backup og meta

Stay Home ကာလ ညှာတာသင့်တဲ့ မျက်စိ ကျန်းမာရေး

Stay Home ကာလ ညှာတာသင့်တဲ့ မျက်စိ ကျန်းမာရေး

Covid -19 ကြောင့် အိမ်မှာ နေရတာ ပျင်းတော့ပျင်းတာပေါ့။ ဒါနဲ့ပဲ တီဗီကြည့်မယ်၊ ဖုန်းကြည့်မယ်၊ ဂိမ်းဆော့မယ်၊ အင်တာနက်သုံးမယ်နဲ့ ဆက်တိုက်ပဲ။ အလုပ်ရှိပြန်တော့ work from home မို့ ကွန်ပျူတာရှေ့ တောက်လျှောက်ထိုင်ရပြန်ရော။ ညကျ အိပ်မပျော်တော့ ဖုန်းနဲ့ facebook သုံးတယ်။ ကဲ ဘယ်မှာလဲ မျက်စိ နားရတဲ့အချိန်…

ဘာဆက်ဖြစ်လာမလဲ

မျက်လုံးတွေ ကျိန်းစပ်သလို၊ ခိုးလို့ခုလုဖြစ်သလိုလို ဖြစ်တာ ခံစားဖူးကြမှာပေါ့။ မျက်စိမှိတ်လိုက်ရင်တောင် ပူခနဲ ခံစားလိုက်ရသေးတယ်။ မျက်ရည်လည်း မရှိတော့သလိုပဲ။ ဒါကို Dry eye ဖြစ်တယ်လို့ ခေါ်ပါတယ်။

Dry eye လို့ခေါ်တဲ့ မျက်လုံးခြောက်သွေ့တဲ့ပြဿနာဟာ ကွန်ပျူတာတွေ၊ ဖုန်းတွေလို ဒစ်ဂျစ်တယ်စခရင်မ်တွေ ကြည့်တာများတဲ့သူ တွေမှာ အဖြစ်များလှပါတယ်။ တကယ်တော့ မျက်လုံးကျန်းမာပြီး အမြင်အာရုံကြည်လင်စေဖို့ ထိန်းသိမ်းပေးနိုင်ဖို့ မျက်ရည်မလုံလောက်တဲ့အခါ အခုလိုဖြစ်လာတာပါ။

မျက်လုံးထဲမှာ ရေဓာတ် ထိန်းသိမ်းနိုင်ဖို့၊ သက်တောင့်သက်သာ ရှိဖို့၊ အမြင်ကြည်လင်ဖို့၊ အမှုန်အမွှားနဲ အ့ပြင်ကဖုန်မှုန့်တွေကို မျက်လုံးထဲက ဖယ်ရှားပေးဖို့၊ ရောဂါပိုးတွေ ရန်က ကာကွယ်ပေးဖို့ ဆိုတာ မျက်ရည်ရဲ့ လုပ်ဆောင်ချက်တွေပါ။ ဒါ့ကြောင့် မျက်ရည်အမြဲအလုံအလောက်ရှိနေဖို့ လိုပါတယ်။ မျက်ရည်ခန်းခြောက်လို့ Dry eye ဖြစ်နေပြီဆို ဒီအချက်လေးတွေ လုပ်ကြည့်ပါ။

မျက်ရည်တု ခတ်ပါ

မျက်ရည်တုလို့ခေါ်တဲ့ မျက်စဉ်းဆေးရည်လေးတွေကို ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရပါတယ်။ မျက်ရည်တုကြောင့် မျက်စိအတွင်း မခြောက်သွေ့အောင် ကာကွယ်ပေးပြီး အမြင်ပြန်ကြည်လင်စေပါတယ်။ မျက်စိထဲ အေးမြတဲ့ခံစားမှုကို ရရှိစေပြီး ကျိန်းစပ်တာတွေ အမြန်သက်သာစေပါလိမ့်မယ်။

မျက်လုံး အဖွင့်အပိတ် လုပ်ပေးပါ

မျက်လုံးထဲမှာ ခို့လို့ခုလုဖြစ်နေတယ်လို့ ခံစားနေရပြီး ကျိန်းစပ်သလို အောင့်သလို ခံစားနေရရင် မျက်လုံးအဖွင့်အပိတ် လေ့ကျင့်ခန်း လုပ်ကြည့်ပါ။ မျက်စိအကြောပြေပြီး နေရသက်သာပါလိမ့်မယ်။ ဒီနည်းက မျက်ရည်ခန်းခြင်းကို သက်သာစေပြီး အမှုန်ဝင်နေရင်လည်း သူ့အလိုလို ဖယ်ရှားပြီးသား ဖြစ်စေနိုင်ပါတယ်။ မျက်စိတဝိုက် သွေးလည်ပတ်မှု ကောင်းစေပြီး မျက်စိညောင်း သက်သာစေပါတယ်။

  • မျက်စိ မှိတ်ပြီး ၂ စက္ကန့်နေပါ။
  • မျက်စိ မှိတ်လျက်နဲ့ မျက်ခွံကိုကျုံ့ပြီး ၂ စက္ကန့်။
  • ပြီးရင် မျက်စိ ပြန်ဖွင့်ပြီး ၂ စက္ကန့်။
  • ဒီအတိုင်း အစက ပြန်လုပ်ပေးပါ။ သုံးလေးကြိမ်လောက် လုပ်ပြီးရင် မျက်စိဝေဒနာ သက်သာသွားပါလိမ့်မယ်။

အနွေးလေး ကပ်ပေးပါ

မျက်လုံး အောင့်တာ၊ ကျိန်းစပ်တာတွေကို ချက်ချင်း သက်သာစေတာက အနွေးဓာတ်ပေးတာပါပဲ။ တစ်ခုခုကြောင့် မျက်စိယားတာ၊စပ်တာတွေတောင် သက်သာစေနိုင်ပါတယ်။ လက်ကိုင်ပဝါလေး ဖြစ်ဖြစ် အာငွေ့ပေးပြီး မျက်ခွံပေါ်မှာ ကပ်ပြီး ငါးမိနစ် ထားပါ။

လက်ဖဝါး အနွေးဓာတ် ပေးပါ

လက်ဖဝါးကုထုံး ကလည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ စာဖတ်တာ ကြာသွားလို့ ဒါမှမဟုတ် ကွန်ပျူတာ၊ တီဗီကြည့်တာ ကြာသွားလို့ မျက်စိညောင်းလာပြီ ဆိုရင် ပိုအသုံးဝင်ပါတယ်။

  • သက်တောင့်သက်သာ ဖြစ်မယ့် အနေအထားနဲ့ ထိုင်ပါ။ လက်ဖဝါး နှစ်ဖက်ကို ပူနွေးလာတဲ့အထိ ပွတ်ပါ။ မှိတ်ထားတဲ့ မျက်ခွံပေါ်မှာ လက်နဲ့ အုပ်ထားပါ။ မဖိရပါ။ ဖြေလျော့ပြီး စက္ကန့်၃၀လောက် ငြိမ်နေပေးပါ။ မျက်လုံးကို ဖြည်းဖြည်းဖွင့်ပြီး ဟိုဟိုဒီဒီကြည့်ပါ။ ဒီနည်းကို ၃ ကြိမ်မှ ၅ ကြိမ် ထပ်လုပ်ပေးပါ။

အဆီ များတဲ့ငါး စားပါ

အဓိကကတော့ အကျိုးပြုအဆီဓာတ် omega-3 fatty acids ကြွယ်ဝတဲ့တူနာ၊ ဆာဒင်း၊ မက်ကာရယ်၊ ဆာဒင်းငါးနဲ့ ဆယ်လ်မွန်ငါးတွေက အမြင်အာရုံကျန်းမာရေး အတွက် သိပ်ကိုကောင်းပါတယ်။

ရေသောက်ပါ

မျက်စိအပါအဝင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးကို ကျန်းမာစေဖို့အတွက် ရေဓာတ်လုံလောက်ဖို့ လိုအပ်ပါတယ်။ ရေအရမ်းဆာတဲ့အထိ မနေပါနဲ့။ မကြာမကြာ ရေသောက်ပေးပါ။

ဘာပဲဖြစ်ဖြစ်

ကွန်ပျူတာ သို့မဟုတ် တီဗီမျက်နှာပြင်ကို တစ်ဆက်တည်း အကြာကြီးကြည့်နေရင် မျက်စိနဲ့ပတ်သက်တဲ့ ဝေဒနာတွေက ဖြစ်လာမှာပဲဆိုတော့ ကြည့်နေတဲ့ကြားမှာ ခဏလောက်တော့ မျက်လုံးလွှဲပြီး နားနားပေးပါ။

အိပ်ရေးဝအောင် အိပ်ပါ။ အိပ်ရေးပျက်ခံခြင်းက မျက်စိဝေဒနာ မကြာခဏ ဖြစ်စေတတ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.mayoclinic.org/diseases-conditions/dry-eyes/diagnosis-treatment/drc-20371869

https://www.webmd.com/eye-health/dry-eyes-home-remedies#3

https://www.healthline.com/health/dry-eyes-home-remedies#see-adoctor

 

ယခုပုံစံ

18/10/2021

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်စိအားဆေး သောက်ဖို့မလိုအောင် အားဖြည့်ပေးမယ့် အစားအသောက်လေးတွေ

ပါဝါနဲ့ ဆလင်ဒါကို လျှော့နိုင်မယ့် မျက်စိကျန်းမာရေး အကြံပြုချက်(၆) ချက်



Yun Sandi Nan Mon မှ ရေးသားသည်။ · 18/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement