အသည်းရောင်အသားဝါဘီပိုးရှိသူပြုလုပ်သင့်သောအရာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

သင့်တွင်အသည်းရောင်အသားဝါဘီပိုးရှိနေလျှင်ထိုရောဂါနှင့် ပတ်သက်၍ဗဟုသုတများကိုသိထားသင့်ပါတယ်။ ထိုသို့သိ ထားခြင်းဖြင့်ရောဂါလျှင်မြန်စွာပျောက်ကင်းနိုင်ပြီး တခြားသူ များကို ရှောင်ကြဉ်နိုင်ပါတယ်။ ဒါကြောင့်အသည်းရောင်အ သားဝါဘီပိုးနှင့် ပတ်သက်၍သင်ဘာတွေသိထားသင့်ပါသလဲ။

အသည်းရောင်အသားဝါဘီပိုးကူးစက်ခြင်းမှပြန်ကောင်းလာ နိုင်ပါသလား။

အရွယ်ရောက်ပြီးသောသူသည်ပြန်ကောင်းနိုင်သောအခွင့်အ လမ်းပိုများနိုင်ပြီးကလေးငယ်နှင့် မွေးခါစကလေးအများစု သည်ကူးစက်ပါကနာတာရှည်အသည်းရောင်အသားဝါဘီ ရောဂါဖြစ်နိုင်ပါတယ်။ အသက်အရွယ်အလိုက်ရောဂါပြန် လည်ပျောက်ကင်းနိုင်သောရာခိုင်နှုန်းများကိုအောက်တွင် ဖော်ပြထားပါတယ်။

  • အရွယ်ရောက်ပြီးသူများတွင်၉၀%မှာပြဿနာမရှိ ဘဲပျောက်ကင်းနိုင်ပြီး၁၀%မှာနာတာရှည်အသည်း ရောင်ရောဂါဖြစ်နိုင်ပါတယ်။
  • ကလေးငယ်များတွင်၄၀%မှာပြဿနာမရှိဘဲပျောက် ကင်းနိုင်ပြီး၆၀%မှာနာတာရှည် အသည်းရောင်ရောဂါ ဖြစ်နိုင်ပါတယ်။
  • မွေးကင်းစကလေးငယ်များတွင်၉၀%မှာ နာတာရှည်ကူး စက်ခံရနိုင်ပြီး၁၀%သာလျှင်ပြန်ကောင်းလာနိုင်ပါတယ်။

အခြားသူများကိုအသည်းရောင်အသားဝါဘီပိုးမကူးစက်အောင် ဘယ်လိုကာကွယ်မလဲ။

သင့်တွင်ဘီပိုးကူးစက်ခံရပါကအခြားသူများကိုလည်းကူးစက် နိုင်ပါတယ်။ မိမိနှင့်လိင်ဆက်ဆံသူ၊ တစ်အိမ်တည်းနေသော သူများကိုဘီပိုးရှိမရှိစစ်ဆေးသင့်ပြီး မရှိပါကကာကွယ်ဆေး ထိုးထားသင့်ပါတယ်။ အသည်းရောင်အသားဝါဘီပိုးရှိသော မိခင်မှမွေးဖွားလာသောကလေးငယ်များကိုမွေးခန်းထဲတွင် (သို့) မွေးပြီး၁၂နာရီအတွင်းကာကွယ်ဆေးထိုးရပါမည်။

ထို့ပြင်ထိခိုက်ဒဏ်ရာများရှိလျှင်အုပ်ထားသင့်ပြီး မုတ်ဆိတ် ရိတ်ဓါး၊ သွားပွတ်တံများ၊ နားကပ်များဝေမျှသုံးခြင်းကိုရှောင် ကြဉ်သင့်ပါတယ်။ အဘယ်ကြောင့်ဆိုသော်ထိုအရာများမှတ ဆင့်သွေးချင်းထိပြီးရောဂါကိုကူးစက်နိုင်သောကြောင့်ဖြစ်ပါတယ်။

အသည်းရောင်အသားဝါဘီပိုးကိုကုသနိုင်ပါသလား။

မကုသနိုင်ပါဘူး။ တခါတရံတွင်လအနည်းငယ်အတွင်းတွင် အလိုအလျောက်ပျောက်ကင်းနိုင်ပြီးအချို့သောနာတာရှည်ကူး စက်ခံရသောသူများတွင်လည်းအလိုအလျောက်ပျောက်ကင်း နိုင်ပါတယ်။

သင့်တွင်အသည်းရောင်အသားဝါဘီပိုးရှိပါကဘာလုပ်သင့်ပါ သလဲ။

၆လနှင့်အထက် ဘီပိုးရှိပါကသင့်တွင်နာတာရှည်အသည်း ရောင်အသားဝါဘီပိုးရှိနေသည်ဟုပြော၍ရပါတယ်။ ထိုအခါမျိုး တွင်အသည်းအထူးကုနှင့်ပြသ၍အသည်းအခြေအနေကိုသိရှိ ရန်သွေးစစ်ခြင်း၊ အာထရာဆောင်းရိုက်ခြင်းများပြုလုပ်သင့်ပါ တယ်။ နာတာရှည်အသည်းရောင်အသားဝါဘီပိုးရှိသောသူ များသည်ကျန်းမာ၍အသက်ရှည်ရှည်နေနိုင်ရန်မျှော်လင့်ကြပါ တယ်။

နာတာရှည်အသည်းရောင်အသားဝါဘီပိုးရှိပါက ပိုးသည် သွေးနှင့်အသည်းတွင်အချိန်အကြာကြီးတသက်လုံးရှိ နေမည်ဖြစ်သည်။ သင့်တွင်ရောဂါလက္ခဏာမပြလျှင်တောင်မှ အခြားသူများကိုကူးစက်နိုင်ပါတယ်။ ထို့ကြောင့်မိမိနှင့်အတူ နေသူများနှင့် sex partners များကိုဘီပိုးရှိမရှိစစ်ဆေး၍ကာ ကွယ်ဆေးထိုးထားသင့်ပါတယ်။

နာတာရှည်အသည်းရောင်အသားဝါဘီပိုးရှိသူအတွက်ဘာအကြံ ဉာဏ်များပေးသင့်ပါသလဲ။

အရက်သည်အသည်းကိုဘေးဖြစ်စေနိုင်သောကြောင့် အရက် သောက်ခြင်းမှလုံးဝရှောင်ကြဉ်ပါ။ ထို့အတူပင်ဆေးလိပ် သောက်ခြင်းကိုလည်းရှောင်ကြဉ်သင့်ပါတယ်။ ဆရာဝန်ညွှန် ကြားသောဆေးများ၊ မညွှန်ကြားသောဆေးများ၊ သဘာ၀ ဆေးဖက်ဝင်ဆေးများမသောက်မီ ဆရာဝန်နှင့်အရင်ဆွေးနွေး သင့်ပါတယ်။

နာတာရှည်အသည်းရောင်အသားဝါဘီပိုးရှိသူများအတွက်စား သောက်မှုပုံစံသက်သက်မရှိသော်လည်းသင့်တင့်မျှတသောအ စားအသောက်၊ အဆီနည်းသောအသီးအရွက်များသောအစား အသောက်များသည်ကောင်းမွန်ပါတယ်။ ပင်လယ်စာအစိမ်းတွင် အသည်းကိုထိခိုက်နိုင်သောဘက်တီးရီးယားပိုးများပါဝင်သော ကြောင့်ပင်လယ်စာအစိမ်းစားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

အားကစားများပြုလုပ်ခြင်းဖြင့်ကျန်းမာသောဘဝကိုရရှိနိုင် သည်ကိုအမြဲသတိရပါ။ ၎င်းသည်ဆေးကုသမှုမဟုတ်သော် လည်းသင့်ရောဂါကိုသက်သာစေရန်ကူညီပါလိမ့်မည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင့်အတွက် ရွေးချယ်ထားသည်

    ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ

    ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 mins read
    လိင်အကြမ်းဖက်ခံ ရရင် ဘာဆက်လုပ်ကြမလဲ။

    လိင်အကြမ်းဖက်ခံ ရရင် ဘာဆက်လုပ်ကြမလဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 21, 2020 . 2 mins read
    Aldolase (အယ်ဒိုလေ့စ် အင်ဇိုင်း )

    Aldolase (အယ်ဒိုလေ့စ် အင်ဇိုင်း )

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Kaung Thar
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 20, 2017 . 5 mins read
    ကလေးတွေမှာ ဖြစ်တဲ့ အသည်းရောင် အသားဝါဘီပိုး

    ကလေးတွေမှာ ဖြစ်တဲ့ အသည်းရောင် အသားဝါဘီပိုး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 20, 2017 . 2 mins read