backup og meta

ဂလတ်တို့စ် ဓါတ် ကို မချေဖျက်နိုင်သော ရောဂါ

ဂလတ်တို့စ် ဓါတ် ကို မချေဖျက်နိုင်သော ရောဂါ

သင်သည်ကလေးယူဖို့ မစဉ်းစားခင် သင့်မိသားစုတွင် ဂလတ်တို့စ် ဓါတ် မချေဖျက်နိုင်သော မျိုးရိုးလိုက်သော ရောဂါရှိမရှိ အရင်စစ်ဆေးသင့်သည်။ အကယ်၍ ရှိလျှင် သင့်ကလေးတွင် ထိုရောဂါဖြစ်နိုင်ချေ အန္တရာယ်ရှိပါသည်။

ဂလတ်တို့စ် ဓါတ်ကို မချေဖျက်နိုင်သော ရောဂါဆိုသည်မှာ အဘယ်နည်း။

ဂလတ်တို့စ်ဓါတ် မချေဖျက်နိုင်သော ရောဂါဆိုသည်မှာ နို့ထွက်ကုန်များတွင် ပါသော သကြားဓါတ်တစ်မျိုး၊ ဂလတ်တို့စ် ဓါတ်ကို မချေဖျက်နိုင်သော ရောဂါဖြစ်သည်။ ထိုရောဂါရှိခြင်းသည် သွေးထဲတွင် အသုံးမပြုသော ဂလတ်တို့စ်သကြားဓါတ်များ အလွန်များပြားနေသည်ဟု ဆိုလိုသည်။

သင် နို့ထွက်ကုန်များ စားသုံးသောအခါ လတ်တို့စ် ဓါတ်သည် ဂလူးကို့စ် နှင့် ဂလတ်တို့စ် ဓါတ် အဖြစ်ပြိုကွဲသည်။ ဂလတ်တို့စ်ဓါတ်ကို မချေဖျက်နိုင်သော ရောဂါရှိသူများတွင် မည့်သည့်နို့ (မိခင်နို့ (သို့) တိရိစ္ဆာန်နို့) အမျိုးအစားကိုမှ မချေဖျက်နိုင်ပါ။ သူတို့သည် ဂလတ်တို့စ် ဓါတ်ပါသော အစားအသောက်တိုင်းကို သတိထားရမည်။ သွေးထဲတွင် ဂလတ်တို့စ်ဓါတ် အလွန်များပြားလာခြင်းသည် ကုသမှုမခံယူလျှင် ပြင်းထန်သော ပြဿနာများကို ဖြစ်စေနိုင်ပါသည်။

အကယ်၍ ဂလတ်တို့စ်ဓါတ်ကို မချေဖျက်နိုင်သော ရောဂါရှိသည့် တစ်နှစ်အောက်ကလေးကို နို့တိုက်လျှင် ကလေး၏ ခန္ဓါကိုယ်တွင် ဂလတ်တို့စ် ဓါတ် ပစ္စည်းများ စုပုံလာသည်။ ထိုဓါတ်ပစ္စည်းများသည် အသည်း၊ ဦးနှောက်၊ ကျောက်ကပ် နှင့် မျက်လုံးတို့ကို ထိခိုက်ပျက်စီးစေသည် အကယ်၍ ကုသမှုမခံယူလျှင် ထိုရောဂါရှိသော တစ်နှစ်အောက် ကလေး ၇၅ ရာခိုင်နှုန်းသည် အသက်မရှင်နိုင်ပါ။

ဂလတ်တို့စ်ဓါတ်ကို မချေဖျက်နိုင်သော ရောဂါ အမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • Classic and clinical variant galacotsemia (aka Type 1 galactosemia) ။ ။ ရှားပါးသော မျိုးရိုးဗီဇ ရောဂါ
  • Duarte variant galactosemia ။ ။ အပေါ်တွင် ဖော်ပြထားသော classic အမျိုးအစားထက် ပို အဖြစ်များသည်။
  • Galactokinase definiciency (aka Type 2 galactosemia)
  • Epimerase deficiency (aka Type 2 galactosemia)

ဂလတ်တို့စ်ဓါက်ကို မချေဖျက်နိုင်သော ရောဂါ ကို ဖြစ်သော အကြောင်းရင်းများ

ထိုရောဂါသည် မိဘဆီမှ မျိုးရိုးလိုက်သည်။ ဂလတ်တို့စ်ဓါတ်ကို မချေဖျက်နိုင်သော ရောဂါရှိသော ကလေးများတွင် မိဘများထံမှ မျိုးရိုးဗီဇ ပြောင်းလဲမှုကို လက်ခံရရှိထားသည်။ သို့သော် မိဘများတွင် ထိုရောဂါဖြစ်နေချင်မှ ဖြစ်လိမ့်မည်။ မိဘတစ်ဦးဆီတွင် ထိုရောဂါဖြစ်စေသော မျိုးရိုးဗီဇ တစ်ခုစီကိုပဲ ပိုင်ဆိုင်ထားလို့ဖြစ်နိုင်သည်။ ထိုအခြေအနေကို autosomal recessive pattern မြုံနေသော မျိုးဗီဇ ဟု ခေါ်ပါသည်။ မိခင်နှင့် ဖခင်ဆီမှ ထိုရောဂါဖြစ်စေသော မျိုးဗီဇ တစ်ခုစီကို လက်ခံရရှိသော ကလေးတွင် မျိုးဗီဇ တစ်စုံ ပိုင်ဆိုင်သွားသော အခါ၌ ရောဂါ လက္ခဏာ ပြပါတော့သည်။

ဘယ်သူတွေမှာ ဂလတ်တို့စ်ဓါတ်ကို မချေဖျက်နိုင်သော ရောဂါ ဖြစ်နိုင်ချေ အန္တရာယ်ရှိပါသလဲ။

ကလေးတွင် ထိုရောဂါဖြစ်မဖြစ်သည် မိဘမျိုးဗီဇ နှင့် သက်ဆိုင်သည်။ အကယ်၍ မိဘနှစ်ပါးစလုံးတွင် ထိုမျိုးဗီဇ ရှိနေလျှင် ကလေးသည် ထိုရောဂါဖြစ်နိုင်ချေ ၂၅ ရာခိုင်နှုန်းရှိပါသည်။ ကလေးသည် ရောဂါလက္ခဏာမပြသော်လည်း ရောဂါ မျိုးဗီဇ သယ်ဆောင်သူ ဖြစ်နိုင်ချေ ၅၀ ရာခိုင်နှုန်းရှိသည်။

ဂလတ်တို့စ်ဓါတ်ကို မချေဖျက်နိုင်သော ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ဂလတ်တို့စ်ဓါတ်ကို မချေဖျက်နိုင်သော ရောဂါသည် အများအားဖြင့် မွေးကာစတွင် လက္ခဏာမပြပါ။ ရက်အနည်းငယ်နောက်ပိုင်း (သို့) နို့သောက်ပြီးနောက်တွင် ကလေးတွင် အသားဝါခြင်း၊ ဝမ်းလျှောခြင်း ၊ အန်ခြင်း နှင့် ကိုယ်အလေးချိန်မတက်ခြင်းတို့ကို သတိထားမိလာမည်။ ပိုတိကျသော လက္ခဏာများမှာ

  • တက်ခြင်း
  • ဂဏှာမငြိမ်ဖြစ်ခြင်း
  • ပင်ပန်းနုံးချိခြင်း၊ ထိုင်းမှိုင်းခြင်း
  • နို့မသောက်ခြင်း။ ကလေးသည် နို့သောက်ရန် ငြင်းဆန်လိမ့်မည်။
  • ကိုယ်အလေးချိန်မတက်ခြင်း
  • အရေပြားနှင့် မျက်လုံးတို့ ဝါနေခြင်း (အသားဝါ)
  • အန်ခြင်း

ထိုရောဂါရှိသော ကလေးများသည် မွေးကာစတွင် သီးသန့်အစာကို ကျွေးရသည်။ သို့သော် ရေရှည်နောက်ဆက်တွဲဆိုးကျိုး အန္တရာယ်များရှိနေနိုင်သေးသည်။

  • အသည်းကြီးခြင်း
  • ကျောက်ကပ်အလုပ်မလုပ်ခြင်း
  • မျက်လုံးအတွင်းတိမ်စွဲခြင်း
  • ဦးနှောက် ထိခိုက်ပျက်စီးခြင်း
  • စကားပြောနှင့် ဘာသာရပ်ဆိုင်ရာ အခက်အခဲများ ရှိခြင်း
  • ကြွက်သား လှုပ်ရှားမှု စွမ်းရည် ဖွံ့ဖြိုးမှု နှေးကွေးခြင်း
  • သင်ကြားမှုဆိုင်ရာ အခက်အခဲများ
  • မိန်းကလေးများတွင် မမျိုးဥအိမ် အလုပ်မလုပ်ခြင်း

ဂလတ်တို့စ်ဓါတ် မချေဖျက်နိုင်သော ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေလဲ။

နောက်ဆက်တွဲဆိုးကျိုးများမှာ

  • အတွင်းတိမ်
  • အသည်းခြောက်ခြင်း
  • စကားပြော ဖွံ့ဖြိုးမှု နှေးခြင်း
  • ဓမ္မတာ မမှန်ခြင်း၊ မမျိုးဥအိမ် အလုပ်သိပ်မလုပ်ခြင်း ။ နောက်ဆုံးတွင် မမျိုးဥအိမ် အလုပ်လုံး၀ မလုပ်သော အခြေအနေထိ ဖြစ်နိုင်သည်။
  • စိတ်ပိုင်းဆိုင်ရာ မဖွံ့ဖြိုးခြင်း
  • ဆိုးရွားသော ဘက်တီးရီးယား ပိုးဝင်ခြင်း (Ecoli သွေးဆိပ်သင့်ခြင်း)
  • လက်တုန်ခြင်း နှင့် ကြွက်သားလှုပ်ရှားမှုကို မထိန်းနိုင်ခြင်း
  • သေဆုံးခြင်း (အကယ်၍ အစားအသောက်တွင် ဂလတ်တို့စ် ပါလာလျှင်)

ဂလတ်တို့စ်ဓါတ် မချေဖျက်နိုင်သော ရောဂါကို ဘယ်လိုရှာဖွေ အတည်ပြုသလဲ။

ရောဂါ အတည်ပြုဖို့ ကလေး ပထမ အပတ်အတွင်းတွင် သွေးစစ်ဆေးခြင်း ပြုလုပ်သည်။ ၎င်းကို မွေးကင်းစ ကလေး စံ စစ်ဆေးမှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ပြုလုပ်သည်။

စစ်ဆေးနည်းများမှာ

  • ဘက်တီးရီးယားပိုးမွေးခြင်း (Ecoli သွေးဆိပ်သင့်ခြင်း)
  • သွေးနီဥတွင်း အင်ဇိုင်းဓါတ်ကူပစ္စည်း စစ်ဆေးခြင်း
  • ဆီးတွင် ကီတုန်း (ketone) စစ်ဆေးခြင်း
  • မမွေးခင် စစ်ဆေးမှုများ ။ galactose-1-phosphate uridyl transferase အင်ဇိုင်းဓါတ်ကူပစ္စည်းကို တိုက်ရိုက်တိုင်းတာသည်။

စစ်ဆေးမှုရလဒ်များသည် အောက်ပါတို့ကို ညွှန်ပြနိုင်သည်။

  • ဆီး (သို့) သွေးတွင်းတွင် အမိုင်နိုအက်ဆစ်ရှိခြင်း
  • အသည်းကြီးခြင်း
  • ရေဖျဉ်းစွဲခြင်း
  • သွေးတွင်း သကြားဓါတ်နည်းခြင်း

ရောဂါအတည်ပြုစစ်ဆေးမှု ပြုလုပ်ပြီးနောက်တွင် အခြား မိသားစုဝင်များအတွက် မျိုးဗီဇဆိုင်ရာ အကြံပေးဆွေးနွေးခြင်း ပြုလုပ်ပါသည်။

ဂလတ်တို့စ် ဓါတ် မချေဖျက်နိုင်သော ရောဂါကို ဘယ်လိုကုသ မလဲ။

ယနေ့ထိတိုင် ကုသနိုင်သော ဆေးဝါးများ မရှိသေးပါ။ ကုသမှုမှာ လတ်တို့စ်၊ ဂလတ်တို့စ် ဓါတ်ပါသော အစားအသောက် ရှောင်ကြဉ်ခြင်းဖြစ်သည်။ ထိုရောဂါရှိသောသူသည် နို့အားလုံးကို ရှောင်ကြဉ်ရမည်။ နို့ပါဝင်သော ကုန်ပစ္စည်းများ၊ ဂလတ်တို့စ်ဓါတ်ပါသော စားသောက်ကုန်များ ကို ဘဝတစ်သက်တာ ရှောင်ကြဉ်ရမည်။ ထိုရောဂါရှိလျှင် ဂလတ်တို့စ်ပါသော အစားအသောက်များကို မစားမိစေရန် ကုန်ပစ္စည်းများ၏ ပါဝင်အညွှန်းကို သေချာ ဖတ်ရှုပါ။

ထိုရောဂါရှိသော ကလေး၏ မိဘမျာသည် ဂလတ်တို့စ် မပါသော ဖော်မြူလာ ကို အသုံးပြုရမည်။ ကလေးကို

  • ပဲနို့ ဖော်မြူလာ
  • လတ်တို့စ် မပါသော ဖော်မြူလာ အမှုန့်
  • အသားအခြေခံ ဖော်မြူလာ အမှုန့် (သို့) Nutramigen (ပရိုတင်း အခြေခံ ဖော်မြူလာ)အမှုန့်
  • ကယ်လ်စီယမ် ဖြည့်စွက်စာ များကို တိုက်ကျွေးရမည်။

ဂလတ်တို့စ်ဓါတ် ဖော်မြူလာ ကို ပြောင်းလိုက်ပြီးနောက်ပိုင်းတွင်တောင် အကယ်၍ ဂလတ်တို့စ် ပါသော အစားအသောက်တစ်ခုခု ကို စားလိုက်မိလျှင် သင့်ကလေးသည် သွေးဆိပ်သင့်နိုင်ပါသည်။ ပဋိဇီ၀ ပိုးသတ်ဆေးများသည် ကလေးသွေးဆိပ်မတက်အောင် ကာကွယ်ပေးနိုင်ပါသည်။ ထိုအခြေအနေရှိသော ကလေးများသည် ဂလတ်တို့စ်ဓါတ်ကို ဘယ်သောအခါမှ မချေဖျက်နိုင်ပါ။ သို့သော် ဆရာဝန်များနှင့် ဂရုတစိုက် ကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်လျှင် ရောဂါသည်ကလေးအများစုသည် ပုံမှန်ဘဝနှင့် အသက်ရှင်နေထိုင်နိုင်ပါသည်။

Hello health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Galactosemia. http://www.nlm.nih.gov/medlineplus/ency/article/000366.htm. Accessed September 19, 2016.

Galactosemia. http://ghr.nlm.nih.gov/condition/galactosemia. Accessed September 19, 2016.

Galactosemia. http://www.liverfoundation.org/abouttheliver/info/galactosemia/. Accessed September 19, 2016.

Galactosemia. http://gmch.gov.in/Genetic%20Centre/galt%202.pdf. Accessed September 19, 2016.

Understanding Galactosemia. http://www.galactosemia.org/understanding-galactosemia/. Accessed September 19, 2016.

ယခုပုံစံ

21/01/2022

Dr. Sandar Lin မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကော်ဖီသောက် ခြင်းသည် ကလေးအတွက် ဘာကြောင့် မကောင်းတာလဲ

သင့်ကလေးကို ဘာလို့ ငါးကြီးဆီတိုက်ကျွေးသင့်သလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Sandar Lin မှ ရေးသားသည်။ · 21/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement