NSAID လို့ ခေါ်ကြတဲ့ စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေဟာ အထူးသဖြင့် အဆစ်ရောင် လူနာတွေမှာ အသုံးပြုတဲ့ နာကျင်မှုနဲ့ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ ဆေးအုပ်စု ဖြစ်ပါတယ်။ အဆစ်ရောင်လူနာတိုင်း နီးပါးဟာ သူတို့ရဲ့ ရောဂါလက္ခဏာတွေကို သက်သာဖို့ NSAID ကို အသုံးပြုကြပါတယ်။
ဒီဆေးအများစုဟာ ဆေးဆိုင်မှာတင် အလွယ်တကူ ဝယ်ယူနိုင်ပေမယ့် ဆေးအချို့ကတော့ ဆရာဝန်ညွှန်ကြားချက်လိုအပ်ပါတယ်။ ဆေးဆိုင်က အလွယ်တကူ ဝယ်လို့ရတဲ့ ဆေးတွေကတော့ Aspirin၊ Ibuprofen (Advil, Motrin) နဲ့ naproxen (Aleve, Naprosyn) တို့ပဲ ဖြစ်ပါတယ်။