အစာမကြေမဖြစ်ချင်ရင် ရှောင်သင့်တဲ့အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 1 min read
Share now

ဟိုဟာစားလည်း အစာမကြေ၊ ဒီဟာစားလည်းအစာမကြေဖြစ်နေတယ်ဆို စိတ်ညစ်စရာပေါ့နော်။ အစားတလိုင်းလေးတွေဆို ပိုခံစားရတာပေါ့။ အစာစားလိုက်၊ မအီမသာဖြစ်လိုက်၊ လေထိုးလေအောင့်ဖြစ်လိုက်နဲ့ ပတ်ချာလည်ကိုရိုက်နေရော။

အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ဝေဒနာသက်သာတဲ့အထိ ရှောင်သင့်တာရှောင်နိုင်ဖို့ပဲ။ ဘယ်အစားအစာတွေက အစာမကြေဖြစ်စေနိုင်သလဲ၊ ဘယ်အပြုအမူ၊ ဘယ်အခြေအနေတွေက အစာမကြေခြင်းကိုပိုဆိုးစေနိုင်သလဲဆိုတာ သိထားဖို့တော့လိုမယ်နော်။ အလွယ်ဆုံးနည်းကတော့ စားကြည့်လို့ ဒီတခါဖြစ်ရင် နောက်တခါမစားနဲ့ပေါ့။ နောက်တာပါ။ တကယ်တော့ အစားအစာတစ်ခုကို ကိုယ်စားလိုက်လို့ အစာမကြေဖြစ်ထားဖူးတယ်ဆို မှတ်သာထားလိုက်ပါ။ နောက် ချင့်ချိန်လို့ရတာပေါ့။

ကဲ အစာမကြေဖြစ်တတ်သူတွေ ရှောင်ရမှာတွေပြောပြမယ် –

တစ်ခါတည်း တနင့်တပိုးမစားနဲ့။

အလှူမှာကြိတ်တာ၊ အဝစားဘူဖေးမှာ အချိန်မပြည့်မချင်းနင်းကန်စားတာတွေနော်၊ သတိထားပါ။ အစာအိမ်ကို ဝန်မပိစေဖို့ ပမာဏနည်းနည်းချင်း အကြိမ်ရေခွဲစားတာကောင်းပါတယ်။

အမြန်မစားနဲ့။

သိပ်မဝါးဘဲ ကျားလိုက်သလို မျိုချတာက အစာမကြေဖြစ်စေတဲ့အပြင် ဗိုက်ဝမှန်းမသိ၊ မဝမှန်းမသိ တရစပ်စားမိတတ်တာကြောင့် ဝိတ်တောင်ပိုတက်စေလိမ့်မယ် နော်။

အက်စစ်ဓာတ်များတာတွေမစားနဲ့။

အရည်ရွှမ်းတဲ့ အချဉ်သီးတွေ၊ ခရမ်းချဉ်သီးတွေလို အက်စစ်ဓာတ်ပါဝင်မှုများတာတွေ သိပ်မစားနဲ့။ (လုံးဝရှောင်ခိုင်းတာမဟုတ်)

ကဖင်းလျှော့ပါ။

ကော်ဖီ၊ လက်ဖက်ရည် အပြင် ကိုကာကိုလာ၊ အားဖြည့်အချိုရည်၊ ချောကလက် တို့လို ကဖင်းပါတဲ့ စားစရာ၊သောက်စရာတွေ လျှော့ပါ။

စိတ်ဖိစီးမှုကို လက်ခံမထားပါနဲ့။

ဘယ်လိုနည်းနဲ့ လျော့အောင်လုပ်မလဲ ကိုယ်နဲ့ကိုက်ညီမယ့် နည်းလမ်းရှာပါ။ ဒီတိုင်းတော့ စိတ်ဓာတ်ကျမခံပါနဲ့။ တစ်နည်းနည်းနဲ့ ဖြေလျှော့ဖို့ကြိုးစားပါ။

ဆေးလိပ်မသောက်ပါနဲ့။

မဖြတ်နိုင်ရင် လျှော့ပါ။ အစာမစားခင်နဲ့ စားပြီးချိန်မှာ သောက်ရင် အစာခြေဖျက်ခြင်းကို အနှောင့်အယှက်ပေးပါတယ်။

အယ်လ်ကိုဟော ရှောင်ပါ။

အရက်၊ ဘီယာ၊ ဝိုင် သိပ်မသောက်ပါနဲ့။ ကိုယ်ကအစာမကြေဖြစ်တတ်တယ်ဆို မသောက်တာကောင်းပါတယ်။ နည်းနည်းလေးပါဆိုလည်း ဖြစ်လာတဲ့အကျိုးဆက်ကို အဲပမာဏအလျောက်တော့ ခံစားရပါလိမ့်မယ်။

သိပ်ပြီး ကျပ်စည်းတဲ့အဝတ်အစားတွေမဝတ်ပါနဲ့။

လှချင်ဇောနဲ့ ပဲများခြင်းက အစာအိမ်ကို ဖိအားဖြစ်စေပြီး စားထားတဲ့အစာတွေ အစာရေမျိုကို ပြန်ဆန်တက်လာစေနိုင်ပါတယ်။ ဥပမာ ဗိုက်ချပ်ဘာညာ ဝတ်ထားရင် ပြန်အန်တတ်ပါတယ်။

အစာစားပြီးပြီးချင်း လှဲမအိပ်ပါနဲ့။

အိပ်ခါနီးညစာမစားနဲ့၊ ညစာစားပြီးပြီးချင်း မအိပ်နဲ့။ အိပ်ရာဝင်ချိန်နဲ့ ညစာစားချိန်ကို အနည်းဆုံး ၃ နာရီတော့ခြားပါစေ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိုးရိမ်ပူပန်စိတ် ကြောင့် အိပ်ရေးပျက်ညတွေ များနေရင် ဒီနည်းလေးတွေ သုံးကြည့်ပါ

ခုရက်ပိုင်း လူအတော်များများ အိပ်ရေးတွေပျက်တာတွေ စိုးရိမ်ပူပန်စရာတွေ မကြာခန ကြုံနေရကြရတယ်။ စိုးရိမ်ပူပန်စိတ် ကြောင့် အိပ်ရေးပျက်ညတွေများလာနေတဲ့ သဘောမျိုးပေါ့

ရေးသားသူ Ye Zon Aung

စိတ်ပူပင်စရာ ကြောင့် ဖြစ်လာနိုင်တဲ့ ဝေဒနာများ

စိတ်ပူပင်စရာ ကိုတော့ နေ့စဉ်ဘဝမှာ ကြုံတွေ့ရနိုင်ပါတယ်။ စိုးရိမ်ပူပန်မှု လွန်ကဲတဲ့သူတွေမှာတော့ မကြာခဏပြင်းထန်ပြီး လွန်ကဲတဲ့ စိုးရိမ်မှုကို ခံစားနေရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင်မေမေ ကော်လာဂျင် သောက်လို့ရလား………………….

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးလည်ပတ်မှုကောင်းတာကြောင့် အသားအရေက ကြည်လင်လှပနေသလို ဆံသားကလည်း နက်မှောင်နေတတ်ပါတယ်။ ဒါဆို ဒီလိုကာလမှာရော ကော်လာဂျင်က လိုဦးမှာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ…..

အာဟာရဇယားကို ဖတ်တာက သားသားမီးမီးတို့ အနာဂတ် လှပအောင် ပုံဖော်ဖို့ မေမေတို့ မပျက်မကွက် လုပ်ဆောင်ရမယ့် အချက်လေး တစ်ခုပါ။ မေမေရော..........

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 2, 2021 . 2 mins read