Doctor ရှင့်
ညီမ မေလ ၁၁ ရက်နေ့မှာ တားဆေးသောက်လိုက်ပါတယ်ရှင့် ပုံမှန်ဆို မေလ ၂၉၊၃၀ ဆို ရာသီလာနေကြကို ၆ လပိုင်း ၁ ရက်နေ့ထိ မလာသေးလို့ပါ နောက်ပြီး ခေါင်းကိုက်တာ ဗိုက်အောင့်တာ ပျို့တာ ရင်သားနာတာလည်း ဖြစ်နေလို့ပါရှင့် ဆေးရဲ့ side effect ကြောင့်လား ဘာဖြစ်လို့လဲဆိုတာ သိချင်လို့ပါရှင့်
















တားဆေးတွေက သွေးဆင်းမမှန်တာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ကိုစိတ်ပူရင် အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ရာသီလာရမယ့်ရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။