🔥 ရေပန်းစားသောအကြောင်းအရာ

please

ဆရာရယ် ကျွန်မတောင်းပန်ပါတယ်ဖြေပေးပါ အရမ်းကြောက်နေလို့ပါ


လွန်ခဲ့တဲ့ဖေဖော်ဝါရီ ၁၇ရက်နေ့ကရာသီလာပါတယ် အခုလ ၁၇ရက်နေ့လာရမှာကိုမလာပါဘူး

လိင်ဆက်ဆံတာလဲ မတ်လ ၁၁ရက်နေ့က တစ်လ လုံးမှအဲ့တစ်ခါဘဲဆက်ဆံမိပါတယ် ဆက်ဆံတာကလဲကွန်ဒုံးကိုသေချာကိုဂရုတစ်ိုက်သုံးတာပါ သူများတွေလို​ positionပေါင်းများစွာကိုကွန်ဒုံးတစ်ခုထဲမဖြုတ်ဘဲလုပ်တာတောင်မဟုတ်ဘဲ နေရာတနေရာထဲမှာ တခါပီးတဲ့ထိသေချာလုပ်ပီး သေချာစွန့်ပစ်ပါတယ် အဲ့တာအခုရာသီမလာတာဗိုက်ကြီးတာလားရှင့် ကျွန်မအရမ်းကြောက်နေလို့ပါ ဖြေပေးပါဆရာ

0
17k
မှတ်ချက် 1 ခု

မှတ်ချက် 1ခု

အမျိုးသမီးတွေမှာ ရာသီစောတာနောက်ကျတာက သဘာဝအားဖြင့်လည်း ဖြစ်တတ်ပါတယ်

ဟော်မုန်းအပြောင်းအလဲဖြစ်တာ စိတ်ဖိစီးမှုများတာ အစားအသောက်မမှန်တာ ပိန်လွန်းတာ ဝလွန်းတာတွေအပြင် တခြားအကြောင်းအရင်းတွေလည်းရှိနိုင်ပါတယ်

အဲ့တော့စိတ်အေးအေးထားပြီး ရာသီကိုစောင့်ကြည့်ပါ

အစားအသောက်အာဟာရပြည့်ဝအောင်စားပါ

စိတ်ဖိစီးမှုနည်းအောင်နေပါ

Stressများလွန်းရင်လည်း လာတာနောက်ကျနိုင်ပါတယ် မလာ​သေးလို့ဆိုပြီး stressများလေလေ ပိုနောက်ကျလေဖြစ်တတ်ပါတယ်

ရာသီစက်ဝန်းက အပြောင်းအလဲရှိနိုင်ပါတယ် စိတ်မပူပါနဲ့


လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်