နိုဗယ်လ် ကိုရိုနာ ဗိုင်းရပ်စ် မြန်မာပြည်ကို ရောက်လာနိုင်သလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 3 mins read
Share now

ယနေ့ကမ္ဘာပေါ်မှာ လူပြောသူပြောများနေပြီး အရမ်းကို အန္တရာယ်ပေးနေတဲ့ 2019 Novel Corona virus (နိုဗယ်လ် ကိုရိုနာ ဗိုင်းရပ်စ်) လို့ ခေါ်တဲ့ ထူးဆန်းတဲ့ အဆုတ်ရောင် ရောဂါဗိုင်းရပ်စ်ဟာ လူ့အသက်တွေကိုပါ ချိန်းခြောက် အန္တရာယ်ပေးလာနေပြီဖြစ်ပါတယ်။ ဒီလို အန္တရာယ်ပြုနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပြင်းထန် အဆုတ်ရောင်ရောဂါဟာ မိမိတို့ရဲ့ အိမ်နီးချင်းတိုင်းပြည်တစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားနေတာဖြစ်ပြီးတော့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံကိုလည်း ရောက်ရှိလာနေပြီဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့တိုင်းပြည်ကိုရော ဒီရောဂါ ရောက်လာနိုင်မလား? ဘယ်လို တားဆီးကာကွယ်ကြမလဲဆိုတာကို လေ့လာကြည့်ရအောင်

ကိုရိုနာဗိုင်းရပ်စ်ဆိုတာဘာလဲ

အရင်ဆုံး ဒီရောဂါနဲ့ ဗိုင်းရပ်စ်အကြောင်းကို ပြောချင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဗိုင်းရပ်စ်မျိုးနွယ်စုဖြစ်ပြီးတော့ မျိုးစိတ်အများအပြားရှိပါတယ်။ ဗိုင်းရပ်စ်အမျိုးအစားပေါ်မူတည်ပြီး သာမန်အအေးမိခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်းစသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားလေ့ရှိပြီး ပြင်းထန်သော လူနာများတွင် အဆုပ်ရောင်ရောဂါ (Pneumonia)ဆားစ်ရောဂါ (SARS) ၊ မားစ် (MERS) ရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်းများဖြစ်ပွားနိုင်ပါတယ်။ အသက်လည်း ဆုံးရှုံးနိုင်ပါတယ်။

အဲ့ဒီရောဂါဟာ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်ပြီး တရုတ်နိုင်ငံဝူဟန်မှာမှာ စတင်ဖြစ်ပွားနေပြီး လက်ရှိမှာတော့ စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ထိုင်ဝမ်၊ အမေရိကန်နဲ့ ဟောင်ကောင်တို့မှာ အဆိုပါရောဂါ သံသယရှိ လူနာတွေနဲ့ ရောဂါပိုးရှိသူတွေကို တွေ့ထားရပါတယ်။ တရုတ်မှာတော့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အဆိုပါ ထူးဆန်းတဲ့ အဆုတ်ရောင် ရောဂါဗိုင်းရပ်စ်တမျိုးကူးစက်ခံရသူ လူနာတဦး စတင် သေဆုံးခဲ့ပြီး လက်ရှိမှာတော့ သေဆုံးသူ ၉ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။

ဘယ်လို ကူးစက်နိုင်သလဲ

ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပြင်းထန် အဆုတ်ရောင်ရောဂါသည်တွေဟာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း စသည့်တုပ်ကွေးဆန်တဲ့ ရောဂါလက္ခဏာတွေ ခံစားရမှာဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောဆိုထားပါတယ်။ ကူးစက်ပုံနဲ့ ပတ်သက်လို့တော့ ယခင်တုန်းက လူ-လူချင်း ကူးစက်နိုင်ဖွယ်မရှိဘူးလို့ ယူဆထားခဲ့ပေမယ့် ခုချိန်မှာတော့ လူချင်းထိတွေ့မှုကနေတဆင့် ကူးစက်နိုင်ကြောင်း အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ လက်ရှိထက်ပိုပြီး ပျံ့နှံ့လာနိုင်သလို မျိုးဗီဇလည်းပြောင်းလဲနိုင်တယ်လို့ တရုတ်ကျန်းမာရေးဌာနက တာဝန်ရှိသူတွေက ဝန်ခံလိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအခြေအနေဟာ ပေါ့ဆသင့်တဲ့ အနေအထားမျိုးတော့မဟုတ်ပါဘူး။

လက်ရှိမှာ ဘယ်လိုအခြေအနေမျိုးရှိနေသလဲ

လက်ရှိမှာ သေဆုံးသူအရေအတွက် ၉ ဦးအထိ ရှိလာနေပြီဖြစ်သလို အတည်ပြုပြီး ရောဂါပိုးကူးစက်ခံရသူအရေအတွက်ဟာလည်း ၄၄၀ အထိ တိုးပွားလာနေပါတယ်။ လက်ရှိအနေအထားဟာ ရောဂါကိုထိမ်းချုပ်ဖို့အတွက် အရေးအပါဆုံးအချိန်ဖြစ်နေတယ်လို့ တာဝန်ရှိသူတွေဘက်ကတော့ ထုတ်ပြောထားပါတယ်။ တရုတ်တာဝန်ရှိသူတွေဟာ လက်ရှိအချိန်အထိ ရောဂါရဲ့ မူလအရင်းအမြစ်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။

တရုတ်နိုင်ငံဟာ ၂၀၀၃ ခုနှစ်တုန်းဖြစ်ပွားခဲ့တဲ့ ဆားစ် (SARS) ရောဂါ စတင်ရာ တိုင်းပြည်ဖြစ်ပါတယ်။ WHO ရဲ့ မှတ်တမ်းတွေအရ အဲဒီတုန်းက ဆားစ်ရောဂါကြောင့် လူနာ ၇၇၄ ဦးအထိ သေဆုံးခဲ့ပြီး လူ ၈၀၉၈ ဦးအထိ ကူးစက်ခံခဲ့ရဖူးပါတယ်။

မြန်မာပြည်ကို ရောက်လာနိုင်သလား

လက်ရှိအချိန်ကာ တရုတ်နှစ်သစ်ကူးကာလဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ တရုတ်ခရီးသွားတွေဟာ တရုတ်တစ်နိုင်ငံလုံးကိုသာမက တစ်ကမ္ဘာလုံးကိုပါ ခြေဆန့်ခရီးနှင်ကြဖို့ရှိနေတာမို့ ဒီရောဂါပိုး မြန်မာပြည်ကို ရောက်လာနိုင်သလားဆိုတာကလည်း အရေးပါတဲ့ မေးခွန်းတစ်ရပ်ဖြစ်လို့နေပါတယ်။

လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံအတွင်း ရောဂါပိုးကူးစက်ခံထားရတဲ့ တရုတ် ခရီးသွားအမျိုးသမီးတစ်ဦးကို တွေ့ရှိထားပါတယ်။ ထိုင်း၊ ဂျပန်၊ ထိုင်ဝမ်နဲ့ အမေရိကန်နိုင်ငံတွေကိုလည်း အဆိုပါရောဂါပိုး ကူးစက်ခံထားရတယ်လို့ သံသယရှိသူတွေရော ရောဂါပိုးရှိနေသူတွေပါ တွေ့ရှိနေရတာမို့ နယ်စပ်ဖြတ်ကျော် ကူးစက်ရောဂါကပ်ဘေးတစ်ခုဖြစ်လာမှာကို စိုးရိမ်ပူပန်မှုတွေလည်း နိုင်ငံတကာအသိုင်းအဝိုင်းအကြားမှာ မြင့်တက်လာနေပါတယ်။

မြန်မာပြည်မှာတော့ ကမ္ဘာလှည့် ခရီးသွားတွေ အဓိကဝင်ထွက်ရာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် လေဆိပ်သုံးခုမှာ စက်တွေနဲ့စနစ်တကျ စောင့်ကြည့်စစ်ဆေးနေတယ်လို့ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာနက ပြောဆိုထားပါတယ်။ လက်ရှိအချိန်အထိ တိုင်းပြည်ထဲကို ဝင်ရောက်လာတဲ့ ခရီးသွားတွေထဲမှာ တရုတ်နိုင်ငံက ထူးဆန်းတဲ့ အဆုတ်ရောင် ရောဂါဗိုင်းရပ်စ် ကူးစက်မှုမရှိသေးဘူးလို့ သိထားရပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ခရီးသည်တွေအနေနဲ့ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်းစတဲ့ တုပ်ကွေးဆန်တဲ့ ရောဂါလက္ခဏာတွေ လက်ရှိဖြစ်ပွားလျက်ရှိပါက (သို့မဟုတ်) လွန်ခဲ့သော (၁၄) ရက်အတွင်း ရောဂါလက္ခဏာများဖြစ်ပွားခဲ့ပါက (သို့မဟုတ်) ရောက်ရှိပြီး (၁၄) ရက်အတွင်း အဆိုပါရောဂါလက္ခဏာများ ဖြစ်ပွားပါက လေဆိပ်ကျန်းမာရေးဌာ ဒါမှမဟုတ် နီးစပ်ရာကျန်းမာရေးဌာနများမှာ ကုသပေးနိုင်ရေးအတွက် အမြန်ဆုံး သတင်းပေးပို့ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။

ဒါပေမယ့်လည်း တရုတ်နိုင်ငံနဲ့ နယ်နိမိတတ်ထိစပ်မှု ၂၂၀၄ ကီလိုမီတာ (၁၃၇၀ မိုင်) ၊ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်မှု ၂၁၀၇ ကီလိုမီတာ (၁၃၀၉.၈ မိုင်) အထိရှိနေတဲ့ မြန်မာနိုင်ငံအနေနဲ့ နယ်စပ်ဝင်ပေါက်တွေကနေ ရောဂါပိုးဝင်ရောက်မှုမရှိအောင် ထိမ်းချုပ်နိုင်စွမ်းရှိမရှိကတော့ အတိအကျမသိနိုင်သေးပါဘူး။ တာဝန်ရှိသူတွေဘက်ကလည်း နယ်စပ်ဒေသတွေမှာ ရောဂါပိုးထိမ်းချုပ်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုအစီအစဉ်တွေရှိနေတယ်ဆိုတာကို ထုတ်ဖော်ဖွင့်ဟထားခြင်းမရှိသေးပါဘူး။

BBC ရဲ့ သတင်းတစ်ရပ်အရ နယ်စပ်ဂိတ် တွေဖြစ်တဲ့ မူဆယ်၊ တာချီလိတ်နှင့် မြဝတီဂိတ်တို့ကနေ ဝင်ရောက်လာမယ့် ခရီးသွားတွေကိုတော့ စက်နဲ့စစ်ဆေးတာတွေ မလုပ်နိုင်သေးဘူးလို့ ဆိုထားပါတယ်။ ဒါကြောင့် အထူးသတိထားရမယ့် အခြေအနေဖြစ်ပါတယ်။

ရောဂါပိုး မကူးစက်အောင် ဘယ်လိုနေထိုင်မလဲ

ကျန်းမာရေးဝန်ကြီးဌာနကတော့ ရောဂါပိုးကူးစက်မခံရအောင် အောက်ပါနည်းလမ်းတွေအတိုင်း ပြုမူနေထိုင်ဖို့ ကြိုတင်သတိပေးချက် ထုတ်ပြန်ပေးထားပါတယ်။

အဆိုပါ နည်းလမ်းတွေကတော့ …

• ဖျားနာ၊ ချောင်းဆိုး၊ နှာချေခြင်းစတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာခံစားနေရသူတွေနဲ့ နီးကပ်စွာနေထိုင်ခြင်းမှ ရှောင်ရှားရန်၊
• လူထူထပ်တဲ့ နေရာတွေကို သွားလာတာမျိုးကို ရှောင်ကျဉ်ရန်၊
• နှာစေး၊ ချောင်းဆိုးတဲ့အခါ နှားခေါင်းနဲ့ ပါးစပ်ကို လုံခြုံအောင် ကာကွယ်နိုင်ဖို့ လုံခြုံတဲ့ အဝတ်စနဲ့ နှာခေါင်းစည်းတွေ အသုံးပြုရန်၊
• တိရစ္ဆာန်တွေကို တိုက်ရိုက်ထိတွေ့တာမျိုး ရှောင်ကျဉ်ရန်၊
• လူနာနဲ့ ထိတွေ့ထားတဲ့ အရာဝတ္ထုတွေကို ထိတွေ့ကိုင်တွယ်ပြီးတိုင်း၊ လူနာနဲ့ တိုက်ရိုက်ထိတွေ့ပြီးတဲ့အခါတိုင်း စနစ်တကျ လက်ဆေးရန်၊
• ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့လည်း လူနာနဲ့ ထိတွေ့ကိုင်တွယ်ရတဲ့ အချိန်တိုင်း မိမိကိုယ်ကို ရောဂါပိုးကူးစက်ခံရခြင်းမရှိစေရန် Infection Prevention and Control အား အထူးပြုလိုက်နာရန်၊
• အပြည်ပြည်ဆိုင်ရာ လေဆိပ်များဆီသို့ လေကြောင်း ခရီးမှတဆင့် ဝင်ရောက်လာသော ပြည်တွင်း/ပြည်ပ ခရီးသည်များအနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အပြည်ပြည်ဆိုင်ရာခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာ အကြံပေးချက် (Travel Advice) ကို လိုက်နာရန်တို့ပဲ ဖြစ်ပါတယ်။

COVID-19 Outbreak updates
Country: Myanmar
Data

34,875

Confirmed

373

Recovered

567

Death
Distribution Map

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစားအစာများမှ ကိုဗစ်ပိုးကူးနိုင်ခြေနည်းကြောင်း ပညာရှင်များပြောကြား

အစားအစာ ကိုဗစ် Covid-19 Mask ကိုရိုနာ အိမ်ထောင်ရှင် မိသားစု စားဝတ်နေရေး ချက်ပြုတ် ကြော်လှော် အသားငါး ဟင်းသီးဟင်းရွက် အသီးအနှံ ဆပ်ပြာ လက်ဆေး ရောဂါပိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

နေအိမ်ကွာရန်တင်းဝင်နေသူတွေအတွက် စားသောက်မှုပုံစံလမ်းညွှန်ချက်

ကွာရန်တင်းဝင်နေသူတွေဟာ နေချင်သလိုနေတာ၊ စားချင်သလိုစားတာတွေ ပြုလုပ်မိကြပြီး ကျန်းမာရေးနဲ့မကိုက်ညီစွာ နေထိုင်စားသောက်မိတာတွေရှိလာနေကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Covid-19 ကူးစက်ခံရသူမှာ ရောဂါလက္ခဏာလုံးဝမပြတာရော ဖြစ်နိုင်လား

Covid-19 Mask Swab Test ဗိုင်းရပ်စ် ကပ်ဘေး ကပ်ရောဂါ ချောင်းဆိုး ချောင်းခြောက် အသက်ရှူကြပ် အနံ့ အရသာ ကိုယ်ခံအား ရောဂါပိုး လက္ခဏာ အဆုတ် အသက်ကြီးသူ မိသားစု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

အိမ်မှာပဲ နေပါ။

အိမ်မှာနေပါ။ ကိုဗစ်ကို အထိရောက်ဆုံး ကာကွယ်ပါ။ ကိုဗစ် ဖြစ်ပွားနေချိန်မှာ အထိရောက်ဆုံး ကာကွယ်နိုင်မယ့် နည်းလမ်းတွေထဲကတစ်ခုက အိမ်မှာနေခြင်းပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ပန်းနာရင်ကြပ် ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ပန်းနာရင်ကြပ် ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read

ကြက်စွပ်ပြုတ်နဲ့ မိုးတွင်းအာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 3 mins read

နှစ်ရက်တိတိ ရေမချိုးတဲ့အခါ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read

ကိုဗစ်ကာကွယ်ဆေးကို မျှော်လင့်ရုံမှလွဲ၍ တခြားနည်းလမ်းမရှိ…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 29, 2020 . 2 mins read