ရာသီတုပ်ကွေး ကာကွယ်ဆေးတွေကCOVID-19 ကိုကာကွယ်ပေးနိုင်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 18, 2020 . 2 mins read
Share now

မကြာခင်မှာ တုပ်ကွေးရာသီကို ရောက်လာတော့မှာပါ။တုပ်ကွေးရာသီရောက်ပြီဆိုရင် လုပ်နေကြအလုပ်က တုပ်ကွေး ကာကွယ်ဆေး ထိုးတာပါ။ အရင်နှစ်တွေနဲ့ မတူတာက ခုက COVID-19 ဖြစ်နေတယ်လေ။ ဒီတော့ ဒီ ရာသီတုပ်ကွေး ကာကွယ်ဆေးက COVID-19ကိုများ ကာကွယ်နိုင်မလားလို့ မေးချင်နေကြမှာပါ။ ဒီတော့ တကယ်ပဲ ကာကွယ်နိုင်လားဆိုတာ ကြည့်ကြည့်ရအောင်။

ရာသီတုပ်ကွေး ကာကွယ်ဆေးဆိုတာ ဘာလဲ။

ရာသီတုပ်ကွေးကို Influenza လို့ ခေါ်ပါတယ်။ Aနဲ့ Bဆိုပြီး ၂မျိုးရှိပါတယ်။ Influenza Aနဲ့ Influenza Bပေါ့။ သူတို့အောက်မှာ H1N1တို့ H3N2 တို့ စသဖြင့် မျိုးကွဲတွေ အများကြီး ရှိပါတယ်။ Strainလို့ ခေါ်ပါတယ်။ ဒီပိုးတွေက တစ်ချိန်တစ်ခါက ကမ္ဘာမှာ လူတော်တော်များများကို သေစေခဲ့တဲ့ ရောဂါတွေပါ။ တစ်နှစ်နဲ့ တစ်နှစ် Strain မတူတဲ့ အတွက် နှစ်တိုင်း ပြန်ထိုးနေရတာပါ။

COVID-19ကို ကာကွယ်ပေးနိုင်သလား။ 

COVID-19က ခုမှတွေ့တဲ့ ပိုးအသစ်ပါ။ ကာကွယ်ဆေးရဖို့ကိုလည်း ပညာရှင်များ ကြိုးစားနေကြဆဲပါ။ ခုထက်ထိလည်း ရာသီတုပ်ကွေး ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားလည်း မရှိသေးပါဘူး။ ဒါကြောင့် မကာကွယ်ပေးနိုင်ပါဘူးလို့ပဲ ပြောရမှာပါ။

ဒါဆို ကာကွယ်ဆေး မထိုးရတော့ဘူးလား။

ဒီလို မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် ပိုတောင် ထိုးထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့

  • ရာသီတုပ်ကွေးနဲ့ COVID-19 လက္ခဏာက ဆင်တူပါတယ်။ ဆရာဝန်တွေတောင် ခွဲခြားဖို့ အခက်ကြုံရပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးထားရင် ခွဲခြားရ နည်းနည်းလွယ်ပါတယ်။ (ဒါတောင် ရာနှုန်းပြည့် စိတ်ချရတာ မဟုတ်ပါဘူး။ ကာကွယ်ဆေးထိုးထားပေမယ့် တခြားပိုးကြောင့် တုပ်ကွေးဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒါက လူနည်းစုပါ။ )
  • ရာသီတုပ်ကွေးဖြစ်တဲ့အချိန်ကျရင် ခုခံအားကျသွားပါတယ်။ ဒါဆို COVID-19 ဝင်ဖို့ အလားအလာ များပါတယ်။ ဒီလိုသာ နှစ်မျိုးပေါင်း ဖြစ်ခဲ့ရင် ရောဂါဒဏ်ကို တော်တော်ခံရမှာပါ။

ရာသီတုပ်ကွေး ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးသင့်လဲ။

တတ်နိုင်လို့ လူတိုင်း ထိုးနိုင်ရင် ပိုကောင်းပါတယ်။ မဖြစ်မနေ ထိုးသင့်တဲ့ သူတွေကတော့

  • အသက်၆၅နှစ် အထက် သက်ကြီးရွယ်အိုတွေ
  • ကလေးငယ်တွေ
  • ကိုယ်ဝန်ဆောင်တွေ
  • နာတာရှည်ရောဂါအခံ ရှိတဲ့သူတွေ (ဥပမာ ဆီးချိုရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်မကောင်းတဲ့ သူတွေ၊ ကင်ဆာရောဂါရှိသူတွေ)
  • ခုခံအားမကောင်းတဲ့ သူတွေ (ဥပမာ HIV၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာဆေးသွင်းနေတဲ့ သူတွေ)

ဘယ်လို ထိုးရမှာလဲ။

၃မျိုးစပ်၊ ၄မျိုးစပ် စသဖြင့် အစားစား ရှိပါတယ်။ ထိုးရမယ့် အကြိမ်အရေအတွက်ကတော့ ကလေး အသက် ၆လကနေ ၉နှစ်ကြား တစ်ခါမှ မထိုးရသေးဘူးဆိုရင် ၂ကြိမ်ထိုးရမှာပါ။ တစ်လခြား ၂ကြိမ် ထိုးရမှာပါ။ ၉နှစ်အထက်တွေကတော့ အရင်က ထိုးဖူးတယ် ဖြစ်ဖြစ်၊ ခုမှ ထိုးမယ့်သူဖြစ်ဖြစ် ၁ခါထိုးရင် လုံလောက်ပါပြီ။

မနှစ်ကထိုးပြီးသား သူတွေလည်း ဒီနှစ် ပြန်ထိုးရမှာပါ။ တစ်နှစ်နဲ့ တစ်နှစ် ဖြစ်တဲ့ ပိုးခြင်းက မတူပါဘူး။

ကျွန်တော် ကျွန်မတို့က မတတ်နိုင်လို့၊ ဆေးမတည့်လို့ ကာကွယ်ဆေး မထိုးနိုင်ပါဘူး။

အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနိုင်ဘူး ဆိုရင်လည်း မကြာမကြာ လက်ဆေးပါ။ လူစုလူဝေး ရှောင်ပါ။ ကိုယ်ခံအားကောင်းအောင် နေပါ။ ဒါက ရာသီတုပ်ကွေး အပါအဝင် COVID-19 ကိုပါ ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

ရာသီတုပ်ကွေးချိန်မှာ နေမကောင်း ဖြစ်ခဲ့ရင်

ဒီနှစ် တုပ်ကွေးချိန်မှာလည်း မနှစ်ကလိုပဲ ဖျားကြဦးမှာပဲ။ ချောင်းဆိုးကြဦးမှာပါပဲ။ အရင်နှစ်တွေက ပြဿနာ မရှိပေမယ့်  ဒီနှစ်တော့ COVID-19 ဖြစ်နေတဲ့ အပြင် လက္ခဏာတွေကလည်း ဆင်တူလေးတွေ ဖြစ်လို့ ခွဲရတော်တော်ခက်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ နေကောင်းအောင် နေပါ။ ဖြစ်လာခဲ့ရင်လည်း ဆရာဝန်နဲ့ သွားပြပါ။ ဘာမှန်းမသိတဲ့ ဒီကာလမှာ ကိုယ့်ကိုယ်ကို ကြိတ်ကုတာ၊ ကိုယ့်သဘောနဲ့ ကိုယ် ပိုးသတ်ဆေးတွေ သောက်တာမျိုးကို ရှောင်ကြဉ်ပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

COVID-19 Outbreak updates
Country: Myanmar
Data

93,600

Confirmed

72,601

Recovered

1,998

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

မိန်းကလေးတွေအတွက်တော့ ကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက်လုံးဟာ တင်းတိပ်ထွက်နိုင်ခြေ ...

ရေးသားသူ Ye Myo Myat

ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

ဒီပြဿနာက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မကြာခဏ မေးတတ်ကြတဲ့ ကိစ္စတစ်ခုပါ။ များသောအားဖြင့် ...

ရေးသားသူ Ye Myo Myat
အရေပြားကျန်းမာရေး, အလှအပ နိုဝင်ဘာ 30, 2020 . 3 mins read

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဆိုးကြီး ပြီးဆုံးသွားပြီလား

Facebook တစ်ခွင်မှာ လူတော်တော်များများကို ကြည့်လိုက်ရင် အပြင်မှာ သူငယ်ချင်းတွေနဲ့ ...

ရေးသားသူ Ye Myo Myat
Corona Virus, COVID-19 နိုဝင်ဘာ 30, 2020 . 2 mins read

ဆောင်းတွင်းမှာ အဖျားအနာကင်းအောင် ဘယ်လိုအာဟာရဓာတ်တွေ ဖြည့်စွက်ဖို့ လိုအပ်မလဲ

ကိုယ်ခံအားကောင်းမွန်စေဖို့ဆိုရင် အာဟာရဓာတ်တွေကို ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ ဘယ်လိုအာဟာရဓာတ်တွေကို လိုအပ်လဲဆိုတာကို သိနားလည်ထားဖို့ လိုအပ်တယ်မဟုတ်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကပ်ဘေးနဲ့ ကင်းဝေးနေဆဲ တိုင်းပြည်များအကြောင်း

ကိုဗစ်ကပ်ဘေးနဲ့ ကင်းဝေးနေဆဲ တိုင်းပြည်များအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read
COVID ကာကွယ်ဆေးကို ပထမဆုံးအသုံးပြုမယ့် တိုင်းပြည် ဗြိတိန်

COVID ကာကွယ်ဆေးကို ပထမဆုံးအသုံးပြုမယ့် တိုင်းပြည် ဗြိတိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read
ကိုဗစ်ပျောက်သွားတောင် နေလို့ မကောင်းသေးတာ ဘာကြောင့်လဲ။

ကိုဗစ်ပျောက်သွားတောင် နေလို့ မကောင်းသေးတာ ဘာကြောင့်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 1, 2020 . 2 mins read

အသားပပ် အသားခြောက်ရခြင်းနောက်ကွယ်က တရားခံတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read