ကိုယ်ဝန်
မဂ်လာပါဆရာ
ကျနော် LMP က June 25 တုန်းကပါ အမျိုးသားနဲ့အတူနေဖြစ်တာက သားဥကြွေတဲ့ နောက်ဆုံး၂ရက်မှာ အတူနေဖြစ်ခဲ့ပါတယ် ပုံမှန်ဆို ကျနော်က period မှန်တဲ့သူပါ July 21 မှာ လာရမှာ မလာပဲ ခေါင်းတွေမူးပြီး နေလိူ့မကောင်းလို့ ဆီးစစ်ကြည့်တော့ ၂ကြောင်းပေါ်နေပါတယ် ၃ကြိမ်စစ်တာ ၃ကြိမ်လုံးပေါ်ပါတယ် အဲ့တာ ကိုယ်ဝန်ရှိပြီလို့ ယူဆလို့ရနိုင်ပါသလားဆရာ

















ဆီးစစ်တာ မှန်တယ်ဆိုရင်တော့ ဒါကိုယ်ဝန်ပါ။ နီးစပ်ရာ သားဖွားမီးယပ်ဆရာဝန်နဲ့ ကိုယ်ဝန်အပ်ထားပါ။ မအပ်ရသေးရင်တော့ ကိုယ်ဝန်ဆောင်အားဆေး သောက်ပါတော့။