အဓိပ္ပါယ်ဖွင့်ဆိုချက်
Abdominal Pain (ဝမ်းဗိုက်နံရံ ချို့ယွင်းခြင်း) ကဘာလဲ။
ဝမ်းဗိုက်နံရံ ချို့ယွင်းခြင်းဆိုတာ မွေးရာပါချို့ယွင်းချက် ဖြစ်ပြီး အစာအိမ်၊ အူများနဲ့ တခြား ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဟာ ဝမ်းဗိုက်ရဲ့ ပုံမှန်မဟုတ်တဲ့ အပေါက်ကနေ အပြင်ဘက်ကို ထွက်နေခြင်း ဖြစ်ပါတယ်။
သန္ဓေသား ဖွံ့ဖြိုးကြီးထွားလာချိန်မှာ သားအိမ်ထဲမှာ မမျှော်လင့်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ အထူးသဖြင့် အစာအိမ်၊ အူများနဲ့ တခြား အင်္ဂါအစိတ်အပိုင်းတွေဟာ သန္ဓေသားရဲ့ ဝမ်းဗိုက်အပြင်ပိုင်းမှာ ဖွံ့ဖြိုးကြီးထွားလာပါတယ်။ တဖြည်းဖြည်းကြီးထွားလာတာနဲ့အမျှ ဝမ်းဗိုက်နံရံဟာ ဒီအစိတ်အပိုင်းတွေကို ဖုံးအုပ်ပြီး ပိတ်သွားပါတယ်။ တခါတရံ ချို့ယွင်းမှုဖြစ်ချိန်မှာ အင်္ဂါအစိတ်အပိုင်းတွေဟာ ဝမ်းဗိုက်ရဲ့ အပြင်ဘက်မှာ ကျန်ရစ်ခဲ့ခြင်းမျိုး ဖြစ်တတ်ပါတယ်။
ဝမ်းဗိုက်နံရံ ချို့ယွင်းခြင်းဟာ ဖွံ့ဖြိုးပြောင်းလဲမှုပေါ် မူတည်ပြီး ၂မျိုးဖြစ်တတ်ပါတယ်။ သူတို့ကို omphalocele နဲ့ Gastroschisis လို့ ခေါ်ပါတယ်။ Gastroschisis ပြသနာမှာ ဝမ်းဗိုက်နံရံဟာ မပိတ်တာကြောင့် အင်္ဂါအစိတ်အပိုင်းတွေဟာ ကလေးငယ်ရဲ့ ခန္ဓါကိုယ်ပြင်ပမှာ ကျန်နေခဲ့တာ ဖြစ်ပါတယ်။ Omphalocele မှာတော့ အင်္ဂါအစိတ်အပိုင်း အချို့ဟာ ချက်ကြိုးနေရာပတ်လည်မှာ အပြင်ကို ထိုးထွက်နေတာ ဖြစ်ပါတယ်။ omphalocele ဟာ အင်္ဂါအနည်းငယ်မျှသာ ထွက်နေတဲ့ သာမန်ဖြစ်ခြင်းနဲ့ အများစု ဒါမှမဟုတ် အားလုံးထွက်နေတဲ့ ဆိုးရွားတဲ့ ချို့ယွင်းခြင်းဆိုပြီး ရှိပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။