မြန်မာနိုင်ငံဆိုတာ ထမင်းကို အဓိကထား စားသုံးတဲ့ နိုင်ငံတစ်ခုပါ။ နေ့တိုင်း စားနေတဲ့ အနပ်တွေထဲမှာ ထမင်းက လုံးဝကို မပါမဖြစ်ပါ။ ဆန်အမျိုးအစားအများကြီးရှိတဲ့အတွက် ထမင်းတွေလည်း အမျိုးမျိုးရှိပါတယ်။ ဒီမှာတော့ ဆန်လုံးညိုနဲ့ ထမင်းဖြူ အကြောင်းကို အဓိက ထားပြောပြပေးမှာဖြစ်ပါတယ်။ ကြားဖူးကြမှာပါ။ ထမင်းဖြူထက်စာရင် ဆန်လုံးညိုက ကျန်းမာရေးအတွက် ပိုကောင်းတယ်ဆိုတာမျိုးပေါ့။ ထမင်းဖြူနဲ့ ဆန်လုံးညို ဘယ်သူက ပိုကောင်းလဲ ။