Pregnancy
ကောင်မလေးနဲ့အတူနေပြီး အရည်ကြည်ဝင်သွားလို့ Lydia တိုက်လိုက်ပါတယ်။ 2 ပတ်အကြာမှာ ရာသီစောလာပါတယ်။ အဲရာသီလာတာက March 10 ပါ။ March 19 (ရာသီစပြီး၉ရက်မှာမြောက်) အတူနေဖြစ်ပါတယ်။ ကွန်ဒုံးသုံးပါတယ်။ ဒါပေမဲ့ လုပ်ငန်းစခါနီးမှာ ကွန်ဒုံးဘက်မှားစွပ်မိလို့ ဘက်လဲလိုက်ပါတယ်။ အဲတာလဲမှားနေကျပါ။အရည်ကြည်ပေမသွားဖို့ကတော့ သေချာသလောက်ရှိပါတယ်။ ပြီးတော့ အပြင်မှာပဲ အစွပ်ချွတ်ပြီး လက်နဲ့ပဲပြီးလိုက်ပါတယ်။ ကွန်ဒုံးလဲမပေါက်ပါဖူး။ နောက်တခါ April 4 (ရာသီစပြီး 25 ရက်မြောက်) မှာ အတူတူထပ်နေဖြစ်ပါတယ် ။ ကွန်ဒုံးပေါက်မပေါက်တော့ မစစ်မိပါဖူး။ အစွပ်တော့ ဘက်မှားမစွပ်မိပါဖူး။ အရင်တခါလိုပဲ အပြင်မှာလက်နဲ့ပဲ ကိုယ့်ဟာကိုယ် ပြီးပါတယ် ။ ကြားထဲမှာ အလုပ်ကိစ္စနည်းနည်းရယ် ရန်ခနဖြစ်တာရယ်နဲ့ stress သုံးလေးရကိလောက်ပိသွားပါတယ်။ ကောင်မလေးက ခုထိ April 20( ရာသီစပြီး 42 ရက်မြောက်) ထိ ရာသီမပေါ်သေးလို့ပါ။ သူ့ရာသီစက်ဝန်းက 34 ရက်နဲ့အထက်ပါ။အရင်လကတော့ ရက် 30 ကျော်နဲ့လာပါတယ်။ စစ်ဖို့တော့ပြောဖို့စဉ်းစားပေမဲ့ အသိပေးရင် ရာသီပါထပ်မလာမှာစိုးလို့ပါ မေးကြည့်တာပါ။ သူ April 16 မှာ ဝက်ခြံထွက်တာ အိပ်ချင်တာတွေတော့ဖြစ်ပါတယ်ဆရာ။ April 18 မှာ ဝက်ခြံထပ်ထွက်တာတို့ ခေါင်းကိုက်တာတို့ ခြေထောက်ညောင်းတာတို့ဖြစ်ပါတယ်။ ခုထိမလာသေးတော့ စိတ်ပူလို့ပါ။ တားဆေးတွေက နောက်ရာသီစက်ဝန်းမှာ မမှန်တာမျိုးဖြစ်တတ်လားသိချင်ပါတယ်ဗျ။

















တားဆေးတွေက ရာသီမမှန်တာတော့ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ရနိုင်ခြေတော့ နည်းပါတယ်။ သေချာချင်ရင်တော့ ဆီးစစ်ကြည့်ပေါ့လေ။