ဆေးရုံစောင့်မယ့် ဖခင်လောင်းတွေ ဘာတွေယူသွားရမလဲ?
မေမေတစ်ယောက်အတွက် ကလေးမွေးတော့မယ်ဆိုရင် ဆေးရုံကို ယူသွားရမယ့် ပစ္စည်း၊ အထုပ်တွေ အသင့်ရှိပြီးသားဖြစ်သင့်ပါတယ်။ ဒါက မေမေတို့ပဲ လိုတာ မဟုတ်ပါဘူး။ မေမေတို့ နဲ့ အတူရှိနေပြီး ဆေးရုံစောင့်မယ့် ဖေဖေတို့တွေ လည်း ကိုယ့်အထုပ်ကို ပြင်ထားသင့်ပါတယ်။ ဒါ့ကြောင့် ဆေးရုံးစောင့်မယ့် ဖေဖေတို့ ဖခင်အလောင်းအလျာတွေအတွက် သူ့ရဲ့ လက်တွဲဖော် မွေးခန်းဝင်ရင် ဆေးရုံကို ဘာတွေယူသွားသင့်လဲဆိုတာ ဒီဆောင်းပါးလေးမှာ ကြည့်ကြတာပေါ့။

















