backup og meta

အိပ်ရာထဲမှာပဲ လှဲနေရလွန်းလို့ အိပ်ရာနာဖြစ်နေသူတွေအတွက် အိမ်တွင်းကုထုံး


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ရာထဲမှာပဲ လှဲနေရလွန်းလို့ အိပ်ရာနာဖြစ်နေသူတွေအတွက် အိမ်တွင်းကုထုံး

    အိပ်ရာထဲမှာ တစ်ချိန်လုံးလှဲနေရတဲ့ နာတာရှည်ရောဂါရှိသူတွေက ရောဂါအပြင်နောက်ထပ်ခံစားရနိုင်တဲ့ ပြဿနာတစ်ခုရှိနေပါတယ်။ ဒါကတော့ အိပ်ရာနာလိုပခေါ်ကြတဲ့ အနာတစ်မျိုးပါ။ ဒီအနာကြောင့် လူနာက ရောဂါဖိစီးမှုကိုရော အနာဖိစီးမှုကိုပါခံရပြီး နလန်ထူဖိုပခက်ခဲတာမျိုးတွေရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အိပ်ရာနာဖြစ်နေသူတွေကို ပြုစုပေးနေသူတွေအတွက် အသုံးဝင်မယ့်အိမ်တွင်းကုထုံးလေးတွေအကြောင်းပြောပြပေးမယ်နော်။

    အိပ်ရာနာကို သက်သာစေနိုင်မယ့် အိမ်တွင်းကုထုံး

    အိပ်ရာနာက သေချာမကုသဘဲထားမိရင် ရောဂါပိုးတွေဝင်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာနာဖြစ်တဲ့အခါ သေချာလေး ကုသစောင့်ရှောက်ပေးဖို့လိုပါမယ်။

    ရှားစောင်းလက်ပပ်

    အရေပြားပြဿနာတော်တော်များများကို ဖြေရှင်းပေးနိုင်စွမ်းရှိပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ အိပ်ရာနာကို ကာကွယ်ဖိုပအတွက် သုံးလို့ရသလို ကုသဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။ ရှားစောင်းလက်ပပ်ကိုရေစင်အောင်ဆေးလိုပ အသားလေးလွှာပြီး ဂျယ်လီသားသန့်သန့်လေးနဲ့ အနာဖြစ်နေတဲ့နေရာကိုပွတ်ပေးပါ။ အရေးပြားကိုအေးမြစေနိုင်တဲ့ ရှားစောင်းလက်ပပ်က အရေပြားကျိန်းစပ်တာ၊ ယားယံတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။

    သစ်မွှေးပင်ရဲ့ သစ်စေး

    သစ်မွှေးပင်ကရတဲ့ သစ်စေးအဆီကို နနွင်းမှုန့်လေးနဲ့ရောလို့ အနာဖြစ်နေတဲ့နေရာကို ပွတ်လိမ်းပေးပါ။ သွေးလည်ပတ်မှုကိုကောင်းစေပြီး အနာကျက်စေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။

    နနွင်း 

    နနွင်းက အရေပြားပြဿနာတော်တော်များများကိုပြေလည်အောင်ဖြေရှင်းပေးနိုင်ပါတယ်။ အရောင်ကျစေနိုင်သလို ရောဂါပိုးတွေ ကူးစက်တာမျိုးမဖြစ်အောင်လည် ကာကွယ်ပေးနိုင်ပါတယ်။ နာကျင်မှုကို သက်သာစေနိုင်ပြီး အနာကို မြန်မြန်ကျက်စေနိုင်မှာပါ။ ဒါကြောင့် အိပ်ရာနာဖြစ်တဲ့အခါ အနာကို သန့်စင်ပေးပြီး နနွင်းမှုန့်ထည့်ပေးလို့ရပါတယ်။ နနွင်း အစစ်ဖြစ်ဖို့တော့ လိုပါမယ်။

    Beetroot 

    အိပ်ရာနာတွေအတွက် ထိရောက်တဲ့ သဘာဝပစ္စည်းတစ်မျိုးပေါ့။ ယားယံတာကိုသက်သာစေနိုင်ပြီး အနာကျက်စေနိုင်ပါတယ်။ အရေပြားကို အစိုဓာတ်ထိန်းပေးပြီး အနာကျက်မြန်စေနိုင်မှာပါ။ ဒါကြောင့် beetroot ကို ပျားရည်လေးနဲ့ရောစပ်ပြီး အနာမှာလူးပေးပါ။

    နှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကောင်းစေနိုင်ပြီး အိပ်ရာနာတွေ ထပ်မဖြစ်လာအောင် ကာကွယ်ပေးပါတယ်။ ဒီလိုနှိပ်နယ်ပေးတဲ့အခါ သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီကို အသုံးပြုပေးပါ။  အနာကျက်မြန်စေနိုင်သလို အိပ်ရာနာမဖြစ်စေဖို့လည်း ကာကွယ်ရာရောက်ပါတယ်။

    Baby powder 

    ဒါကလည်း အနာကျက်မြန်စေတဲ့ အရာတစ်မျိုးပါ။ အရေပြားခြောက်သွေ့ပြီး ရောဂါပိုးတွေဝင်ရောက်မှုကနေ အထိရောက်ဆုံးတားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာနာသက်သာစေဖို့ဆိုရင် အနာကို သေချာသန့်စင်ပေးပြီး ကလေးပေါင်ဒါမှုန့် လိမ်းပေးလို့ရပါတယ်။

    သကြားနဲ့ပျားရည်

    အိပ်ရာနာအတွက် အကောင်းဆုံးသော အိမ်တွင်းဆေးဝါးနည်းတွေထဲက တစ်ခုပေါ့။ ညက်မှုန့်နေတဲ့ သကြားနည်းနည်းကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ရောလို့ မွှေပေးပါ။ ပြီးရင်အနာပေါ်မှာလိမ်းပေးပြီး  ပိုးသတ်ထားတဲ့ ပတ်တီးလေးနဲ့ အုပ်ထားပေးပါ။ အနာကျက်မြန်စေပါလိမ့်မယ်။

    ဆားရည်

    ရေနွေးနွေးလေးနဲ့ ဆားကိုရောစပ်ထားတဲ့ ဆားရည်ကို ဂွမ်းစသန့်သန့်လေးနဲ့ ယူပြီး အနာကို သန့်စင်ပေးတာကလည်း အိပ်ရာနာကို မြန်မြန်သက်သာစေပြီး အနာပိုးမဝင်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

    အိမ်မှာအလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေသုံးလို့ အိပ်ရာနာ ခံစားနေရသူတွေကို ပြုစုပေးလိုက်ရအောင်လား…………

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement