ကိုယ်ဝန်လွယ်စဥ် ဖြစ်ပေါ်နေတဲ့ မိခင်ရဲ့စိတ်နဲ့ မွေးပြီး ထွက်လာမဲ့ ကလေးရဲ့စိတ် သက်ရောက်မှု ရှိနိုင်သလား
မင်္ဂလာပါဆရာ
ကျွန်မတခုလောက်သိချင်လို့ပါရှင့်
ခုက ဒုတိယကိုယ်ဝန်ဆောင်ထားတာပါ
ပထမကိုယ်ဝန်တုန်းက လိင်စိတ်ဘာညာမရှိပါဘူးရှင့် ခု ကိုယ်ဝန်နဲ့မှ အဲ့လို စိတ်တွေ အရမ်းဖြစ်နေလို့ပါ
မိခင်က အဲ့စိတ်ကြီး အရမ်းဖြစ်နေရင် ထွက်လာတဲ့ baby က အထန် လေးဖြစ်လာမလားဆိုပြီး စိတ်ပူနေလို့ပါရှင့် အာရုံလွှဲလည်းမရပါဘူး တရားနာလည်း ခဏပါပဲ ပထမ baby တုန်းက 2ယောက်လုံး အတူမနေဖြစ်ကြပါဘူး ခု baby လေးကိုယ်ဝန်နဲ့မှ ကိုယ်ဝန်ကြီးနဲ့လည်း တခါတ လေ နေမိလို့ပါရှင့်
အဲ့ဒါ ကိုယ်ဝန်လွယ်စဥ် ဖြစ်ပေါ်နေတဲ့ မိခင်ရဲ့စိတ်နဲ့ မွေးပြီး ထွက်လာမဲ့ ကလေးရဲ့စိတ် သက်ရောက်မှု ရှိနိုင်သလား သိချင်လို့ပါရှင့်
















ဘာမှမဖြစ်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် မိခင်မှာ လိင်စိတ်တိုးတာ သဘာဝပါ။
ကိုယ်ဝန်တစ်ခုနဲ့ တစ်ခုလည်း မတူပါ။
ကလေးကိုလည်း မထိခိုက်ပါ။ ဒါကြောင့် ဒါကို စိတ်သောကရောက်မနေပါနဲ့။