သွေးအတွင်း ယူရီးယားဓာတ်မြင့်တက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 15, 2020 . 2 mins read
Share now

ကျောက်ကပ်များဟာ ကိုယ်ခန္ဓာထဲက အဆိပ်အတောက်ဓာတ်တချို့နဲ့ မလိုအပ်တဲ့ အညစ်အကြေးတွေကို ဆီးအနေနဲ့ ပြန်လည်စွန့်ထုတ်ပေးပါတယ်။ ဥပမာပေးရရင် ခရီအက်တနင်းနဲ့ ယူရီးယားတို့ ဖြစ်ပါတယ်။ ယူရီးယားဟာ ဆီးထဲမှာ အဓိကပါဝင်တဲ့ ပစ္စည်းတမျိုးပဲ ဖြစ်ပါတယ်။

ကျောက်ကပ်အနေနဲ့ သွေးထဲက အညစ်အကြေးတွေကို ပုံမှန်စစ်ထုတ်နိုင်ခြင်း မလုပ်နိုင်တော့တဲ့အခါ သွေးထဲမှာ ယူရီးယားဓာတ်တွေ မြင့်တက်လာပါတယ်။ သွေးအတွင်း ယူရီးယားမြင့်တက်တဲ့ အခြေအနေကို မကုသဘဲထားရင်၊ ဆိုးရွားပြင်းထန်လာရင် အသက်အန္တရာယ်ထိ ကြုံနိုင်ပါတယ်။ သွေးအတွင်း ယူရီးယားမြင့်တက်ခြင်းဟာ ကျောက်ကပ်ပျက်စီးခြင်းရဲ့ အဓိကလက္ခဏာလည်း ဖြစ်ပါတယ်။

သွေးအတွင်းယူရီးယားမြင့်တက်ခြင်း၏ လက္ခဏာများ

နာတာရှည်ကျောက်ကပ်ရောဂါ အစပိုင်းမှာ ဘာလက္ခဏာမှ သတိမထားမိကြပါဘူး။ ဒါပေမယ့် သွေးအတွင်း ယူရီးယားမြင့်တက်ခြင်း စလာရင်တော့ ကျောက်ကပ်တွေ ထိခိုက်ပျက်စီးလာပါတယ်။ အောက်ပါလက္ခဏာတွေ ကြုံလာရပါတယ်။

– အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း

– ခြေထောက်ကြွက်သားများ နာကျင်ခြင်း၊ ကြွက်တက်ခြင်း

အစားပျက်ခြင်း

– ခေါင်းကိုက်ခြင်း

– ပျို့အန်ခြင်း

– အာရုံစူးစိုက်ရန်ခက်ခဲခြင်း စတာတွေ ဖြစ်ပါတယ်။

သွေးအတွင်းယူရီးယားဓာတ် မြင့်ရခြင်းအကြောင်း

သွေးအတွင်းယူရီးယားမြင့်တက်ရခြင်းဟာ ကျောက်ကပ်အနေနဲ့ ပြင်းထန်စွာ ထိခိုက်ပျက်စီးထားတာကြောင့် ဖြစ်ပါတယ်။ အဓိကအားဖြင့် နာတာရှည်ကျောက်ကပ်ရောဂါကြောင့် ဖြစ်ပါတယ်။ ကျောက်ကပ်များဟာ သွေးထဲကနေ အညစ်အကြေးများကို စစ်ထုတ်နိုင်ခြင်းမရှိတော့ပါဘူး။ ဒီလိုနဲ့ အညစ်အကြေးများဟာ သွေးထဲကတဆင့် ကိုယ်ခန္ဓာတခုလုံးကို လှည့်ပတ်သွားလာပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ဒုက္ခပေးလာပါတယ်။

အဓိကအကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

သွေးပေါင်ချိန်တက်ခြင်း

– ကျောက်ကပ်အတွင်း အရည်အိတ်များစွာဖြစ်ပေါ်ခြင်း

– ဆီးချို

– ကျောက်ကပ်အတွင်း စစ်ထုတ်ပေးသည့်ယူနစ်များ ရောင်ရမ်းခြင်း

– ကျောက်ကပ်အတွင်း ဆီးစွန့်ပြွန်လေးများ ရောင်ရမ်းခြင်း

ဆီးကျိတ်ရောင်ခြင်း

– ကင်ဆာရောဂါအချို့

– ဆီးကျောက်ကြောင့် အချိန်အတန်ကြာ ဆီးလမ်းကြောင်းကို ပိတ်ဆို့နေစေခြင်း

– ကျောက်ကပ်အတွင်း ရောဂါပိုး မကြာခဏဝင်ရောက်ခြင်း

ကုသမှုနည်းလမ်းများ

သွေးအတွင်း ယူရီးယားမြင့်တက်နေတဲ့အခြေအနေမှာ ကျောက်ကပ်ဟာ အတော်လေး ထိခိုက်ထားပြီ ဖြစ်ပါတယ်။ အဓိက ကုသမုှကတော့ ကျောက်ကပ်ဆေးခြင်း (dialysis) ဖြစ်ပါတယ်။ ကျောက်ကပ်အနေနဲ့ သန့်စင်ခြင်းမလုပ်နိုငတော့တဲ့ အညစ်အကြေးတွေကို စက်အကူအညီနဲ့ ဆေးကြောခြင်း ဖြစ်ပါတယ်။ နောက်ထပ်နည်းလမ်းတခုကတော့ ကျောက်ကပ်အစားထိုးလဲလှယ်ခြင်း ဖြစ်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

ကျောက်ကပ်ရောဂါ စတင်ဖြစ်ပွားရင် ပုံမှန်စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။ ဆိုဒီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်ဆီယမ် များပြားတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားသောက်ပြီး ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးရပါမယ်။

ကျောက်ကပ်ထိခိုက်နိုင်တဲ့ အခြေအနေတွေကို ကာကွယ်ရပါမယ်။ ကာကွယ်ရမယ့် နည်းလမ်းတွေကတော့

– ဆီးချိုထိန်းခြင်း

– သွေးပေါင်ချိန်ထိန်းခြင်း

– နှလုံးနှင့်သွေးကြောများ ကျန်းမာရေးကို ထိန်းသိမ်းခြင်း

– ဆေးလိပ်ဖြတ်ခြင်း

– အဝမလွန်စေရန် အစားသောက်ထိန်းပြီး လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း စတာတွေ ဖြစ်ပါတယ်။

အကောင်းဆုံးကတော့ ကျောက်ကပ်ရောဂါတမျိုးမျိုးကို သံသယရှိရင် ဆရာဝန်နဲ့ ပြသပြီး လိုအပ်ရင် ကုသမှု ပုံမှန်ခံယူဖို့ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကာလမှာ ကင်ဆာဝေဒနာသည်တွေကို ဘယ်လို စောင့်ရှောက်ကြမလဲ

ကိုဗစ်ကာလ တစ်လျှောက်လုံးမှာ ကင်ဆာ၊ ဆီးချို၊ သွေးတိုး၊ အသက်ရှူလမ်းကြောင်းပြဿနာ၊ နှလုံး၊ ကျောက်ကပ်၊ အသည်းနဲ့ ကိုယ်ခံအားစနစ် အားနည်းသူတွေ သတိထားဖို့ လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကိုဗစ်-၁၉ နဲ့ အသက်အန္တရာယ်

ကိုဗစ်က သေချာ ဂရုစိုက်ကုသရင် အသက် မဆုံးရှုံးနိုင်ပေမယ့် အသက်အန္တရာယ် မရှိတဲ့ ရောဂါတော့ မဟုတ်ပါဘူး။ ကိုဗစ်ကို မိမိကစ ကာကွယ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အမျိုးသမီးများ အီစထရိုဂျင် နည်းလာလျှင်

အီစထရိုဂျင်ဟာ အမျိုးသမီးများအတွက် အဓိကကျတဲ့ ဟော်မုန်းဖြစ်ပါတယ်။ ငယ်စဉ်ဘဝကနေ အရွယ်ရောက်ပြီး တဲ့အထိ အမျိုးသမီးဘဝကို ထိန်းကျောင်းပေးတဲ့ ဟော်မုန်းပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ကျောက်ကပ်ရောဂါရှိသူများ သတိပြုရမည့် ပိုတက်ဆီယမ်ပမာဏ

ကျောက်ကပ်ရောဂါဖြစ်လာရင် သွေးသန့်စင်ခြင်း၊ ဓာတ်ဆားများထိန်းညှိခြင်းတွေကို လုပ်ဆောင်နိုင်စွမ်း ကျလာပါတယ်။ အထူးသဖြင့် ပိုတက်ဆီယမ်ပမာဏကို မထိန်းနိုင်တော့ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

ငရုတ်သီးက ကိုဗစ် ကာကွယ်သတဲ့လား။

ငရုတ်သီးက ကိုဗစ် ကာကွယ်သတဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 22, 2020 . 1 min read
ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘာတွေ ပြင်ဆင်ပေးမလဲ။

ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘာတွေ ပြင်ဆင်ပေးမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 18, 2020 . 1 min read
ကျောက်ကပ်တွင် အရည်အိတ်တည်ခြင်းအကြောင်း

ကျောက်ကပ်တွင် အရည်အိတ်တည်ခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 15, 2020 . 2 mins read
ဆီးကျောက်ခြေတယ်ဆိုတာ

ဆီးကျောက်ခြေတယ်ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 14, 2020 . 2 mins read