ကိုယ်ဝန်ဆောင်ကာလ (၁၉)အပတ်အတွက် ဘာတွေသိထားရမလဲ
ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ
ကလေးလေးက ခရမ်းချဉ်သီးအပျော့အရွယ် ၂၄၀ ဂရမ်၊ ၁၅ စင်တီမီတာလောက်ရှိပါပြီ။အခုဆိုကလေးလေးကို အဖြူရောင် ဖယောင်းလွှာအပျော့လို အရေပြားတစ်လွှာနဲ့အကာအကွယ်ပေးထာပါတယ်။ ဒီဖယောင်းလွှာက ကိုယ်ဝန်ကာလကုန်ဆုံးမှ ပျောက်မှာပါ။ ဒီတော့ လမစေ့ဘဲမွေးတဲ့ကလေးတွေက ဖယောင်းလွှာပါ ပါလာတတ်ပါတယ်။ ဒီအပတ်မှာ အညိုရောင်အဆီလွှာက ကလေးကိုယ်မှာပေါ်လာပြီး မွေးပြီးတဲ့အချိန်ကျရင် ကလေးလေးကိုနွေးထွေးစေပါတယ်။ နောက်ဆုံး ၃ လပတ်ဆို အဆီတွေကကလေးလေးကို အကာအကွယ်ပေးဖို့ ပိုပြီးဖွံ့ဖြိုးလာမှာပါ။
ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ
ကလေးလေးလှုပ်ရှားတာကို ဒီအချိန်လောက်ဆို စသိပါပြီ။ ပထမဆုံးလှုပ်ရင် ခဏလေးနဲ့ ဖြည်းဖြည်းလေးဆိုတော့ လေပွတာနဲ့ မှားနိုင်ပါတယ်။ နောက်ပိုင်း ကန်တာ၊ လက်သီးနဲ့ထိုးမိတာ၊ ကျို့ထိုးတာတွေကို ထပ်သိလာမှာပါ။ ကလေးတစ်ယောက်နဲ့တစ်ယောက် လှုပ်ရှားပုံမတူပါဘူး။ တကယ်လို့ ကလေးလေးလှုပ်ရှားတာတွေ အားနည်းနေတာမျိုးဆို ဆရာဝန်ဆီ သွားပြသင့်ပါတယ်။
သိသင့်သိထိုက်တာလေးတွေ
ကိုယ်ဝန်ဆောင်လို့ စိတ်ရဲ့လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်တယ်လို့ သိပ္ပံနည်းအရသက်သေပြထားတဲ့ အထောက်အထားမရှိပါဘူး။ တစ်ချို့မိခင်တွေ သတိထားမိတာက မှတ်ဉာဏ်ကိုထိခိုက်စေပါတယ်တဲ့။ ဒီလိုမျိုးက ဖြစ်ခဲပါတယ်။ ဒါပေမယ့် စိတ်ရောကိုယ်ပါ အပြောင်းအလဲ ဖြစ်တော့ မေ့တယ်ဆိုတာဖြစ်နိုင်ပါတယ်။ ဒီတော့ စိတ်အပြောင်းအလဲကို လိုက်လျောညီထွေနေပြီး ကိုယ်ဝန်နဲ့ပတ်သက်သမျှ အကောင်းဘက်ကတွေးပါ။ ဥပမာ-မိခင်ဖြစ်လာမယ့်ဘဝ၊ ကလေးလေးမွေးလာပြီးတဲ့နောက် ပျော်ရမယ့်အချိန်တွေကိုပေါ့။
















