Hello Sayar စာရှည်သွားရင် တောင်းပန်ပါတယ်
ကောင်မလေးနဲ့ ၈လပိုင်းလကုန်မှာ condomနဲ့ sex ခဲ့ပါတယ်(မပေါက်မပြဲပါဘူး) ၈လပိုင်း 30 ရက်နေ့ရာသီသွေးဆင်းခဲ့ပါတယ် ၉လပိုင်း 28ရက်နေ့ည၁၁နာရီလောက်ကလည်း ရာသီသွေးဆင်းပါတယ်(၃/၄ရက်လောက်ပါ) ၉လပိုင်းကနေပြီးတော့ ဒီနေ့အထိ sex တစ်ကြိမ်မှမလုပ်ခဲ့ပါဘူး ဒါပေမယ့် ဒီလ ၁၀လပိုင်း ပုံမှန် 26 ရက်နေ့လာရမှာကို ဒီနေ့အထိမလာသေးဘူးဖြစ်နေလို့ပါဆရာ
Sex မလုပ်ခဲ့တဲ့အတောအတွင်းကြားမှာလည်း ၉လပိုင်းမှာရာသီတစ်ခါဆင်းပါသေးတယ်
မနေ့ကနေ့လည်က ဗိုက်အောင့်တယ်ဘာညာဖြစ်နေပြီး ညနေကြဗိုက်အောင့်တာသက်သာသွားပါတယ် ဒါပေမယ့် ညနေကြ ခေါင်းမူးတယ်/နှာစေးတယ်/ညောင်းတယ်ဘာညာဖြစ်ပြီး ညကျတော့ ခေါင်းမူးဘာညာသက်သာပြီး ဗိုက်ထပ်အောင့်ပါတယ် ဒီနေ့ကြဗိုက်အောင့်တာပြန်သက်သာသွားပါပြီ စိုးရိမ်ရပါသလားဆရာ အရင်၄ရက်၅ရက်လောက်ကတော့ အဖြူရည်တွေဆင်းသေးပါတယ်ဆရာ
ကျွန်တော်ကအတွေးလွန်တတ်တဲ့လူမျိုးပါ အရမ်းစိတ္တဇဖြစ်နေလို့ပါ living alone နေထိုင်သူဆိုတော့ အရမ်းအတွေးများတတ်လို့ပါ
ဘယ်ရက်တွေကြရင်ဆီးစစ်သင့်ပြီး ဘာတွေလုပ်သင့်လဲပြောပါဦးဆရာ ကေသီပန်ဘာညာရောသောက်သင့်လားဆရာ(ကေသီပန်သောက်လိုက်လို့ သွေးဆင်းနေရင် ရာသီလာပြီဆိုပြီးကလေးမရှိတော့ဘူးလို့ မှတ်လို့ရပါသလားဆရာ)
ရာသီမလာလို့မိဘတွေကိုအသိပေးပြီး ဆေးခန်းပြရင်ကြတော့ ဆေးခန်းရောက်မှ pregnant ကြောင့်ဖြစ်နေရင် အဆင်မပြေလို့ပါဆရာ
ရာသီပုံမှန်လာနေရင်တော့ ကိုယ်ဝန်မရှိဖို့ များပါတယ်။
ရာသီရက်တွေက နဂိုတည်းက စောတာ၊ နောက်ကျတာ ဖြစ်တတ်ပါတယ်။
ကေသီပန်နဲ့ ပတ်သက်လို့ မသိပါ။
စိတ်ပူရင် ဆီးစစ်ကြည့်လို့ရပါတယ်။
ဆေးခန်းသွားဖို့ မိဘခေါ်စရာမလိုပါ။ အသက်ပြည့်ပြီမလား။