ဆီးချိုရှိလာနိုင်တဲ့အန္တရာယ်တွေ ကိုယ့်မှာရှိနေပြီလား
ဆီးချိုရောဂါဆိုတာ သွေးတွင်းသကြားဓါတ် မြင့်မားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ရောဂါဖြစ်ပါတယ်။ သွေးတွင်းသကြားဓါတ်ဟာ ခန္ဓါကိုယ်ရဲ့အဓိကခွန်အားအရင်းအမြစ်ဖြစ်ပြီး ကိုယ်စားလိုက်တဲ့ အာဟာရကနေ ရရှိတာဖြစ်ပါတယ်။ ပန်ကိရိယကနေထုတ်ပေးတဲ့ အင်ဆူလင်က အစားအစာကရတဲ့ သကြားဓါတ်ကို စွမ်းအင်အဖြစ်အသုံးပြုနိုင်ဖို့ဆဲလ်တွေဆီရောက်ရှိအောင် ထောက်ကူပေးပါတယ်။ တခါတရံမှာတော့ ခန္ဓါကိုယ်မှာ အင်ဆူလင်အလုံအလောက်မရှိတာ ဒါမှမဟုတ် အင်ဆူလင်လုပ်ဆောင်ချက်မကောင်းတော့တာ ရှိနိုင်ပါတယ်။ အဲဒီအခါ သကြားဓါတ်က သွေးထဲမှာပဲကျန်ရှိနေပြီး ဆဲလ်တွေဆီမရောက်နိုင်တော့ဘဲ ဆီးချိုဖြစ်လာပါတယ်။