ကိုယ်၀န်ရနိုင်ခြေများမများ(အရေးပေါ်တားဆေးသောက်ဖို့လိုမလို)

July 16ရက်နေ့မှာ ကွန်ဒုံးသုံးပြီးအတူ နေပါတယ်ဗျ အရေးပေါ်တားဆေးလည်းသောက်လိုက်ပါတယ် July 22မှာ ရာသီလာပါတယ် 4ရက်ကြာပါတယ်ဗျ ရာသီလာရက်ကတော့ပုံမှန်မရှိပါဘူးဗျ အရင်လက 45ရက်ကြာပြီး ဒီလ 21ရက်ထဲနဲ့လာတာပါ ရာသီလာပြီးခြောက်ရက် အကြာ July 27ရက်နေ့မှာ ကွန်ဒုံးသုံးပြီးအတူထပ်နေပါတယ် ကွန်ဒုံးပေါက်တာတွေချော်တာတွေတော့မရှိပါဘူးဗျ ဒါပေမဲ့ ကိုယ်၀န်မရအောင်သေချာဖို့ အရေးပေါ်တားဆေးသောက်ဖို့လိုမလို သိချင်ပါတယ်ဗျ အရင်သောက်ထားတဲ့ရက်နဲ့ 10ရက်ဘဲခြားတဲ့အတွက်ကျန်းမာရေးကိုလည်းထိမှာစိုးရိမ်လို့ပါ အရေးပေါ်တားဆေးမသောက်ဘဲနေလိုက်ရင်လည်း ကွန်ဒုံးတစ်မျိုးတည်းအသုံးပြုထားတဲ့အတွက် ကိုယ်၀န်ရနိုင်ခြေ များမများသိချင်ပါတယ်ဗျ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
9
1

မှတ်ချက် 1ခု

ကွန်ဒုံးက သေချာသုံးထားရင်တော့ ကိုယ်ဝန်ရနိုင်ခြေ နည်းပါတယ်။ အရေးပေါ်တားဆေးသောက်မယ်ဆိုလည်း သောက်လို့ ရပါတယ်။

အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။

ဒါတွေက အသက်အန္တရာယ်မရှိပါဘူး။ မလိုချင်ဘဲ ကိုယ်ဝန်ရသွားတာထက်စာရင်တော့ တော်ပါသေးတယ်။

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်