Hello Doctor
ကောင်လေးနဲ့ ၅ရက်နေ့ကအတူနေခဲ့ပါတယ် အကာအကွယ်လည်းသုံးပါတယ် အခုရာသီလာရမဲ့ရက်ထက်၃ရက်နောက်ကျနေလို့ပါ ခုထိလည်းမလာသေးဘူး ပြီးတော့ခေါင်းတွေကိုက်ပါတယ် အဲ့တာစိတ်ပူရလားဆရာ
ကောင်လေးနဲ့ ၅ရက်နေ့ကအတူနေခဲ့ပါတယ် အကာအကွယ်လည်းသုံးပါတယ် အခုရာသီလာရမဲ့ရက်ထက်၃ရက်နောက်ကျနေလို့ပါ ခုထိလည်းမလာသေးဘူး ပြီးတော့ခေါင်းတွေကိုက်ပါတယ် အဲ့တာစိတ်ပူရလားဆရာ
မှတ်ချက် 3ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

ခုကစပြီး သင်ပို့စ်တင်တာ၊ မှတ်ချက်ပေးတာတွေ လုပ်နိုင်ပါပြီ။
ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များနဲ့ အဖွဲ့အစည်း ကိုယ်စားလှယ်တွေဆီကနေ အကြံဉာဏ်များ ရယူနိုင်ပါပြီ။
သင့်အကြံပြုချက်လိုနိုင်တဲ့ သူတွေအတွက် အတွေ့အကြုံများကို မျှဝေပေးပါ။
အဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွပါဝင်ပြီး ပွိုင့်တွေစုခြင်းအားဖြင့် အဖွဲ့အစည်း ကိုယ်စားလှယ်ဖြစ်နိုင်ပါပြီ။
အမျိုးသမီးတွေမှာ ရာသီစက်ဝန်းက စောတာနောက်ကျတာတွေဖြစ်နိုင်ပါတယ် ဟော်မုန်းအပြောင်းအလဲ အစားအသာက်ပုံစံ စိတ်ဖိစီးမှုများတာတွေအပြင် တခြားအကြောင်းအရာတွေလည်းရှိနိုင်ပါတယ်
ဒီတော့ ပုံမှန်နောက်ကျတာလည်းဖြစ်နိုင်ပါတယ်
ရာသီလာမယ့်ရက်ကိုစောင့်ကြည့်လိုက်ပါနော်
နောက်တစ်ပတ်လောက်ထိ ရာသီမလာဘူး
စိတ်ထဲမှာလည်း မတင်မကျဖြစ်နေတယ် ဆိုရင်တော့ နောက်တစ်ပတ်လောက်နေရင် ဆီးစစ်ကြည့်လို့ရပါတယ်နော်
အသုံးပြုပါတယ်ဆရာ တစ်ချိန်လုံးစွပ်ထားပါတယ်
ဘာကြောင့်မလာသေးတာလဲသိချင်လို့ပါ
ကွန်ဒုံးကို စနစ်တကျ သေချာအသုံးပြုခဲ့လား?
အတူနေတဲ့ တစ်ချိန်လုံး ကွန်ဒုံးစွပ်ခဲ့လား
ကွန်ဒုံးကိုစနစ်တကျအသုံးပြုတယ်ဆိုရင်တော့ ရနိုင်ချေ အလွန်နည်းပါတယ်