အစာအိမ်ရောင်ခြင်း

အစာအိမ်ရောင်ခြင်း ကိုဖြစ်စေတဲ့ အကြောင်းအရင်း၊ ရောဂါလက္ခဏာ၊ စားသောက်နေထိုင်မှု ပုံစံ ပြောင်းလဲမှုနည်းလမ်းနဲ့ ကုသနည်းတို့ကို သိရှိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်ရောင်ခြင်း

ကော်ဖီကြောင့် အစာအိမ်အောင့်နိုင်သလား

ကော်ဖီဟာ ကမ္ဘာပေါ်မှာ လူကြိုက်များတဲ့ စားသောက်ကုန် တမျိုးဖြစ်ပါတယ်။ ကော်ဖီက လူကို တက်ကြွလန်းဆန်းစေရုံမက တခြားအကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်စေခြင်း၊ လေ့ကျင့်ခန်းလုပ်ဆောင်နိုင်စွမ်း တိုးတက်စေခြင်း၊ နှလုံးရောဂါနဲ့ အယ်လ်ဇိုင်းမား ဖြစ်ပွားနိုင်ခြေ လျော့နည်းစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ လူတချို့မှာတော့ ကော်ဖီဟာ အစာအိမ်အူလမ်းကြောင်းအပေါ် သက်ရောက်မှု ရှိတယ်လို့ သိရပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ ကော်ဖီဟာ အစာအိမ်အပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲ ကော်ဖီကြောင့် အစာအိမ်အောင့်နိုင်သလား ဆိုတာပါပဲ။ ကော်ဖီကြောင့် အစာအိမ်အောင့်နိုင်သလား ကော်ဖီကြောင့် အစာအိမ်အောင့်နိုင်သလား ဆိုတော့ ကော်ဖီမှာ အစာအိမ်ထိခိုက်စေတဲ့ ပစ္စည်းမျိုးစုံပါဝင်နေပါတယ်။ ကဖိန်း ကဖိန်းဟာ အာရုံကြောကို လှုံ့ဆော်ပေးနိုင်တာကြောင့် တက်ကြွလန်းဆန်းစေပါတယ်။ ကော်ဖီ ၂၄၀ မီလီလီတာမှာဆိုရင် ကဖိန်းဓာတ် ၉၅ မီလီဂရမ် ပါဝင်ပါတယ်။ ကဖိန်းဟာ စိတ်ပိုင်းဆိုင်ရာကို နိုးကြားတက်ကြွစေတယ်ဆိုပေမယ့် အူလမ်းကြောင်း […]

အစာအိမ်ရောင်ခြင်း ကို ရှာဖွေမည်။

အစာအိမ်ရောင်ခြင်း

အစာအိမ်နာထနေတဲ့အချိန် စားသင့်တဲ့အစားအသောက် ၅ မျိုး ။ ။

အစာအိမ်အောင့်တာ၊ အစာအိမ် အနာ ဖြစ်တာ၊ အစာမကြေတာ စတဲ့ အစာခြေလမ်းကြောင်းနဲ့ ဆိုင်တဲ့ ပြဿနာတွေ အများကြီး ရှိသလို အဲဒီ ဝေဒနာ ခံစားနေရတဲ့ သူတွေလည်း တစ်ပုံကြီးပါ။  အစာအိမ်ရောင် နေတယ်၊ အနာ ဖြစ်နေတယ် ဆိုရင် အစာအိမ်ကို အနားပေးဖို့ အရေးကြီးတယ်လေ။ ပြဿနာက နေ့တိုင်း အစား မစားဘဲ နေလို့ မရဘူးလေ။ ဒီတော့ အစာအိမ်ကို အနားပေးလို့ မရ၊ စားတာတွေကလည်း အစာအိမ်နဲ့ မတည့်ဖြစ်နေရင် ပိုဆိုးပြီပေါ့။ ဒီတစ်ခေါက်တော့ အစာအိမ်နာ ထနေတဲ့အချိန် စားသင့်တဲ့ အစားအသောက် ၅ မျိုး အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အစာလည်း ဆေး၊ ဆေးလည်း အစာဆိုတာ ကြားဖူးတယ် မလား။ ခုလို အစာအိမ်အနာ၊ အစာအိမ် […]


အစာအိမ်ရောင်ခြင်း

အိပ်ချိန်ကြီးမှာ အစာအိမ်ထထအောင့်နေလို့ စိတ်ညစ်နေပြီလား။

အိပ်ချိန်ကြီးမှာ အစာအိမ်ထထအောင့်နေလို့ စိတ်ညစ်နေပြီလား။ ပြောမယ့်သာ ပြောရတာ အရမ်းကြီးပြင်းထန်တဲ့ ရောဂါတစ်ခု မဟုတ်ပေမယ့် ပျော့ပျော့လေးနဲ့ ကာလရှည်ကြာ လူတွေကို ဒုက္ခပေးတဲ့ ပြဿနာတွေထဲမှာ အစာအိမ် ပြဿနာက ထိပ်ဆုံးကပါ။ အစာအိမ်ရောင်တာ၊ အစာအိမ်အောင့်တာနဲ့ အစာအိမ်အနာဖြစ်တာ စတာတွေပေါ့။ ဒါ့ထက်ပိုဆိုးတာက အစာအိမ်ပြဿနာတွေက အချိန်ကောင်းတွေဖြစ်တဲ့ အိပ်ခါနီး အချိန်မှာ ထအောင့်တာနဲ့၊ မနက်အိပ်ရာနိုးတဲ့အချိန် ဗိုက်အောင့်လို့ မထချင်ပေမယ့် အစားတွေထစားလိုက်ရတဲ့အချိန်တွေက တကယ်ကို ကသိကအောက် ဖြစ်ချင်စရာပါပဲ။ ဗိုက်လေးများတစ်ခါလောက် အဆာမခံလိုက်နဲ့။ အစာအိမ်ြဿနာပြန်ကိုဖြစ်တော့တာပါပဲ။ ဒီတော့ ညဘက်ကြီးကိုယ်က အိပ်ချင်နေပြီ အစာအိမ်ကအောင့်နေလို့၊ ဗိုက်ကဆာဆာ နာနာကြီးဖြစ်နေလို့ စိတ်ညစ်နေသူအားလုံး ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ် ။ အိပ်ချိန်ကြီးမှာ အစာအိမ်ထထအောင့်နေလို့ စိတ်ညစ်နေပြီလား။ အိပ်ချိန်ကြီးမှာ အစာအိမ်ထထအောင့်နေလို့ စိတ်ညစ်နေပြီလား။ ညညအစာအိမ်အောင့်ပြီးအိပ်လို့မရဖြစ်နေရင် ဒါလေးတွေ တစ်ချက်သတိထားစေချင်ပါတယ် ။ အစာအိမ်အောင့်တဲ့ပြဿနာကို အဓိကဖြစ်စေတာ ကိုယ့်စားလိုက်တဲ့အစားအစာတွေပါ။ နောက်ပြီး စားတဲ့အချိန်ကလည်း […]


အစာအိမ်ရောင်ခြင်း

Gastric Antrum Inflammation (အစာအိမ်နှင့် အူသိမ် ဆက်ကြောင်းဝရောင်ခြင်း)

Gastric antrum inflammation (အစာအိမ်နှင့် အူသိမ် ဆက်ကြောင်းဝရောင်ခြင်း)ဆိုတာဘာလဲ။ Gastric antrum inflammation သို့ antral gastritis အစာအိမ်နှင့် အူသိမ် ဆက်ကြောင်းဝရောင်ခြင်း ဟာ ခံစားရသူကို အတော်မသက်မသာဖြစ်စေတဲ့ autoimmune ပြဿနာတစ်မျိုး ဖြစ်ပါတယ်။ တခါတလေမှာ ဒီရောဂါရှိသူတွေဟာ သူနဲ့တွဲနေတဲ့ လက္ခဏာတွေကို သတိမထားမိတတ်ပါဘူး။ ဖြစ်စေတဲ့အကြောင်းရင်းကို ဖြေရှင်းဖို့ အက်ဆစ်ကို ကျစေတဲ့ ဆေးတွေနဲ့ အခြားဆေးတွေကို သောက်ခြင်းဖြင့် သက်သာစေနိုင်တဲ့ အစာအိမ်ရောင်ခြင်း အမျိုးမျိုးရှိပါတယ်။ အစာအိမ်ရောင်ခြင်း အမျိုးအစား အတော်များများကတော့ gastric mucosa တစ်ခုလုံးကို ရောင်စေပေမယ့် antral gastritis ကတော့ အစာအိမ်ရဲ့ အစိတ်အပိုင်းတစ်ခုကို သာ ရောင်စေတာဖြစ်ပါတယ်။ သင့်ရောဂါကို မကုသရင် အခြားနေရာတွေကို ပြန့်သွားပြီး နာတာရှည်ရောဂါဖြစ်သွားနိုင်ကာ ကုသဖို့ ပိုမိုခက်ခဲနိုင်ပါတယ်။ ပျော့တဲ့ […]


အစာအိမ်ရောင်ခြင်း

မည်သည့် စတီးရွိုက်မပါသောအကိုက်အခဲပျောက်ဆေးက အစာအိမ်ကို ထိခိုက်မှုနည်းသလဲ

NSAID လို့ ခေါ်ကြတဲ့ စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေဟာ အထူးသဖြင့် အဆစ်ရောင် လူနာတွေမှာ အသုံးပြုတဲ့ နာကျင်မှုနဲ့ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ ဆေးအုပ်စု ဖြစ်ပါတယ်။ အဆစ်ရောင်လူနာတိုင်း နီးပါးဟာ သူတို့ရဲ့ ရောဂါလက္ခဏာတွေကို သက်သာဖို့ NSAID ကို အသုံးပြုကြပါတယ်။ ဒီဆေးအများစုဟာ ဆေးဆိုင်မှာတင် အလွယ်တကူ ဝယ်ယူနိုင်ပေမယ့် ဆေးအချို့ကတော့ ဆရာဝန်ညွှန်ကြားချက်လိုအပ်ပါတယ်။ ဆေးဆိုင်က အလွယ်တကူ ဝယ်လို့ရတဲ့ ဆေးတွေကတော့ Aspirin၊ Ibuprofen (Advil, Motrin) နဲ့ naproxen (Aleve, Naprosyn) တို့ပဲ ဖြစ်ပါတယ်။   NSAID တွေရဲ့ အသုံးဝင်ပုံနဲ့ ဆိုးကျိုးများ NSAID တွေကို အဆစ်ရောင်လူနာတွေ၊ နာတာရှည် အဆစ်ရောဂါ လူနာတွေနဲ့ နာကျင်မှု ခံစားနေရသူတွေ (ခါးနာ၊ ခေါင်းကိုက်၊ သွားနာ) မှာ […]


အစာအိမ်ရောင်ခြင်း

အစာအိမ်ရောင်ခြင်း (Gastritis)

Gastritis (အစာအိမ်ရောင်ခြင်း) ဆိုတာ ဘာလဲ။ အစာအိမ်ရောင်ခြင်း ဆိုသည်မှာ အစာအိမ်အမြှေးပါးရောင်ရမ်းသော အခြေအနေတစ်ခု ဖြစ်ပါသည်။ အစာအိမ်ရောင်ခြင်းသည် ရုတ်တရက် သို့မဟုတ် နာတာရှည် ဖြစ်ပွားနိုင်ပါသည်။ ရောဂါကို သေချာကုသလျှင် လျင်မြန်စွာ ကောင်းမွန်လာနိုင်ပါသည်။ သို့သော်လည်း အချို့ကိစ္စများတွင် အစာအိမ်ရောင်ခြင်းကြောင့်  အစာအိမ်အနာ ဖြစ်လာနိုင်ပြီး အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေပါသည်။ အစာအိမ်ရောင်ခြင်းက ဘယ်လောက်အဖြစ်များသလဲ အစာအိမ်ရောင်ခြင်းသည် အလွန်အဖြစ်များပါသည်။ များသောအားဖြင့် အကိုက်အခဲပျောက်ဆေး အလွန်အကျွံသောက်သူများ၊ အရက်အလွန်အကျွံ သောက်သူများတွင် ပို၍ အဖြစ်များပါသည်။ အစာအိမ်ရောင်ခြင်း ရဲ့ လက္ခဏာတွေက ဘာတွေလဲ အစာအိမ်ရောင်ရောဂါရှိသူများသည် ရံဖန်ရံခါမှသာ လက္ခဏာပြတတ်သည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ အစာစားချင်စိတ် မရှိခြင်း ပျို့ခြင်း၊ အန်ခြင်း ဝမ်းဗိုက်အပေါ်ပိုင်းနာခြင်း အစာစားပြီးနောက် ပြည့်တင်းခြင်း   အစာအိမ်အမြှေးပါးတွင် သွေးထွက်ပါက အောက်ပါရောဂါလက္ခဏာများကိုပါ တွေ့ရပါမည်။ ဝမ်းမည်းသွားခြင်း သွေးအန်ခြင်း၊ ကော်ဖီရောင် အရည်များအန်ခြင်း အစာအိမ်ရောင်ခြင်းကို […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း