ရာသီသွေးဆင်းခြင်း
ရာသီလာပြီး၃ရက်မြောက်နေ့မှာ လိင်ဆက်ဆံခဲ့ပြီး pillsသောက်ခဲ့ပါတယ်။ နောက်၃ရက်နေတော့ရာသီပြန်ဆင်းပါတယ်။ အခုရာသီဆင်းတာ၆ရက်ရှိသွားပါပြီ။ ညီမကရာသီခွက်သုံးတော့ စဆင်းခါစ ၃ရက်တုန်းကတော့ခွက်ထည့်ရတာကဘအဆင်ပြေပေမယ့် အခုပြန်ဆင်းတဲ့ရက်ကြာလာတာနဲ့အမျှ ခွက်ထည့်ရတာလဲ ၊ အရမ်းအဆင်မပြေဖြစ်လာပြီးတော့ ရာသီကလည်းမရပ်တဲ့အပြင်ကို ခွက်ထည့်ထားတဲ့ကြားကနေအပြင်ကိုစိမ့်ထွက်လာတာတွေလည်းရှိတယ် ၊ မိန်းမကိုယ်ကလည်းကြာလာလို့လားမသိဘူး ၊ ရေဆေးဖို့အတွက် ကိုင်လိုက်ရင်နည်းနည်းနာချင်လာသလိုပါပဲရှင့် ။ ဆွေးနွေးပေးပါဦးနော်။














