Pregnant health
တစ်ခုလောက်မေးချင်လို့ပါ ဆရာ
ကျမက ဆေးလိပ်သောက်တတ်သူပါ
ကိုယ်ဝန်ရှိနေမှန်းမသိပဲနဲ့ ဆေးလိပ်နဲ့ အရက်နည်းနည်းသောက်မိပါတယ် ရာသီလာရမယ့်ရက်မှာ မလာတာနဲ့ ချက်ချင်းစစ်လိုက်တာ ကိုယ်ဝန်ရှိမှန်းသိတာနဲ့ ဆေးလိပ်တန်းဖြတ်ခဲ့ပါတယ် အဲ့ဒါကလေးအတွက်ထိခိုက်နိုင်လား ဆရာ ကျေးဇူးပြုပြီးဖြေကြားပေးပါရှင့်















အခုကတော့ ဘာမှသေချာ မပြောနိုင်သေးပါ။ လရင့်လာရင် ကိုယ်လက်အင်္ဂါစုံမစုံ အယ်ထွာဆောင်းရိုက်ရပါလိမ့်မယ်။ အဲ့မှသာ သိနိုင်ပါမယ်။ ကိုယ်ဝန်ရှိစဆိုရင် ဖောလစ်အက်စစ် သောက်ပေးပါ။