ကျန်းမာရေးနှင့်ညီညွတ်အောင် စားသောက်ခြင်း
သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ဖို့၊ အနာကျက်မြန်စေဖို့အတွက် စားသောက်ပုံကို ဂရုစိုက်ရပါမယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်မယ့် အစားအစာတွေကို ရွေးချယ်စားသုံးသလို တဖက်မှာလည်း အနာကျက်မြန်အောင်၊ အသားတက်အောင် ပရိုတင်းဓာတ်နဲ့ ဗီတာမင်သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အစားအစာများကို ရွေးချယ်စားသုံးရပါမယ်။
တက်ကြွလှုပ်ရှားခြင်း
လေ့ကျင့်ခန်းလုပ်ခြင်းဟာ အင်ဆူလင်အာနိသင်ကို ပိုမိုထိရောက်စေပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်စေပြီး အနာကိုလည်း အကျက်မြန်စေပါတယ်။
ဆေးလိပ်ဖြတ်ခြင်း
ဆေးလိပ်သောက်ခြင်းဟာ ကိုယ်ခန္ဓာရှိဆဲလ်များ အောက်ဆီဂျင် ရရှိနိုင်မှုကို လျော့ကျစေပါတယ်။ ကိုယ်ခံအားကိုလည်း လျော့ပါးစေပြီး သွေးကြောနဲ့ဆိုင်တဲ့ ပြဿနာတွေ ပိုမိုဖြစ်ပွားစေပါတယ်။ အနာကျက် နှေးစေပါတယ်။
ဆီးချိုအနာတွေကို ကုသနိုင်ဖို့ အချုပ်ကတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ပါပဲ။ ဆရာဝန်ညွှန်တဲ့ ဆေးဝါးတွေကို တိကျစွာ သောက်သုံးရပါမယ်။ အစားအသောက်ကို သတိပြုစားသောက်ပြီး ကိုယ်လက်လှုပ်ရှား ပုံမှန်လုပ်ပေးရင် ဆီးချိုကို ထိန်းနိုင်မှာ ဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ပုံမှန်တိုင်းတာပြီး ဆရာဝန်ချိန်းဆိုတဲ့အခါတိုင်း မပျက်မကွက် ပြသသင့်ပါတယ်။