ကိုယ်ဝန်ရနိုင်ခြင်း ရှိ/မရှိ
ကျွန်တော့ကောင်မလေးက 31.5.2023 မှာရာသီစလာခဲ့ပြီး 5.6.2023 မှာပြီးသွားပါတယ် အဲဒီ့နေ့မှာပဲ အတူတူနေခဲ့ပါတယ်။ Condom လည်းသုံးခဲ့ပါတယ်။ ပုံမှန်ရာသီလာတာစောပေမယ့် အခုမှပထမဆုံးနေဖူးတာမို့ နောက်ကျနေသလိုခံစားရလို့ပါ။ ကိုယ်ဝန်ရနိုင်/မရနိုင်လေး သိချင်ပါတယ်ခင်ဗျ။















ကွန်ဒုံးကို သေချာသုံးခဲ့တယ်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ခြေ နည်းပါတယ်။ ရာသီရက်တွေက စောတာ၊ နောက်ကျတာ ရှိတတ်ပါတယ်။ စိတ်ထဲ မသင်္ကာရင်တော့ ဆီးစစ်ကကြည့်လိုက်ပါ။