အိမ်မှာအင်ဆူလင် ဘယ်လိုထိုးမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 18, 2020 . 2 mins read
Share now

ဆီးချိုရှိတဲ့အခါ ဆေးသောက်တာအပြင် အင်ဆူလင်ထိုးတာကလည်း ဆီးချိုအတွက် ကုသမှု နည်းလမ်းတစ်ရပ်ပါ။ ဒီလို အင်ဆူလင် ထိုးတာကို ဆရာဝန် အကူအညီမလိုဘဲ အိမ်မှာတင် ကိုယ်တိုင် ထိုးလို့ ရပါတယ်။ ဒီတစ်ခေါက်တော့ အင်ဆူလင်ကို အိမ်မှာထိုးတဲ့အခါ အမှန်ကန်ဆုံး ဖြစ်အောင် ဘယ်လို ထိုးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

အင်ဆူလင်ဆိုတာ

အင်ဆူလင်ဆိုတာ ဟော်မုန်း တစ်မျိုးပါ။ ဆဲလ်တွေကို ဂလူးကို့စ်ကို စွမ်းအင်အဖြစ် ပြောင်းလဲနိုင်စေဖို့ ကူညီပေးတဲ့ ဟော်မုန်းပါ။ အင်ဆူလင်က သကြားဓာတ်ကို သွေးထဲကနေတဆင့် ဆဲလ်တွေဆီ ဝင်ရောက်နိုင်စေဖို့ ထောက်ကူပေးတာပါ။

အမျိုးအစား -၁ ဆီးချိုရှိသူတွေမှာဆိုရင် ခန္ဓာကိုယ်က အင်ဆူလင်ကို မထုတ်ပေးနိုင်ပါဘူး။ အမျိုးအစား -၂ ဆီးချို ရှိသူတွေမှာတော့ အင်ဆူလင်ကို မှန်မှန်ကန်ကန် အသုံးမချနိုင်တာပါ။ ပန်ကရိယက အင်ဆူလင်ကို လုံလောက်အောင် မထုတ်နိုင်တာပါ။ အင်ဆူလင်ကို ခန္ဓာကိုယ်က လိုအပ်သလောက် မထုတ်ပေးနိုင်တာပေါ့။

များသောအားဖြင့်ကတော့ ဆီးချိုကို လေ့ကျင့်ခန်း လုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာ၊ ဆေးသောက်တာ၊ အင်ဆူလင် ထိုးတာတွေ လုပ်ပြီး ထိန်းချုပ်နိုင်ပါတယ်။ အမျိုးအစား – ၁ ဆီးချိုရှိမယ်ဆိုရင်တော့ အင်ဆူလင် ထိုးတာက နည်းလမ်းကောင်း တစ်ခုပါ။

အင်ဆူလင် ထိုးခြင်း

အင်ဆူလင် ထိုးတဲ့အခါ

  • syringes နဲ့
  • pens ဆိုပြီး (၂) မျိူးရှိပါမယ်။ ဆရာဝန်က အသင့်တော်ဆုံး ဖြစ်မှာကို ညွှန်ကြားပေးပါလိမ့်မယ်။ syringes က လွဲချော်နိုင်ခြေ များပေမယ့် pens ကတော့ အသုံးရလွယ်သလို မှားနိုင်ခြေလည်း နည်းပါတယ်။

အင်ဆူလင် ထိုးတော့မယ်ဆိုရင်

အင်ဆူလင်ထိုးတော့မယ်ဆိုရင်

အင်ဆူလင် မထိုးခင်မှာ

  • လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး သေချာ သန့်စင်အောင် ဆေးကြောပါ။
  • အင်ဆူလင် pen မှာ အပ်အသစ်ကို တပ်ပါ။
  • အပ်အဖုံးကို ဖြုတ်ပါ။
  • အင်ဆူလင် pen ကို ဘောလ်ပင်လိုမျိုး ကိုင်ပါ။
  • ထိုးရမယ့် အင်ဆူလင်ပမာဏကို သေချာချိန်ပါ။
  • ပြီးရင် ဆေးထိုးမယ့်နေရာကို အရက်ပြန်ဂွမ်းစနဲ့ သုတ်ပေးပါ။
  • လေမခိုနေစေဖို့ ဂရုပြုပါ။
  • အပ်ကို ခပ်စောင်းစောင်းထားပြီး ထိုးပေးပါ။ အရေပြားအောက် အဆီလွှာကိုရောက်ရှိစေဖို့ပါ။
  • ပြီးရင်  အင်ဆူလင် pen နောက်ကခလုတ်လေးကို နှိပ်လိုက်ပါ။
  • အပ်ကို အသားထဲကို ထိုးတဲ့အခါ မလိုအပ်ဘဲ အနာတရ မဖြစ်စေဖို့ ဖြည်းဖြည်းချင်းပဲ ထိုးပါ။
  • အင်ဆူလင်ဆေးရည်ကိုလည်း ဖြည်းဖြည်းချင်းပဲ ထိုးပါ။
  • ပြီးတာနဲ့ အပ်ကို သေချာပြန်ဖုံးပါ။
  • ဆေးထိုးရာမှာ အသုံးပြုထားတဲ့ ဂွမ်းစ၊ အပ်စတာတွေကို သေချာလေး စွန့်ပစ်ပါ။

ဆေးထိုးတဲ့အခါ လက်အိတ်ကိုည်း အသုံးပြုနိုင်ပါတယ်။ ဆေးပမဏကိုတော့ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သေချာ ဂရုစိုက်ပေးပါ။

အင်ဆူလင် ထိုးခြင်းနဲ့ သတိထားရမယ့် အချက်

အင်ဆူလင် ထိုးဖို့ ဆရာဝန်က ညွှန်ကြားထားတယ်ဆိုရင် ဆေးအာနိသင်ထိရောက်စေဖို့နဲ့ ဘေးထွက်ဆိုးကျိုး မရှိစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။

အင်ဆူလင် pen ကိုအေးမြတဲ့နေရာမှာ သိမ်းဆည်းပါ။

အငဆူလင်ကို အခန်း အပူချိန်မှာ ခဏပဲ ထားသင့်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ရေခဲသေတ္တာထဲ ထည့်သိမ်းတာပါ။ မထိုးခင်မှာလည်း အကြာကြီး အပြင်ထုတ်ထားတာမျိုး မလုပ်သင့်ပါဘူး။

ဆေးကို တစ်နေရာတည်းမှာပဲ မထိုးပါနဲ့။

အင်ဆူလင်က ဗိုက်၊ လက်မောင်း၊ ပေါင် စတဲ့နေရာတွေမှာ ထိုးပေးလို့ ရပါတယ်။ ဆေးထိုးတဲ့အခါ တစ်နေရာထဲမှာ အမြဲထိုးတာမျိုး မလုပ်ပါနဲ့။ အမြဲလိုလို တစ်နေရာတည်းကိုပဲ အင်ဆူလင် ထိုးတာက အရေပြားကို ထူစေတာ၊ အသားမာတက်စေတာ၊ အဆီပြင်လွှာမှာ အဖုလေးတွေ ဖြစ်စေတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။

ဒါကြောင့် အင်ဆူလင်ကို မနက်ခင်း မနက်စာ မစားခင်မှာ လက်မောင်း၊ နေ့လယ်စာ မစားခင်မှာ ဗိုက်၊ ညနေစာ မစားခင်မှာ ပေါင်စတဲ့နေရာတွေမှာ ထိုးပေးတာမျိုး လုပ်ပေးပါ။ လက်၊ ခြေထောက် စတဲ့နေရာတွေကို ထိုးတဲ့အခါ ဘယ်၊ ညာ ပြောင်းထိုးပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ တင်ပါးမှာလည်း ထိုးလို့ ရပါတယ်။

နံပါတ်ကို သေချာ စစ်ဆေးပါ။

အင်ဆူလင် မထိုးခင်မှာ အရင်ဆုံး သွေးချိုကို စစ်ဆေးရပါမယ်။ စစ်ဆေးရရှိတဲ့ အဖြေပေါ်မူတည်ပြီး အင်ဆူလင်ကို ထိုးရမှာပါ။ ဒီလိုမှ မဟုတ်ဘူးဆိုရင် သွေးတွင်းသကြားဓာတ် အရမ်းကျသွားတာ၊ တအားမြင့်တက်တာတွေ ဖြစ်ပြီး မလိုအပ်ဘဲ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်တာကြောင့်ပါ။

စားမယ့် အစားအစာကိုလည်း ဂရုပြုပါ။

ညနေစာကို သိပ်မစားချင်ဘူး။ နည်းနည်းလောက်ပဲ စားမယ် စဉ်းစားထားတယ်ဆိုရင် အင်ဆူလင်ကို နည်းနည်းပဲထိုးတာ၊ လျှော့ထိုးတာမျိုး လုပ်ဖို့ လိုပါမယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘယ် ကိုဗစ်ကာကွယ်ဆေးက အစွမ်းအထက်ဆုံးလဲ

အသုံးပြုလို့ရနေပြီဖြစ်တဲ့ဆေးဝါးတွေရော ဈေးကွက်ထဲကိုဝင်ဖို့ရှိနေတဲ့ ဆေးဝါးတွေမှာပါ ကာကွယ်နိုင်စွမ်းနဲ့ စိတ်ချရမှုအပိုင်း ကွာခြားချက်အနည်းငယ်စီရှိနေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

COVID ကာကွယ်ဆေး ထိုးနှံပြီးသူတွေ ဘယ်လို အကျိုးဆက်တွေ ခံစားကြရလဲ

ကာကွယ်ဆေးထိုးနှံမှုတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာမို့ တကယ်ရှိနေနိုင်တာလားဆိုတာကို လူတိုင်းက စိတ်ဝင်စားနေကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကိုယ်တွင်းခရီးစွန့်စားခန်း

ရောဂါပိုးမွှားတွေကို ကာကွယ်ဖို့၊ ကိုယ်ခံအားတက်စေဖို့ ..ကိုယ်တွင်းအင်္ဂါတွေက လုပ်ပေးတာတွေလည်းအများကြီး။ကျန်းမာနေမှုအတွက် ကျေးဇူးတင်ထိုက်သူတွေပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Phyo Wai Lynn

ပြီးပြည့်စုံတဲ့ မျက်စိကျန်းမာရေးအတွက် ဘာတွေဂရုစိုက်သင့်သလဲ။

မျက်စိအဆုံး နားအရှုံး ဖြစ်တာကြောင့် မျက်လုံးကို သေချာ ဂရုမစိုက်လို့ အမြင်ကွယ်ပြီး အသက်ဆုံးရှုံးသွားတဲ့အထိ ဖြစ်သွားနိုင်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 3 mins read
အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 3 mins read
နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲ

နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read