Article
မဂ်လာပါဆရာ🙏🙏🙏
ကောင်မလေးကအစာစားပြီးရင်
ရင်ပြည့်သလို အန်ချင်သလို
ဖြစ်ဖြစ်နေတယ်ပြောတယ်ဆရာ။
(ဆောင်းတွင်းပိုင်း မို့လားတေ့ာမသိဘူး)
အတူနေစဥ်ကအကာအကွယ်သုံးပြီး
သုတ်လဲမလွှတ်ခဲ့ပါဘူး။
အတူနေပြီး တစ်လအကြာမှာ
ဓမ္မတာတစ်ခါလာပါတယ်ဆရာ။
ခုတေ့ာမလာတာ
2 လနီးပါးရှိပါပြီဆရာ။(အများဆုံး3လလောက်ထိကြာဖူး)
ကိုယ်ဝန်ရှိနိုင်မရှိနိုင်
ဖြေကြားပေးပါဆရာ















အတူနေပြီး ရာသီလာသွားတယ်ဆိုရင်တော့ ကိုယ်ဝန်မရှိလို့ပါ။ တခြားအကြောင်းကြောင့် မလာတာ ဖြစ်နိုင်ပါတယ်။ ၂လလောက် ရှိပြီဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြကြည့်ပါ။