backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

စာသင်ကျောင်းများအတွက် ဆီးချိုရောဂါပညာပေး။ ကျောင်းသူနာပြုများ၏ တာဝန်ဝတ္တရားများအကြောင်း။

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

စာသင်ကျောင်းများအတွက် ဆီးချိုရောဂါပညာပေး။ ကျောင်းသူနာပြုများ၏ တာဝန်ဝတ္တရားများအကြောင်း။

ဒီနေရာမှာသင်တို့လူအရေအတွက်နည်းတာ၊ သင်တို့အချိန်တွေမှာဖိအားတွေရှိနေတာ ကျွန်ုပ်တို့ သိပါတယ်။ ကျောင်းအများကြီးကရောဂါရှိတဲ့ ကလေးတိုင်းကို ဖြန့်ကျက်ပြီးဂရုစိုက် စောင့်ရှောက်ပေးနိုင်ဖို့ မဖြစ်နိုင်မှန်းလည်းသိပါတယ်။ ဒါပေမယ့် ကလေးဆီးချိုကျွမ်းကျင်သူနာပြု ထားခြင်းအားဖြင့် ကျောင်းတွေဟာဆီးချိုရှိတဲ့ကလေးတွေအတွက် မှန်ကန်တဲ့ အထောက်အကူပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်။

လေ့ကျင့်ခြင်း

ရောဂါရှိနေတဲ့ကျောင်းသားတွေကိုစောင့်ရှောက်ရမယ့် ကျောင်းသူနာပြုတစ်ယောက်ရဲ့ အဓိကတာဝန်တစ်ခုကတော့ လုံလောက်တဲ့ဝန်ထမ်းအရေအတွက်ကို လေ့ကျင့်ပေးနိုင်ရဲ့လား၊ ကလေးဟာကောင်းမွန်စွာဂရုစိုက်ခံရရဲ့လားအတည်ပြုပေးဖို့ပါပဲ။

ဆီးချိုရောဂါသည်ကလေးတစ်ယောက်ရှိတဲ့ ကျောင်းတစ်ကျောင်းမှာလေ့ကျင့်ပေးထားတဲ့ဝန်ထမ်း အနည်းဆုံး ၂ယောက်ရှိသင့်ပါတယ်။

ဆီးချိုရောဂါသည်ကလေးတိုင်းမှာကလေးဆီးချိုအထူးပြုသူနာပြုကိုယ်စီရှိသင့်ပါတယ်။ သူနာပြုဟာဘယ်ကလေးဟာအကူအညီလိုသလဲဆိုတာသိထားရပြီးသူတို့ တစ်ယောက်ချင်းစီအတွက် ကျန်းမာရေးစောင့်ရှောက်မှုစီမံချက်ကိုစုစည်းထားဖို့၊ နေရာတကျ လေ့ကျင့်ပေးဖို့၊ ကျွမ်းကျင်တတ်မြောက်သွားတဲ့ ဝန်ထမ်းတွေကို သင်တန်းဆင်းပေးဖို့ တာဝန်ရှိပါတယ်။ တကယ်လို့ ဝန်ဆောင်မှုမပေးနိုင်ရင် ကလေးကျန်းမာရေးစောင့်ရှောက်ပေးတဲ့အဖွဲ့နဲ့ ချိတ်ဆက်ထားဖို့ ကျောင်းမှာ ကျွမ်းကျင်သူရှိမရှိ၊ သင်တန်းပေးဖို့ နေရာရှိမရှိ ကြည့်ရှုထားဖို့ လိုပါတယ်။

ကျောင်းတွေအနေနဲ့ ကျောင်းဝန်ထမ်းတွေအားလုံးဟာ ကလေးရဲ့ဆီးချိုရောဂါကိုသိရှိထားဖို့၊ တကိုယ်ရေကျန်းမာရေးစီမံချက်ကိုနားလည်ထားဖို့ အတည်ပြုပေးသင့်ပါတယ်။ သင့်အနေနဲ့ တခြားဝန်ထမ်းတွေကို ဆီးချိုအကြောင်းသိသင့်သိထိုက်တာတွေ လေ့ကျင့်စီစဉ်ပေးနိုင်ဖို့ တောင်းခံလာနိုင်ပါတယ်။ စီစဉ်မှုတွေပေါ်မူတည်ပြီးလေ့ကျင့်ခြင်းမှာ တစိတ်တပိုင်းပါဝင်နိုင်ပါတယ်။

ကျောင်းတွေအနေနဲ့ ဝန်ထမ်းတွေဟာ အရေးပေါ်ကြုံလာရင် ဘယ်ုလိဆောင်ရွက်ရမယ်ဆိုတာသိနေစေဖို့ လုပ်ဆောင်ထားသင့်ပါတယ်။ သင်ဟာ ဝန်ထမ်းတွေကို လေ့ကျင့်ပေးရာမှာသူတို့အနေနဲ့ ယုံကြည်ချက်ရှိရှိနဲ့ အရေးပေါ်ဖြစ်လာရင် ဘာလုပ်ရမယ်ဆိုတာ၊ ဘယ်လိုအခြေအနေဟာအရေးပေါ်ကိစ္စဖြစ်တယ်ဆိုတာတွေကိုလေ့ကျင့်ပေးထားရပါမယ်။

အခြားဝတ္တရားများ

သင့်အနေနဲ့ ဆီးချိုရောဂါသည်ကလေးတွေဟာကျောင်းမှာမှန်ကန်တဲ့ အထောက်အကူရမရကူညီစီစစ်ပေးသင့်ပါတယ်။ မိဘတွေ၊ ကလေးဆီးချိုအထူးပြုသူနာပြုတွေနဲ့ ချိတ်ဆက်နေဖို့ လိုအပ်ပါတယ်။

ကျောင်းတွေမှာရှိတဲ့ ဆီးချိုရောဂါသည်ကလေးတိုင်းအတွက် မှတ်တမ်းလုပ်ထားသင့်ပြီးသူတို့ရဲ့ နောက်ဆုံးကျန်းမာရေးမှတ်တမ်းတွေကိုသိရှိထားသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement