backup og meta

ကာလကြာရှည် နာကျင်မှုတွေနဲ့ အိပ်စက်နေရခြင်းအတွက် လူသိနည်းသေးတဲ့ အချက် (၅)ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကာလကြာရှည် နာကျင်မှုတွေနဲ့ အိပ်စက်နေရခြင်းအတွက် လူသိနည်းသေးတဲ့ အချက် (၅)ချက်

    Chronic pain လို့ခေါ်တဲ့ နာကျင်မှုတွေနဲ့ နေရောင်တွေကွယ်ပျောက်လို့ ညရောက်တဲ့ချိန်ထိတောင် မပျောက်သွားတဲ့ ဒီနာကျင်မှုတွေကို သင်ခံစားဖူးပါသလား။ ဒီနာကျင်မှုတွေဟာ သင့်ရဲ့ အိပ်စက်ခြင်းကိုပါ ထိခိုက်စေပါတယ်။ ဒီလိုဆိုရင်တော့ ဒါဟာ ကိစ္စသေးသေးလေးမဟုတ်တော့ပါဘူး။

    မအိပ်စက်နိုင်ဘူးဆိုတာက သင့်ရဲ့ နာကျင်မှုတွေက ပိုဆိုးလာတယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီမှာတော့ သင်ခံစားနေရတဲ့ နာကျင်မှုတွေနဲ့အတူ အိပ်စက်နိုင်ဖို့ နည်းလမ်း (၅)ခု ကို ဖော်ပြပေးထားပါတယ်။

    အိပ်ချင်နေတဲ့အချိန်မှာ အိပ်ရာဝင်ငပါ။

    သင်ပင်ပန်းပြီး အိပ်ချင်နေတဲ့အချိန်မျိုးမှာမှ အိပ်ရာဝင်ပါ။ အိပ်ချင်စိတ်နည်းနည်းလေးမှ မရှိသေးဘူးဆိုရင် အိပ်ဖို့ မကြိုးစားပါနဲ့။ အိပ်စက်ဖို့ အာရုံစိုက်နေခြင်းက ဖိအားတွေနဲ့ အကြောက်တရားတွေကို ပိုမိုခံစားရစေပါတယ်။

    သင့်ကို သက်တောင့်သက်သာအနားယူစေနိုင်ပြီး အိပ်ချင်လာစေနိုင်တဲ့ အရာအချို့ကို ပြုလုပ်နိုင်ပါတယ်။ ဥပမာ စာအုပ်ဖတ်တာမျိုး၊ သီချင်းနားထောင်တာမျိုးပေါ့။ အပျော့စား လေ့ကျင့်ခန်းတွေကလည်း ကူညီပေးနိုင်ပါတယ်။

    ဒါပေမဲ့ လှဲနေပြီး နာရီဝက်ကြာပြိးတဲ့ထိ အိပ်မပျော်နိုင်သေးဘူးဆိုရင် အိပ်ရာပေါ်ကထပြီး တကယ့် အိပ်ချင်စိတ်ကို စောင့်ဆိုင်းပါ။ နောက်တစ်ရက်မှာတော့ ဆရာဝန်ကို အကူအညီတောင်းနိုင်ပါတယ်။

    အခန်းကို အေးမြနေပါစေ။

    သင်က အေးစိမ့်နေတဲ့အခန်းထဲမှာမှ အိပ်ပျော်နိုင်တယ်ဆိုတာကို သင်မသိတာလည်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ အိပ်စက်ခြင်းအတွက် အကောင်းဆုံး အပူချိန်ဆိုပြီး သတ်မှတ်ထားတာမျိုး မရှိသလို လူတစ်ဦးတစ်ယောက်ချင်းစိပေါ် မူတည်ပါတယ်။ သင့်အတွက် သင့်လျော်မယ့် အပူချိန် အတိအကျကို သိနိုင်စေဖို့ အိပ်စက်တိုင်းမှာ အခန်းအပူချိန်ကို ချိန်ညှိနိုင်ပါတယ်။

    လေ့ကျင့်ခန်းလုပ်ပါ။

    လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကို သက်တောင့်သက်သာဖြစ်စေသလို သင့်ရဲ့ စိတ်ပိုင်းဆိုင်ရခံစားချက်တွေကိုရော၊ ရုပ်ပိုင်းဆိုင်ရာကိုပါ တိုးတက်စေပါတယ်။ ဒါတွေက သင့်ရဲ့ နာကျင်မှုတွေကိုလည်း သက်သာစေပါတယ်။ အကြောလျှော့ခြင်း ဒါမှမဟုတ် အပျော့စားလေ့ကျင့်ခန်းတွေက သဘာဝအတိုင်း သက်သာပျောက်ကင်းစေနိုင်တဲ့ လုပ်ငန်းစဉ်တွေထဲမှာ အရေးကြီးတဲ့ ကဏ္ဍတစ်ခုကနေ ပါဝင်နေပါတယ်။ အိပ်ရာမဝင်ခင်မှာ လေ့ကျင့်ခန်းလုပ်ပေးတာက မကြာခင်မှာ သင့်ကို အိပ်ချင်စေလာပါလိမ့်မယ်။

    သင့်ရဲ့ ပူပန်မှုတွေကို ချရေးထားပါ။

    အိပ်တော့မယ်လို့ လှဲလိုက်တဲ့အချိန်မှာ သင်စိုးရိမ်နေတဲ့အရာတွေ၊ စိတ်ပူနေတဲ့အရာတွေက သင့်အတွေးတွေထဲ မဖိတ်ခေါ်ဘဲ ဝင်ရောက်လာပါလိမ့်မယ်။ ဒါတွေက သင့်အတွက် စိတ်ဖိစီးမှုတွေ ဖြစ်စေတဲ့အပြင် အိပ်ချင်စိတ်ဖြစ်ပေါ်လာဖို့လည်း ခဲယဉ်းစေပါလိမ့်မယ်။ သင့်ရဲ့ပူပန်မှုတွေကိုတော့ အဲ့ဒါတွေကို ရေးချထားလိုက်ခြင်းအားဖြင့် ထိန်းချုပ်နိုင်ပါတယ်။

    အိပ်ရာမဝင်ခင်မှာ သင်ဘာတွေစိတ်ပူနေတယ်ဆိုတာ ချရေးထားပါ။ (အထူးသဖြင့် သင့်ရဲ့ နာကျင်မှုတွေ အကြောင်းပေါ့။)

    ပြီးရင် လွှင့်ပစ်လိုက်ပါ။ ဒါတွေအားလုံးနဲ့ ငါနဲ့ မဆိုင်တော့ဆိုတာမျိုး ကိုယ့်ကိုကိုယ်ပြောပါ။ ဒိအချိန်ဟာ အိပ်ရမယ့်အချိန်ပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီးကာမှ သင့်ပြဿနာတွေကို ဖြေရှင်းလို့ ရပါသေးတယ်။

    အိပ်စက်ခြင်းအတွက် အထောက်အကူဖြစ်စေဖို့ ခေါင်းအုံးကို အသုံးပြုပါ။

    သင့်မှာ chronic pain ရှိနေခဲ့ရင် ဒါတွေကိုတော့ ခေါင်းအုံးတစ်လုံးက ကူညီပေးနိုင်ပါလိမ့်မယ်။

    – ပက်လက်လန်လှဲလိုက်တဲ့အချိန်မှာ ခေါင်းအုံးတစ်လုံးကို ဇက်အောက်မှာထားပါ။ တစ်ခါတလေ ကျောအောက်ပေါ့။ ခေါင်းအုံးတွေက သင်မတ်တပ်ရပ်နေသလို ဖြစ်နေစေဖို့အတွက် သင့်ရဲ့လဲလျောင်းနေတဲ့ ခန္ဓါကိုယ်ကြီးကို ထောက်ပံ့ပေးပါလိမ့်မယ်။

    – ဘေးစောင်းအိပ်တတ်ရင်တော့ မတ်တပ်ရပ်နေသလိုဖြစ်စေဖို့အတွက် ပိုထူတဲ့ခေါင်းအုံးကို အသုံးပြုပါ။ ခေါင်းနဲ့ လည်ပင်းက ခေါင်းအုံးရဲ့ အလယ်မှာ ရှိနေရပါမယ်။

    – သင့်ရဲ့အိပ်စက်နိုင်စွမ်းတွေနဲ့ သင့်ရဲ့ နာကျင်မှုတွေကို မသက်သာစေတဲ့အဆုံးတော့ မှောက်ရက်အိပ်တာက သင့်အတွက် ကောင်းမွန်မှာလည်း မဟုတ်ပါဘူး။

    သင့်မှာ chronic pain တစ်ခါဖြစ်လိုက်ပြီဆိုရင်တော့ ဒါက တစ်သက်လုံးစာပါပဲ။ ဒိနာကျင်မှုဟာ သင့်ရဲ့ နေ့စဉ်ဘဝကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အိပ်စက်တဲ့နေရာမှာပေါ့။ အိပ်ရေးမဝခြင်းဟာ အခြားသော ပြင်းထန်တဲ့ ပြဿနာတွေကိုပါ ဦးတည်သွားစေပါတယ်။

    ဒါပေမဲ့ သင်က သင့်ရဲ့ အိပ်စက်ခြင်းအလေ့အထတွေကို ထိန်းညှိနိုင်တယ်။ သင့်ရဲ့ ခွန်အားတွေကို ပြန်ဖြည့်ပေးနိုင်တယ်။ ပြိးတော့ သင့်ရဲ့ နာကျင်မှုတွေကို ရင်ဆိုင်နေနိုင်ပါသေးတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Wathun Myat Chal မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement