Pregnancy Test
ဆရာရှင့် ရာသီလာပြီး ၁၀ရက်မြောက်နဲ့ ၁၁မြောက်နေ့မှာအတူတူနေခဲ့ပါတယ်
အရေးပေါ်တားဆေးလဲ သောက်ထားပါတယ်ရှင့် ပြီးတော့ အခု အတူတူနေပြီး ၈ရက်မြောက်မှာ ဆီးက ၁နာရီကြားတခါ သွားနေသလို ခံစားရပါတယ် သွားချင်သလိုလို ဖြစ်နေသလိုပါပဲရှင့်
ဆီးစစ်ကြည့်လို့ရပြီလားရှင့် ကိုယ်ဝန် ရှိနေတာလားရှင့်တူတူနေပြီး ၈ရက်မြောက်ပဲ ရှိပါသေးတယ်ရှင့်
ဖြေပေးပါဦးဆရာရှင့်
တခြား သွေးဆင်းတာတော့မရှိပါဘူး အဖြူဆင်းတာကလဲ ဒီရက်ပိုင်းအစပ်တွေစားလိုလို့ ထင်မိပါတယ် ခါတိုင်းလဲဆင်းနေကြဆိုတော့ပါ
အရင်ကလဲ သားဥ ပြွန်မှာကလေးတည်ဖူးလို့ လက်တံ ဖြတ်လိုက်ရပါတယ် အခုထပ်ရှိရင်လဲ အဲ့လို ဖြစ်တတ်လားရှင့်
အခုရှိလားမရှိလားသိရအောင် ဆေးခန်းကိုသွားသင့်လားရှင့်ဆရာ မိန်းမကိုယ်ထဲ ထည့်ရိုက်တဲ့ အန်ထရာစောင်းရိုက်သင့်နေပြီလားရှင့်ဆရာ
ရာသီလာရက်လိုပါသေးတယ်ရှင့် ဆီးသွားနေလို့စိတ်ထဲမှာ စိုးရိမ်တာပါရှင့်
အရင်ကလဲ ဆီးသွားပြီး ကိုယ်ဝန်ရှိခဲ့ဖူးတော့
ဘယ်လိုလုပ်သင့်လဲရှင့်ဆရာ

















ကိုယ်ဝန်ကိုစိတ်ပူရင် အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ရာသီလာရမယ့်ရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။