အဓိပ္ပါယ်ဖွင့်ဆိုချက်
Bowel Incontinence (ဝမ်းမထိန်းနိုင်ခြင်းဆိုတာဘာလဲ) ကဘာလဲ။
ဝမ်းမထိန်းနိုင်ဘူးဆိုတာ အူရွေ့လျားမှုတွေမူမမှန်တော့တဲ့ အခြေအနေတစ်ရပ်ပါ။ ပုံမှန်လူတွေမှာဆို အူတွေက လှုပ်ရှားနေကျအတိုင်း လှုပ်ရှားနေပါတယ်။ ဒါပေမယ့် ဝမ်းမထိန်းနိုင်တဲ့လူတွေမှာတော့ ညဘက် မစင်ယိုစိမ့်ထွက်ခြင်း အဖြစ်များပါတယ်။
ကျွန်တော်တို့စားသောက်ပြီးနောက်မှာ မချေဖျက်ရသေးတဲ့အစာတွေ၊ ဘက်တီးရီးယားတွေ၊ အကျိအချွဲတွေနဲ့ ဆဲလ်သေတွေ ပေါင်းပြီး အစိုင်အခဲပုံစံကြီးတစ်ခုဖြစ်လာပါတယ်။ ယင်းအရာကိုတော့ မစင်လို့ခေါ်ပါတယ်။ ထို့နောက် အူတွေကို ဖြတ်သန်းပြီး စအိုကနေ ခန္ဓါကိုယ်အပြင်ဘက်သို့ စွန့်ထုတ်လိုက်ပါတယ်။ ယင်းဖြစ်စဉ်တစ်ခုလုံးကို အူရွေ့လျားခြင်းလို့ခေါ်ပါတယ်။ အူရဲ့လုပ်ငန်းဆောင်တာတွေ ပုံမှန်မဟုတ်တော့တဲ့အခါမှာ ဝမ်းမထိန်းနိုင်ခြင်း ဖြစ်လာပါတယ်။ ဘယ်အချိန်မှာ ဝမ်းသွားရမယ်၊ ဘယ်အချိန်မှာ ထိန်းထားရမယ်ဆိုတာ မသိတော့တာကြောင့် ကသိကအောက်ဖြစ်ရပါတယ်။ ကံကောင်းထောက်မစွာဖြင့် ဝမ်းမထိန်းနိုင်ခြင်းက ဆိုးဆိုးရွားရွားရောဂါတစ်ခုမဟုတ်ပဲ ကုသပျောက်ကင်းနိုင်ပါတယ်။
Bowel Incontinence (ဝမ်းမထိန်းနိုင်ခြင်းဆိုတာဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ
အသက်အရွယ်မရွေး တော်တော်လေးအဖြစ်များပါတယ်။ အန္တရယ်ရှိအချက်များကို လျော့ချခြင်းဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။