Question
ကျွန်တော့မှာ Bပိုးရှိနေလို့ပါ (ပိုးအကောင်ရေ 1000ကျော်နဲ့ဆေးသောက်နေပါတယ်) ကောင်မလေးကိုကူးသွားမှာကြောက်လို့ ဆေးထိုးရင်လဲ ၃ကြိမ်လုံးပြည့်မှ anti body ထွက်တယ်ပြောလို့ပါဗျ။ (သွေး၊ချွေး၊တံတွေး၊သုတ်ပိုး)ကနေကူးတယ်ဆိုလို့ပါ၊သုတ်အရည်ကြည်ကနေပြီးတော့ရော ကူးနိုင်လားဗျ။ အတူနေဖြစ်လို့ condom သုံးရင်လဲ တခြားကူးစက်နိုင်တဲ့ လမ်းတွေရှိလို့ ဘယ်လိုကာကွယ်ရမလဲဗျ တခြားနည်းလမ်းများရှိရင် ပြောပြပေးပါဆရာ။ တကယ်၍များကူးခဲ့ရင် မွေးလာမယ့်သားသမီးတွေ မကူးအောင် ကာကွယ်လို့ရလားဆရာ...

















လိင်ဆက်ဆံရာကနေ ကူးနိုင်ပါတယ်။ ကွန်ဒုံးသေချာသုံးပါ။
အမေမှာ ပိုးမရှိရင် မွေးလာမယ့်ကလေးမှာ မရှိပါ။ မွေးပြီးတာနဲ့ ကာကွယ်ဆေးထိုးပေးပါ။