ကိုယ်ဝန်ရနိုင်ခြေရှိမရှိ
တူတူနေစဥ်တွင် အဖြူဆင်းနေပါတယ်
နေပီးချိန်တွင်လဲ သားအိမ်ထိခိုက်မှာဆိုးလို့ ဆေးမသောက်ထားပါဘူး အကာအကွယ်မပါပဲ နေမိပါတယ်
သုတ်ကိုအပြင်လွှတ်ပေမဲ့ အရည်ကြည်တွေကြောင့်ကိုယ်ဝန်ရှိလာမည်ကို အရမ်းစိုးရိမ်နေရပါတယ်ရှင် အခုဆို ရက်တော်တော်ကြာနေပါပီရှင့် သွေးမဆင်းတော့တာပါ အဖြူလဲမဆင်း ရာသီသွေးလဲ မဆင်းတော့တာပါ ပုံမှန်ဆို တလသုံးကြိမ် ပုံမှန်ရာသီသွေးဆင်းပါတယ်ရှင်
ယခုတခေါက်က မဆင်းတာရက်လဲတော်တော်ကြာနေပီမို့ ဖစ်နိုင်ချေ ရှိပါသလားရှင် ဖြေပေးပါအုန်းနော်















အရေးပေါ်တားဆေးတွေက သားအိမ်ထိခိုက်မယ်ဆိုတာ မဟုတ်ပါဘူး။ ကင်ဆာလည်း မဖြစ်စေသလို နောက်ပိုင်း ကေလးရဖို့ ခက်တယ်ဆိုတာလည်း မဟုတ်ပါဘူး။
အဲ့တော့ ကိုယ်ဝန်မလိုချင်ဘူးဆိုရင် တားဆေး ဒါမှမဟုတ် ကွန်ဒုံးသုံးပါ။ ခဏခဏ နေဖြစ်ရင် ပုံမှန်သုံးရတဲ့ တားဆေးတစ်ခုခု သုံးပါ။
အခုကတော့ အကာအကွယ်မဲ့ နေထားတယ်ဆိုတော့ ရာသီရက်ကျော်သွားရင် ဆီးစစ်ကြည့်လိုက်ပါ။