COVID-19 နဲ့ လိင်မှုဘဝ ဆောင်ရန်၊ ရှောင်ရန်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

အခုဆိုရင် COVID-19 နဲ့ ပတ်သက်လို့ ဘယ်လို အခြေအနေမျိုး ရောက်နေပြီလဲဆိုတာ တော်တော်များများ နားလည်ထားကြမှာပါ။ ကူးစက်ခံရသူ အရေအတွက်ဟာလည်း များသထက် များလာပြီ ဖြစ်တာကြောင့် အစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ကမ္ဘာ့ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့အစည်းကရော ကိုရိုနာ ပြင်းထန် အဆုတ်ရောင်ရောဂါ (COVID-19) ကို ကမ္ဘာ့ ကပ်ရောဂါ အခြေအနေ အဖြစ် သတ်မှတ်လိုက်ပါပြီ။

ဒီတော့ ကူးစက်ခံရခြင်း မရှိစေဖို့ ဘာတွေ အဓိက လုပ်ရမလဲ။

အနောက်နိုင်ငံနဲ့ ဥရောပနိုင်ငံတချို့လိုမျိုး ကူးစက်ခံရသူ၊ သေဆုံးသူ အရမ်းများလွန်းတဲ့ အခြေအနေထိ မရောက်သေးတဲ့အတွက် ဒီအတိုင်းပဲ ဆက်ပြီး ထိန်းထားနိုင်ဖို့ မိဘပြည်သူအားလုံး တစ်တပ်တအားနဲ့ ဝိုင်းဝန်းပူးပေါင်းပေးကြဖို့ အရမ်း အရေးကြီးပါတယ်။ အဓိက လိုက်နာဖို့ လိုအပ်တဲ့ အချက်တွေကတော့

• မလိုအပ်ဘဲ အပြင်ကို လုံးဝမထွက်ပါနဲ့
• ဘာပဲကိုင်ပြီးပြီး လက်ကို ရေ၊ ဆပ်ပြာနဲ့ ဆေးပါ
• အပြင်သွားတော့မယ်ဆိုရင် ရေမလို လက်သန့်စင်ဆေးရည် ဆောင်သွားပါ
• လူအရမ်း များလွန်းတဲ့ နေရာကို မသွားပါနဲ့
• မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင် Mask တပ်သွားပါ
• လူတွေနဲ့ အရမ်း နီးကပ်ပြီး မနေပါနဲ့၊ အနည်းဆုံး ၆ပေ အကွာမှာပဲ နေပါ
• လုပ်စရာရှိတာ အားလုံး ပြီးရင် အိမ်ပြန်ပါ
• လိင်အပျော်အပါး လိုက်စားတာတွေ ရှောင်ပါ

COVID-19 နဲ့ လိင်မှုဘဝ ဘယ်လို ဆက်စပ်နေလဲ။

ကိုယ်ကတော့ တစ်အိမ်ထဲမှာ အတူပေါင်းသင်းနေထိုင်တဲ့ လင်မယား၊ သို့မဟုတ် ချစ်သူတွေ ဆိုရင် သိပ်ပြီး ပြဿနာမရှိပါဘူး။ ဒါတောင်မှ နှစ်ယောက်လုံး အပြင်သွားတာမျိုး၊ ရောဂါပိုးရှိသူနဲ့ ထိတွေ့ဆက်ဆံထားခြင်း မရှိဖို့ အရမ်း အရေးကြီးပါတယ်။ COVID-19 ဟာ  လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါမဟုတ်ပေမယ့်  နမ်းခြင်း၊ ပွေ့ဖက်ခြင်း၊ မတော်တဆ ချောင်းဆိုးမိတဲ့အခါ မျက်နှာချင်းဆိုင် အနေအထား ဖြစ်နေခြင်း စတဲ့ အနီးကပ်ပုံစံတွေနဲ့ ကူးစက်နိုင်ပါတယ်။

ဒီအတွက် အဓိက ဆင်ခြင်ဖို့ လိုအပ်တာတွေကတော့

• ဒီရက်ပိုင်းမှာ ကိုယ်နဲ့ မသိတဲ့ သူစိမ်းတွေနဲ့ သွားလာတာ၊ ဒိတ်တာ၊ လိင်ဆက်ဆံဖို့ တွေ့ဆုံတာမျိုး မလုပ်ပါနဲ့။

• ကိုယ်နဲ့ ဆက်ဆံခဲ့တဲ့သူမှာ ကိုရိုနာ အဆုတ်ရောင် ရောဂါပိုး တွေ့တယ်လို့ သတင်းရရှိရင်၊ သို့မဟုတ် သံသယရှိရင် မိမိကိုယ်ကို Self-Quarantine (ကိုယ့်ဆီမှ ရောဂါကို တခြားသူထံ မပြန့်စေရန် ထိန်းချုပ်ခြင်း၊ ကိုယ့်ရဲ့ နေအိမ်၊ အိပ်ခန်းမှ လွဲ၍ တခြားနေရာသို့ သွားလာခြင်း မပြုခြင်း၊ ကိုယ့်မိသားစုနဲ့ ထိတွေ့ဆက်ဆံတာမျိုး မလုပ်ခြင်း) ဖြင့် အခြေအနေကို စောင့်ကြည့်ပါ။ ချောင်းဆိုးတာ၊ ဖျားနာတာ၊ အသက်ရှူရခက်တာ စတဲ့ လက္ခဏာတွေကို ၁၄ ရက်အတွင်းမှာ တွေ့ရပြီဆိုရင်တော့ ပုဂ္ဂလိက ဆေးရုံတွေမှာ သွားရောက်ပြသကြည့်ပါ။

• လိင်အပျော်အပါး လိုက်စားတော့မယ် ဆိုရင်လည်း ကွန်ဒုံးကို မဖြစ်မနေ အသုံးပြုပါ။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဖြစ်တဲ့ STD တွေ ဝင်ကုန်တော့မှ တစ်ဘဝလုံး လူဖြစ်ရှုံးရမှာပါ။

• တစ်အိမ်ထဲ အတူနေတာ မဟုတ်တဲ့ ချစ်သူစုံတွဲတွေလည်း လွမ်းရင် ပြေးမတွေ့ပါနဲ့။ ဖုန်းဆက်တာ၊ အင်တာနက်ပေါ်ကနေ စာပို့တာမျိုးလောက်ပဲ လုပ်ပါ။

• လိင်ဆက်ဆံခြင်း မပြုခင်မှာ လက်ကို ရေ၊ ဆပ်ပြာနဲ့ သေချာဆေးကြောပါ။ ပြီးတာနဲ့ ကုတင်ပေါ်မှာပဲ ကိစ္စပြီးမြောက်တဲ့အထိ နေပါ။ ပြီးရင်လည်း တစ်ကိုယ်ရည် သန့်ရှင်းရေး ပြန်လုပ်ပါ။

ဒီတော့ အကောင်းဆုံး အကြံပေးချင်တာကတော့ ဒီရက်ပိုင်းမှာ လိင်ဆက်ဆံဖို့ ရည်ရွယ်ချက်နဲ့ မသိသူတွေနဲ့ ဖြစ်စေ၊ ကိုယ့်ချစ်သူနဲ့ ဖြစ်စေ အပြင်ထွက်ပြီး လိင်ဆက်ဆံခြင်း မပြုပါနဲ့။ ကိုယ့်အိမ်ကိုလည်း မခေါ်လာပါနဲ့။ စိတ်ပါလာရင် ကိုယ့်လက်နဲ့ပဲ အာသာဖြေပါ။ အားကုန်တယ်၊ ပင်ပန်းတယ်ဆိုပေမယ့် မလိုလားအပ်တဲ့ ရောဂါမရသလို ကိုယ့်အတွက်လည်း ဘေးဥပါဒ် မဖြစ်စေပါဘူး။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

COVID-19 Outbreak updates
Country: Myanmar
Data

202

Confirmed

62

Recovered

6

Death
Distribution Map

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘာကြောင့် ငယ်ရွယ်လွန်းတဲ့ ကလေးတွေကို Mask ပေးမတပ်သင့်တာလဲ

COVID-19၊ ကလေး၊ ဆော့ကစား၊ အမွှေးဆပ်ပြာမျိုးထက်၊ ကိုယ်အပူချိန်၊ ဖျားနာနေသူ၊ ချောင်းဆိုးနေသူ၊ နှာချေနေသူ၊ မွေးကင်းစကလေး၊ ကာကွယ်ဆေး၊ Mask

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

တစ်နေ့တာမှာ ကော်ဖီသောက်လို့ အကောင်းဆုံးအချိန်

ကော်ဖီ အချိန် နေ့စဉ် ကျန်းမာရေး အခါးဓာတ် ဓာတ်မတည့် သွေးအားနည်း ဆီးချို ရင်တုန် အိပ်ချိန် အားကစား စိတ်ဓာတ် ဟော်မုန်း ဦးနှောက် မနက်ခင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ကလေးမှာ ဖြစ်တဲ့ COVID-19 နဲ့ Kawasaki ရောဂါ

Kawasaki COVID-19 ကိုဗစ် ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာ ကိုယ်တွင်းရောင်ရမ်း ကလေးနဲ့COVID-19 အဖျားကြီး MIS-C SARS-CoV-2 အသက်အန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး

အဆင်အသွေး ယုဇနပန်း ရာသီဥတု ကျန်းမာရေး အသားအရေ အရေပြား သွားကိုက် သွားပိုးပေါက် သွားဖုံး သွားကိုက်သွားနာ မွေးကျွတ်နာ ကိုယ်အလေးချိန် အနာ မနက်ခင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ပဲသီးလေး နဲ့ ကျန်းမာရေး

ပဲသီးလေး နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020
ပုံရိပ်ဖော်နည်းပညာများကို COVID-19 ရောဂါရှာဖွေရေးတွင်အသုံးပြုခြင်း

ပုံရိပ်ဖော်နည်းပညာများကို COVID-19 ရောဂါရှာဖွေရေးတွင်အသုံးပြုခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020
ကျန်းမာရေးအသိပညာ ကြွယ်ဝသူတစ်ယောက် ဖြစ်လာဖို့

ကျန်းမာရေးအသိပညာ ကြွယ်ဝသူတစ်ယောက် ဖြစ်လာဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020

စိန်ခေါ်မှုအသစ်ဖြစ်လာတဲ့ ကိုဗစ်ကာလ အဝလွန်ခြင်းပြဿနာ Quarantine 15

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020