လေ့ကျင့်ခန်းလုပ်နေစဉ်
သင့်ရဲ့သွေးတွင်းကလူးကိုစ့် ကို၁၅မိနစ်ကနေ မိနစ်၃၀ခြားတစ်ခါတိုင်းတာခြင်းက လေ့ကျင့်ခန်းအတွက်သင့်သွေးတွင်း ကလူးကိုစ့် တည်ငြိမ်မှုရှိမရှိ သိနိုင်ပါတယ်။
ကျန်းမာစေတဲ့မုန့်များဥပမာ- ကွတ်ကီး၊မြေပဲထောပတ်၊စတာတွေကို သင့်သွေးတွင်းကလူးကိုစ့် အလွန်ကျနေတယ်ထင်ရင်စားပါ။
ရေများများသောက်ပါ၊ ရေဓါတ်ခန်းခြင်းက အားကစားလုပ်သူတွေအတွက် ခြိမ်းခြောက်မှုပါ။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီးရင်တောင် ရေအများကြီး သောက်ဖို့လိုပါတယ်။ ရေဓါတ်ခန်းတာက သင့်ကိုနေမကောင်းစေရုံသာမက ဆီးချိုသွေးချိုကိုပါဆောင့်တက်စေပါတယ်။
လေ့ကျင့်ခန်းလုပ်ပြီး
သာမန်လေ့ကျင့်ခန်းလုပ်ပြီးရင်တောင် သင့်သွေးတွင်း ကလူးကိုစ့်ကိုအကြိမ်များစွာစစ်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ဆီးချိုအမျိုးအစား(၁)ရှိသူတွေရဲ့ သွေးတွင်းကလူးကိုစ့်က လေ့ကျင့်ခန်းအပြီး ၄၈နာရီအတွင်း အမျိုးမျိုးပြောင်းလဲနိုင်လို့ပါ။
လေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူးများ
- ကြွက်သားနဲ့အရိုးသန်မာစေခြင်း
- နှလုံးရောဂါနဲ့အချို့ကင်ဆာများဖြစ်နိုင်ချေ လျော့စေခြင်း
- ဟန်ချက်ထိန်းနိုင်မှု၊ခွန်အားနှင့်သက်လုံကောင်းစေခြင်း
- စွမ်းအင်မြင့်တင်ပေးခြင်း
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။