🔥 ရေပန်းစားသောအကြောင်းအရာ

ကလေးတွေမှာ ဘာလို့ ဂေါက်ရောဂါ ဖြစ်ရတာလဲ!

လူကြီးတွေမှာပဲ ဂေါက်ရောဂါ ဖြစ်နိုင်တာ မဟုတ်ပါဘူး။ ကလေးတွေမှာလည်း ဂေါက်ရောဂါ ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ ဘာလို့ ဂေါက်ရောဂါ ဖြစ်ရတာလဲဆိုတာကို သေသေချာချာလေး သိရှိနိုင်ဖို့ လေ့လာလိုက်ပါဦးနော်။


ကလေးတွေမှာ ဂေါက်ရောဂါ ဘာလို့ ဖြစ်တာလဲလို့မေးရင် ဘယ်သူမှ တိတိကျကျ မသိသေးပါဘူး။ ဖြစ်နိုင်တဲ့ နောက်ခံအကြောင်းအရာတွေကတော့


🔸မျိုးဗီဇအရ သွေးထဲမှာ uric acid များနေတာ

🔸အသက်ငယ်ငယ်တုန်းက ထိခိုက်မိတာ၊ခွဲတာစိတ်တာမျိုး၊တခြားကုသမှုမျိုးတွေ ခံယူဖူးတာ

🔸ယောက်ျားလေးဖြစ်နေရင်လည်း မိန်းကလေးတွေထက် ဂေါက်ရောဂါ ပိုဖြစ်နိုင်သတဲ့

🔸အဖေမှာ ဂေါက်ရောဂါရှိရင်လည်း သားမှာ ဖြစ်နိုင်ချေတွေရှိနေပါတယ်(မျိုးရိုးလိုက်တဲ့ သဘောပေါ့)

🔸အဝလွန်နေတဲ့ ဖက်တီးပုတ်လေးတွေမှာလည်း ဂေါက်ရောဂါပိုဖြစ်နိုင်တယ်လို့ ဆိုပါတယ်

🔸ဆီးဆေးလို ဆေးတွေကလည်း ဂေါက်ရောဂါဖြစ်နိုင်ခြေကို များစေပါတယ်

🔸ကင်ဆာရောဂါကလည်း အကြောင်းရင်း တစ်ခုပါ

🔸အချို့အင်ဇိုင်းမ်တွေ ချို့တဲ့ရင်လည်း ဖြစ်တတ်ပါသေးတယ်

🔸ခဲဓါတ်နဲ့ ကာလကြာရှည် ထိတွေ့ရင်လည်း ဂေါက်ရောဂါ ဖြစ်စေနိုင်ပါတယ်(ဥပမာ ဘက်ထရီအိုးလုပ်ငန်း) လိုမျိုးပါ။


#HelloMomandBaby #Parenting #BabyCare #ShortArticle


ကလေးတွေမှာ ဘာလို့ ဂေါက်ရောဂါ ဖြစ်ရတာလဲ!ကလေးတွေမှာ ဘာလို့ ဂေါက်ရောဂါ ဖြစ်ရတာလဲ!
0
17k
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်