Genital Warts

1.လိင်အဂါ ကြွက်နို့ဖြစ်စေတဲ့ HPV virus ကို ယောကျားလေးတွေမှာ စစ်လို့ရပါသလားဗျာ့။ စစ်လို့ရတယ်ဆို မည်သို့သောနေရာမှာ စစ်လို့ပါသလည်းဗျာ့။

2. လိင်အင်ဂါ ကြွက်နို့ ဖြစ်စေတဲ့ HPV Type အမျိုးအစားလည်း သိခွင့်ရမယ်ဆို သိချင်ပါတယ်ဆရာ။

3.ကြွက်နို့ပြန်မဖြစ်အောင် ဘယ်လိုနေထိုင်စားသောက်ရမလည်း ဆိုတာရယ် ကိုယ်ခံအားကောင်းအောင် လူလည်းမထိအောင် စွဲသောက်လို့ရမယ့် ဆေးလည်းသိချင်ပါတယ်ဆရာ။

4.မကြာမီ အိမ်ထောင်ပြုတော့မှာ ဖြစ်တာကြောင် အိမ်ထောက်ဘက်အမျိုးသမီးကိုရော ကူးနိုင်ပါလားဆရာ။ သူကတော့ သားအိမ်ခေါင်းကာကွယ်ဆေး 16/18 ကို 2012 အသက် 20 အရွယ်တုန်းက ထိုးထားပါတယ်ဆရာ။အောက်ကပုံလေးက သူထိုးထားတဲ့ဆေးပါဆရာ။

5.သူက Pap Smear Test လည်း စစ်ပီးပါပြီ ဆရာ HPV မရှိပါဘူးဆရာ။

6.ပြီးတော့ Gadasil-4 ကိုရော ထက်ထိုးထို့ရပါလားဆရာ။ သူက လိင်အဂါကြွက်နို့ပေါက်တာကို ကာကွယ်နိုင်လားဆရာ။ အိမ်ထောင်ဘက်က သားအိမ်ခေါင်းကင်ဆာထက် ကြွက်နိ့ပေါက်မှာကို ပိုကြောက်နေလို့ပါဆရာ။

ကျွန်တော်က Std ဆရာဝန် တစ်ယောက်နဲ့ လွန်ခဲ့တဲ့ နှစ်လက ဆေးခန်းမှ ကုထားတာပါ။ ပျောက်လား မပျောက်လားလည်းသေချာမပြောလို့ ဆေးခန်းကြီးပဲ ခဏခဏ ခေါ်နေလို့ ငွေကြေးပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော တော်တော်ထိခိုက်နေလို့ပါဆရာရေ။

ကျေးဇူးပြု၍ ဖြေကြားပေးပါဦးနော်

ကျွန်တော်စဖြစ်တုန်းက ပုံနဲ့ ကုသပြီးတဲ့နောက်ပုံကိုတွဲပို့ပေးပါတယ်ဆရာ

Genital WartsGenital Warts
Genital WartsGenital Warts
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
366
1

မှတ်ချက် 1ခု

1. HPVကိုအမျိုးသားတွေမှာ စစ်လို့မရပါ

2. HPV 6, 11

3. ကိုယ်ခံအားကောင်းအောင် နေရင် ရပါပြီ။ ဆေးစွဲသောက်စရာ မလိုပါ။

4. 16/18ပဲ ထိုးထားတယ်ဆိုရင် မျိုးမတူတဲ့အတွက် ကူးနိုင်ပါတယ်။ HPVချင်းတူတာကြောင့် အနည်းအပါးလောက်တော့ အာနိသင်ရနိုင်ပါတယ်။

5.Pap smearက ပုံမှန်မဟုတ်တဲ့ ဆဲလ်ရှိမရှိပဲ စစ်တာပါ။ HPVက သက်သက်စစ်ရပါတယ်။

6.Gardasil 4ကို ထိုးချင် ထပ်ထိုးနိုင်ပါတယ်။ မထိုးခင်မှာ သားဖွားမီးယပ်ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ လိင်ပိုင်းဆိုင်ရာ ထိတွေ့မှုရှိထားတယ်ဆိုရင် ကူးပြီးသားလည်း ဖြစ်နိုင်တဲ့အတွက် ကာကွယ်ဆေးထိုးမယ်ဆိုရင် အာနိသင်သိပ်မရနိုင်ပါ။ HPVက ကူးခံရပေမယ့် ကြွက်နို့မပေါက်တာလည်း ရှိနို်င်လို့ပါ။

ကြွက်နို့က ကုသလို့ရတာကြောင့် အမျိုးသမီးကို သိပ်မကြောက်ဖို့ ပြောပြထားပါ။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။