backup og meta

သီချင်းနားထောင်ခြင်းရဲ့ အကျိုးကျေးဇူး (၅) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သီချင်းနားထောင်ခြင်းရဲ့ အကျိုးကျေးဇူး (၅) ချက်

    သီချင်းနားထောင်ခြင်းက စိတ်ကို ချမ်းမြေ့စေတယ်၊ အာရုံစူးစိုက်မှု ပိုကောင်းစေတယ်ဆိုတာကိုတော့ အားလုံးသိပြီးသား ဖြစ်မှာပါ။ ဒီတစ်ခါမှာတော့ သီချင်းနားထောင်ခြင်းရဲ့ အကျိုးကျေးဇူးတွေ ဘယ်လို ရှိတယ်ဆိုတဲ့အကြောင်း သိပ္ပံနည်းကျ စမ်းသပ်ထားတဲ့ အချက်တွေကို အတူတူ လေ့လာကြည့်ကြရအောင်။

    ၁။ မှတ်ဉာဏ် ပိုပြီး ထက်မြက်လာစေပါတယ်။

    သီချင်းနားထောင်ခြင်းက ဦးနှောက်ကို ပိုပြီး လှုံ့ဆော်ပေးနိုင်ပါတယ်။ MRI scan ဖတ်လိုက်ရင် သီချင်းနားထောင်နေချိန်မှာ ဦးနှောက်ရဲ့ အသက်ဝင်လှုပ်ရှားနေတဲ့ ဧရိယာတွေ ပိုများလာတာကို တွေ့ရမှာပါ။ ဒီကနေပြီး ကောက်ချက်ချလို့ရတာက သီချင်းနားထောင်ခြင်းဟာ လူတွေရဲ့ မှတ်ဉာဏ်ပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေတယ်ဆိုတာပါပဲ။

    ဂီတသံစဉ်တွေနဲ့ ကာရံတွေက မှတ်ဉာဏ်တိုးတက်စေတဲ့ လှုပ်ရှားမှုစနစ်တွေကို တိုးတက်စေပါတယ်။ သီချင်းနားထောင်ခြင်းဟာ လေဖြတ်နေတဲ့ လူနာတွေအတွက်တောင် စကားပြော မှတ်ဉာဏ်တွေကို ပိုတိုးတက်လာစေပြီး တွေဝေနေတာ၊ ဝေဝါးနေတာမျိုးတွေ လျော့နည်းစေတဲ့အပြင် အာရုံစူးစိုက်မှုကိုပါ ပိုကောင်းလာစေပါသတဲ့။

    ၂။ နာကျင်မှုတွေကို သက်သာစေပါတယ်။

    သီချင်းနားထောင်ခြင်းက နာကျင်မှုတွေကို သက်သာစေပါတယ်တဲ့။ ဒါကို ဘယ်မှာ ပိုပြီး သေချာသိရသလဲဆိုတော့ ခွဲစိတ်ကုသမှု လုပ်ထားတဲ့ လူနာတွေကို လေ့လာမှုတွေ လုပ်တဲ့အခါမှာ ခွဲစိတ်မှု မလုပ်ခင်၊ လုပ်နေစဉ် နဲ့ ခွဲစိတ်ပြီးချိန်တွေမှာ သီချင်းနားထောင်တဲ့သူတွေက ပုံမှန် သီချင်းနားမထောင်တဲ့ လူတွေထက် နာကျင်မှု လျော့နည်းပြီး ခွဲစိတ်မှု ရလဒ် ပိုကောင်းတတ်တယ်လို့ ဖော်ပြထားပါတယ်။

    ဂီတက နာကျင်မှုကို ဘာကြောင့် လျော့နည်းစေတာလဲဆိုတဲ့ အကြောင်းအရင်း အတိအကျကို ဖော်ထုတ်လို့ မရသေးပေမဲ့ သီချင်းနားထောင်တဲ့အခါ ခန္ဓာကိုယ်ရဲ့ သဘာဝ ကိုက်ခဲနာကျင်မှုပျောက်စေတဲ့ ဆေးဖြစ်တဲ့ opioids တွေကို ဦးနှောက်က ထုတ်လွှတ်ပေးဖို့ ဂီတက လှုံ့ဆော်ပေးနိုင်တယ်လို့ သုတေသီ အများစုက ဆိုကြပါတယ်။

    ၃။ နှလုံးကို ကျန်းမာစေပါတယ်။

    ဂီတကို နားထောင်နေစဉ်မှာ သွေးလည်ပတ်မှုက ပိုပြီး လွယ်ကူနေတာကို တွေ့ရတယ်လို့ သုတေသနတွေက ဆိုပါတယ်။ ဒါက နှလုံးခုန်နှုန်းကို လျှော့ချပေးပြီး သွေးဖိအားကိုလည်း လျော့ကျစေတဲ့အပြင် ကော်တီဇောလို့ခေါ်တဲ့ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းထုတ်လွှတ်မှုကိုပါ လျော့နည်းစေပါတယ်။

    နောက်ပြီး နေလို့ကောင်းတယ်ဆိုတဲ့ ခံစားမှုကို ဖြစ်စေတဲ့ Endorphins တွေနဲ့ ဆယ်ရိုတိုနင်တွေကို သွေးကြောထဲ ထုတ်လွှတ်ပေးတာကြောင့် လူကို အတော်လေး သက်တောင့်သက်သာဖြစ်စေပြီး စိတ်ဖိစီးမှုတွေ ကင်းဝေးစေပါတယ်။

    ၅။ လေ့ကျင့်ခန်း လုပ်နေချိန်မှာ ခံနိုင်ရည်အား ပိုများစေပါတယ်။

    လေ့ကျင့်ခန်းလုပ်နေချိန်အတွင်း သီချင်းနားထောင်တဲ့အခါ (အထူးသဖြင့် Workout အတွက် သင့်လျော်တဲ့ သံစဉ်တွေပေါ့) ဒီသံစဉ်တွေက ကိုယ်ကာယ လှုပ်ရှားမှုကို ပိုမိုအားကောင်းစေပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကိုပါ ခံနိုင်ရည်ရှိစေပါသတဲ့။

    ဒါကြောင့် အားကစားသမားတွေအတွက် ဂီတဟာ တရားဝင် စိတ်ကြွဆေးပဲလို့ အားကစားလောကထဲက နည်းပြတွေက နောက်ပြောင်ကြတာပါ။

    ဂီတ၊ သီချင်း၊ သံစဉ်။ ဒါတွေဟာ လူတွေရဲ့ စိတ်နဲ့ ဦးနှောက်ကို အေးချမ်းထက်မြက်စေတဲ့ အရာတွေပါ။ ပျော်ရွှင်ကြည်လင်ပြီး အေးချမ်းသာယာတဲ့ ဘဝလေးတွေကို သီချင်းတွေနဲ့အတူ ပိုင်ဆိုင်နိုင်ကြပါစေ။

    ရေးသားသူ – Wathun Myet Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement