မှာလည်း အားမရှိသလို ဖြစ်နေရင် အိပ်စက်အနားယူလိုက်ပါ။ အိပ်မှပဲ ကိုယ်ခံအားစနစ်က ပြန်လည်အားပြည့်ပြီး ရောဂါတွေကို တိက်ထုတ်ပေးနိုင်မှာပါ။

၆။ ပိုးသတ်ဆေး သောက်နေတဲ့အချိန်မှာ အရက်ကို လုံးဝမသောက်သင့်ပါဘူး။ ဆေးလိပ်ကိုပါ ရပ်ထားနိုင်ရင်တော့ ပိုအဆင်ပြေပါတယ်။

ဒီလို နေ့စဉ်ပြုလုပ်ပေးသွားမယ်ဆိုရင် ရက်အနည်းငယ်အတွင်းမှာ ခန္ဓာကိုယ်က ဆေးနဲ့ အသားကျသွားပြီး ကောင်းကောင်းနာလန်ထူနိုင်မှာပါ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရေညှိညို စားရင်းရမယ့် ကျန်းမာရေး

ရေညှိညို စားရင်းရမယ့် ကျန်းမာရေး တွေက ဘာတွေများလဲ....... ရေညှိညို စားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

မနက်ခင်းကို သီချင်းလေးတွေ နဲ့ နိုးထပါ

မနက်ခင်းကို သီချင်းလေးတွေ နဲ့ နိုးထပါ ....... သီချင်းနားထောင်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

နေမကောင်းဖြစ်ပြီးရင် သွားပွတ်တံ လဲသင့်လား

နေထိုင်မကောင်း ဖြစ်ပြီးရင် သွားပွတ်တံ ကို လဲသင့်လား။ သွားပွတ်တံမှာ ပိုးတွေ ကပ်နေပြီး ခုပြန်တိုက်ရင် ပိုးဝင်ပြန်ဝင်သွားနိုင်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win

အင်ဆူလင် နှင့် အလွဲများ

အင်ဆူလင် နှင့် အလွဲများ ............................ သင်ရော ဘာတွေ မှားသိထားသေးလဲ ဆန်းစစ်ကြည့်ရအောင်လား...........

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 10, 2021 . 2 mins read
Copper က ကျန်းမာရေးကို ဘယ်လို အားဖြည့်ပါသလဲ.........

Copper က ကျန်းမာရေးကို ဘယ်လို အားဖြည့်ပါသလဲ………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 8, 2021 . 2 mins read
ဂျူးဖူးလေး ကပေးတဲ့ ကျန်းမာရေး

ဂျူးဖူးလေး ကပေးတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 7, 2021 . 2 mins read
သွေးမပျစ်စေဖို့ ဘာတွေ စားရမလဲ.........

သွေးမပျစ်စေဖို့ ဘာတွေ စားရမလဲ………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 6, 2021 . 2 mins read