Covid-19 ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်မယ့် နည်းလမ်း။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 3 mins read
Share now

ဖေ့ဘွတ်ပေါ်မှာ ဆရာဝန်တစ်ယောက် ပြောထားတဲ့ စကားတစ်ခွန်း ရှိတယ်။

“ သင်နဲ့သင့်မိသားစုအတွက် ကျွန်တော်တို့အလုပ်လုပ်နေတယ်။ ကျွန်တော်တို့အတွက် သင်တို့အိမ်မှာနေပေးပါတဲ့။”

Covid-19 ဟာ ပြန့်ပွား နှုန်းမြန် ဗိုင်းရပ်စ် တစ်မျိုးဖြစ်တဲ့အတွက် ပွဲလမ်းသဘင်တွေ၊ လူစုလူဝေးများတဲ့ နေရာတွေကနေ လူအများကြီးကို ကူးစက်ပြန့်ပွားနေပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ စစချင်းမှာ Covid-19 ပြန့်ပွားတာကို ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကူးစက်ခံနေရတဲ့ လူတစ်ယောက်ဟာ လူထောင်သောင်းချီတက်ရောက်လေ့ရှိတဲ့ ဘာသာရေးပွဲတော်တစ်ခုကို သွားလိုက်တဲ့အခါ တောင်ကိုရီးယားနိုင်ငံရဲ့ ကူးစက်ခံရသူတွေဟာ ချက်ချင်းဆိုသလို မြင့်တက်သွားခဲ့တယ်။ ယခုချိန်မှာတော့ အခြအနေကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်တယ်။

အီတလီနိုင်ငံဟာ ကမ္ဘာပေါ်မှာ ခရီးသွားအများဆုံး နိုင်ငံဖြစ်တယ်လို့ပြောလို့ရတယ်။ Covid-19 ပြန့်ပွားနေချိန်မှာ ပွဲလမ်းသဘင်တွေကို ထိန်းချုပ်ဖို့ အားလျော့ခဲ့တယ်။ ယခုချိန်မှာ နေ့စဉ် ရာချီတဲ့ ကူးစက်ခံရတဲ့သူ၊ သေဆုံးသူတွေရှိနေတယ်။

Covid-19 ရဲ့ အစဖြစ်တဲ့ တရုတ်နိုင်ငံဟာ အခုချိန်မှာ အခြေအနေတည်ငြိမ်သွားသလောက်ဖြစ်ပြီး ရောဂါကို ထိန်းချုပ်နိုင်ပြီဖြစ်တယ်။ ဒီကူးစက်ရောဂါအတွက် သီးသန့်ဆောက်လုပ်ခဲ့တဲ့ ဆေးရုံတွေမှာပါ လူနာတွေ မရှိသလာက်နည်းသွားပါပြီ။ စီးပွားရေးတွေလည်း ပြန်လည် လည်ပတ်နေပါပြီ။ လွန်ခဲ့တဲ့ တစ်လကတင် ကူးစက်မှုနှုန်း၊ သေဆုံးမှုနှုန်း အရမ်းများပြားခဲ့ပြီး လူဦးရေလည်း ထူထပ်တဲ့ တရုတ်နိုင်ငံရဲ့ Covid-19 အခြေအနေကို အချိန်တိုအတွင်း အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့တဲ့ နည်းလမ်းရှိပါတယ်။ ဒါကတော့ သီးခြားနေထိုင်ခြင်း (social distancing) ပါဘဲ။

Social distancing (သီးခြားနေထိုင်ခြင်း)

Social (ဆိုရှယ်) ဆိုတာက လူမှုရေးပါ။ distance ဆိုတာကတော့ အကွာအဝေးပေါ့။ လူမှုရေး၊ သာရေး၊နာရေးတွေနဲ့ အကွာအဝေးတစ်ခုခြားပြီးနေခြင်းလို့ အဓိပ္ပါယ်ရတယ်။ အစားအသောက်၊ ကျန်းမာရေးစတဲ့ အခြေခံလိုအပ်ချက်တွေအတွက်က လွဲရင် ကျန်တဲ့ချိန်တွေမှာ အပြင်မထွက်ဘဲ အိမ်မှာနေတာကို ခေါ်ပါတယ်။

အားကစားပွဲတွေ၊ ဘားတွေ၊ ပျော်ပွဲရွှင်ပွဲတွေကို ပိတ်လိုက်တာကို ဘယ်သူကမှတော့ ကြိုက်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ လူစုလူဝေးဖြစ်နိုင်တဲ့နေရာတွေကို ပိတ်လိုက်တယ်၊ ကိုယ်ကိုယ်တိုင်ကလည်း ရှောင်လိုက်ခြင်းဟာ ကိုယ်တစ်ယောက်တည်းအတွက် မဟုတ်ဘဲ၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်အတွက်လည်းပါတယ်။ ဒီကူးစက်ရောဂါကို ရှေ့တန်းကနေ တိုက်ပွဲဝင်နေရတဲ့ ဆေးရုံက ဆရာဝန်၊ သူနာပြုတွေလည်း အရေးကြီးတဲ့ လူနာတွေကို ဦးစားပေးကုသပေးနိုင်မှာဖြစ်တဲ့အတွက် သူတို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို တစ်ဖက်တစ်လမ်းကနေ လျော့နည်းအောင် လုပ်ပေးတာမျိုးဖြစ်တယ်။

သီးခြားနေထိုင်ခြင်းကို ဘယ်လိုလုပ်ကြမလဲ။

• လူတစ်ယောက်နဲ့ တစ်ယောက်ကြား အနည်းဆုံး ၃ ပေခြားနေမယ်။
• အိမ်ကနေ အလုပ်လုပ်မယ်။
• အွန်လိုင်းကနေ အတန်းတက်မယ်။
• သူငယ်ချင်းတွေနဲ့ အပြင်မှာမတွေ့ဘဲ အွန်လိုင်းမှာဘဲ ဗီဒီယိုနဲ့ ဖုန်းခေါ်မယ်။
• သိပ်အရေးမကြီးတဲ့ အစည်းအဝေးတွေ၊ ကွန်ဖရင့်တွေမလုပ်ဘူး။ ဒါမှမဟုတ် အွန်လိုင်းကွန်ဖရင့်တွေ လုပ်မယ်။

Self-quarantine (ကိုယ့်ကိုယ်တိုင်ထိန်းချုပ်စောင့်ကြည့်ခြင်း)

အပေါ်က Social distancing (သီးခြားနေထိုင်ခြင်း) ဟာ ပုံမှန် ကူးစက်ရောဂါမရှိတဲ့သူက ကိုယ့်ကိုယ်ကို မကူးစက်အောင် ကာကွယ်ခြင်းပါ။
Self-quarantine ကိုတော့ ရောဂါရှိနိုင်ချေမြင့်မားတဲ့သူ လုပ်ဆောင်ရမှာပါ။
• ရောဂါရှိတဲ့သူနဲ့ တွေ့ထိပြီးတဲ့သူ
• ရောဂါပြန့်ပွားနှုန်းမြင့်တဲ့ နေရာကိုသွားခဲ့ဖူးသူ၊
• ရောဂါပိုးရှိနေပေမဲ့ ကျန်းမာသူ
• မပြင်းထန်တဲ့ ရောဂါလက္ခဏာတွေသာ ခံစားနေရသူတွေဟာ သူတစ်ပါးကို မကူးစက်အောင် self-quarratine လုပ်ဖို့ လိုအပ်ပါတယ်။

Self-quarantine ဘယ်လိုလုပ်မလဲ။

အပေါ်မှာ ပြောခဲ့သလို Social distancing လုပ်တာအပြင်
• လက်ကို မကြာခဏ စနစ်တကျဆေးရပါမယ်။
• ကိုယ်ပိုင် ပန်းကန်ခွက်ယောက်၊ မျက်နှာသုတ်ပဝါထားပါ။
• အိမ်ကို ဧည့်သည်မလာပါစေနဲ့။
• အိမ်ကလူတွေနဲ့ အနည်းဆုံး ၆ ပေအကွာမှာနေပါ။
• အိမ်သားတွေထဲမှာ အသက် ၅၀ ကျော်တဲ့သူရှိရင်တော့ အိမ်ခွဲနေနိုင်ရင် အကောင်းဆုံးပါပဲ။

Isolation (သီးခြားစောင့်ကြပ်ကြည့်ရှုခြင်း)

Covid-19 ကူးစက်ရောဂါ ရှိပြီလို့ သေချာထားတဲ့သူတွေကိုတော့ Isolation လုပ်ရပါတယ်။ ဆေးရုံရဲ့ သီးသန့်ခန်းမှာ ထားရပါတယ်။ ကူးစက်ခံရသူကို စောင့်ကြပ်ကြည့်ရှုသူ မှန်သမျှကလည်း အကာအကွယ်ဝတ်စုံပြည့် (Personal Protective Equipment) ကိုဝတ်ဆင်ထားရပါတယ်။

Covid-19 ဖြစ်နိုင်ချေနဲ့ Covid-19 ကြောင့် ဖြစ်လာမယ့် ဆုံးရှုံးမှုတွေကို လျှော့ချနိုင်ဖို့

Covid-19 လို ပြန့်နှံ့နှုန်းမြန် ကူးစက်မြန်ရောဂါ နိုင်ငံတစ်နိုင်ငံကို ဝင်ရောက်လာပြီဆိုရင် ကျန်းမာရေးတင်မဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖက်ဖက်က ထိခိုက်ဆုံးရှုံးမှုတွေ ရှိပါတယ်။

ကူးစက်ရောဂါတစ်ခုကို ထိန်းချုပ်နိုင်ဖို့အတွက် အရေးကြီးဆုံးက ကူးစက်ခံရသူဟာ တခြားသူတွေစီကို တတ်နိုင်သလောက် မကူးစက်အောင် နေထိုင်ရပါမယ်။ ဒီလိုလုပ်ဖို့ကလည်း ရောဂါလက္ခဏာတွေကို နားလည်ပြီး လိုအပ်တဲ့ ကာကွယ်မှုတွေ လုပ်ဖို့လိုပါတယ်။

လက်ကောင်းကောင်းဆေးမယ်၊ Social distancing လုပ်မယ်၊ လိုအပ်ရင်လိုအပ်သလို self-quarantine တွေ isolation တွေလုပ်မယ်ဆိုရင် ခုထိ ကူးစက်ခံရသူမရှိသေးတဲ့ မြန်မာနိုင်ငံမှာ ရောဂါဝင်ရောက်လာခဲ့ရင်တောင် ဆုံးရှုံးမှုတွေနည်းပါလိမ့်မယ်။
Pandemic ကပ်ရောဂါတွေဟာ ကြောက်စရာကောင်းပါတယ်။ ဒါပေမဲ့ တစ်ဦးတစ်ယောက်ချင်းစီကနေ ဂရုတစိုက် စည်းကမ်းရှိရှိ နေကြမယ်ဆိုရင် ဆေးရုံတွေမှာလည်း လူနာများပြားတဲ့ဒဏ်ကို အလူးအလဲမခံစားရဘူး၊ ကူးစက်နှုန်းတွေ၊ သေဆုံးမှုနှုန်းတွေကိုကိုလည်း ထိန်းချုပ်နိုင်မှာဖြစ်တယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အဝတ်အထည်၊ ပိုက်ဆံနဲ့ အိမ်မွေးတိရစ္ဆာန်တွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သလဲ

ကိုရိုနာဗိုင်းရပ်စ် ဟာ အဝတ်အထည်၊ စက္ကူ၊ ပိုက်ဆံတွေနဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ အမွေးတွေမျာ ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

လေထုထဲမှ ကူးစက်နိုင်သော ရောဂါများ

ရောဂါပိုးရှိသူများ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ စကားပြောခြင်း၊ နှပ်ညှစ်ခြင်းတွေပြုလုပ်တဲ့အခါ လေထုထဲကို ရောဂါပိုးတွေ ရောက်ရှိသွားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဗိုင်းရပ်စ်ပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ခြင်း (viral gastroenteritis)

အထက်လန်အောက်လျှောဟာ ရောဂါပိုးကူးစက်မိထားသူနဲ့ ထိတွေ့ရာကနေဖြစ်စေ၊ ရောဂါပိုးရှိတဲ့ အစားအစာနဲ့ရေကို စားသောက်မိရာကနေ ဖြစ်စေ ကူးစက်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

စမတ်ဖုန်းတွေပေါ်မှာ တစ်လနီးပါး ရှင်သန်နိုင်တဲ့ COVID-19 ဗိုင်းရပ်စ်ပိုး

ကမ္ဘာတစ်ဝှမ်းလုံးမှာ ကပ်ဘေးတစ်ခုအဖြစ် ဒုက္ခပေးနေတဲ့ COVID-19 ဗိုင်းရပ်စ်ပိုးတွေဟာ စမတ်ဖုန်းတွေပေါ်မှာ တစ်လနီးပါး ရှင်သန်နိုင်တယ်လို့ သိရှိလာရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 19, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

လူကြီး ပန်းနာရင်ကြပ် အကြောင်း

လူကြီး ပန်းနာရင်ကြပ် အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 27, 2020 . 3 mins read
သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 27, 2020 . 2 mins read
COVID-19 ရန် ကာကွယ်ဖို့ အချိန်ဘယ်လောက်ပေးပြီး လေ့ကျင့်ခန်းလုပ်ရမလဲ

COVID-19 ရန် ကာကွယ်ဖို့ အချိန်ဘယ်လောက်ပေးပြီး လေ့ကျင့်ခန်းလုပ်ရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read

စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ စောနေသေးလား…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read