avatar

စတင်ဆွေးနွေးမယ်။

မေးခွန်းလေးတွေ ဖြေဆိုပြီး Gaullac Mom ကိုယ်ဝန်ဆောင်အာဟာရဖြည့်စွက်စာကို လက်ဆောင်ယူကြမယ်

မတ်လ ၈ရက်နေ့က ‘အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့’

ဖြစ်ပါတယ်။ ဒီနေ့မှာ ပုခက်လွှဲတဲ့ မိခင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့

ဆုလက်ဆောင်အစီအစဉ်လေးတစ်ခု စီစဉ်ထားပါတယ်။


အောက်ကလင့်ကနေတဆင့် ကိုယ်ဝန်ဆောင်အာဟာရနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေ ဖြေဆိုပြီး Gaullac Mom ကိုယ်ဝန်ဆောင်အာဟာရဖြည့်စွက်စာကို အခုပဲရယူလိုက်ကြရအောင်နော်။


ဖြေဆိုပြီးကြောင်းကို Screenshotရိုက်ပြီး အောက်မှာ မန့်ခဲ့မှ ဆုလက်ဆောင် ရွေးချယ်တဲ့စာရင်းထဲပါမှာ ဖြစ်ပါတယ်။


ဖြေဆိုရန် - https://hellosayarwon.com/bot/guallac_giveaway/


#Hellosayarwon #GaullacMom #Pregnancy_Community #InternationalWomensDay2024

မေးခွန်းလေးတွေ ဖြေဆိုပြီး Gaullac Mom ကိုယ်ဝန်ဆောင်အာဟာရဖြည့်စွက်စာကို လက်ဆောင်ယူကြမယ်မေးခွန်းလေးတွေ ဖြေဆိုပြီး Gaullac Mom ကိုယ်ဝန်ဆောင်အာဟာရဖြည့်စွက်စာကို လက်ဆောင်ယူကြမယ်
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
284
6
20
မှတ်ချက်များကို ကြည့်မည်။
ကိုယ်ဝန်ဆောင် ကိုယ်အလေးချိန် တွက်ချက်ခြင်း ကိရိယာ

ကိုယ်ဝန်လွယ်ထားချိန်မှာ ပြောင်းလဲလာတဲ့ အရာတွေထဲ မေမေတို့ရဲ့ ကိုယ်အလေးချိန်လည်းပါဝင်ပါတယ်နော်။ မေမေတို့ ကိုယ်ဝန်ဆောင်ချိန်မှာ ရှိသင့်တဲ့ ကိုယ်အလေးချိန် ရှိ မရှိကို ကိုယ်ဝန်ဆောင် ကိုယ်အလေးချိန် တွက်ချက်ခြင်း ကိရိယာမှာ တွက်ချက်လို့ရပြီနော်။


တွက်ချက်မယ် - ကိုယ်ဝန်ဆောင် ကိုယ်အလေးချိန် တွက်ချက်ခြင်း ကိရိယာ

ကိုယ်ဝန်ဆောင် ကိုယ်အလေးချိန် တွက်ချက်ခြင်း ကိရိယာကိုယ်ဝန်ဆောင် ကိုယ်အလေးချိန် တွက်ချက်ခြင်း ကိရိယာ
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
232
6
မှတ်ချက်များကို ကြည့်မည်။
ကိုယ်ဝန် စမ်းသပ်နည်း

ဒီတစ်ခါတော့ မေမေတို့နဲ့ ပေါ့ပေါ့ပါးပါး ဗဟုသုတလေးတွေ ဆွေးနွေးရအောင်။ ဟိုးအရင်က ခုလိုမျိုး ဆီးစစ်တံတွေ မပေါ်ခင်တုန်းက ကိုယ်ဝန်ဘယ်လိုစစ်တယ် ထင်တုန်း။

အီဂျစ် အမျိုးသမီးတွေက ဂျုံနဲ့ ဘာလီစေ့တွေပေါ် ရှူးပေါက်ချပြီး ဂျုံက အပင်ပေါက်လာရင် မိန်းကလေး၊ ဘာလီက ပေါက်လာရင် ယောကျာ်းလေး မွေးမှာပါတဲ့။ ဘာမှမပေါက်ဘူးဆိုရင် ကိုယ်ဝန်မရှိလို့ပါတဲ့။


ဂရိတွေကျတော့တစ်မျိုး။ ကြက်သွန်နီကို မိန်းမကိုယ်ထဲကို ထည့်ထားလိုက်တယ်တဲ့။ နောက်နေ့ ပါးစပ်က ကြက်သွန်နံ့ထွက်လာရင် ဒါသားအိမ်ထဲမှာ ဘာမှမရှိ (ကိုယ်ဝန်မရှိ)လို့ အနံ့ထွက်တာတဲ့။ ပါးစပ်ကနေ ကြက်သွန်နံ့ မရရင် ဗိုက်ထဲမှာ ကလေးခံနေလို့၊ ကိုယ်ဝန်ရှိလို့ဆိုပဲ။


နောက်ပိုင်းကျတော့ စစ်နည်းတွေက တစ်မျိုးပြောင်းလာပြန်ရော

  • ရှာလကာရည်ကို ဆီးခွက်ထဲထည့် အစိမ်းရောင်ပြောင်းသွားရင် ကိုယ်ဝန်ရှိလို့
  • သွားတိုက်ဆေးကို ဆီးနဲ့ရောလို့ အမြုပ်ထလာရင် ကိုယ်ဝန်ရှိလို့
  • ချွတ်ဆေးထဲကို ဆီးထည့်ကြည့် ဆူပြီး အမြုပ်ထလာရင် ကိုယ်ဝန်ရှိလို့ စသဖြင့် နည်းလမ်းပေါင်းစုံနဲ့ စမ်းသပ်လာကြပါတယ်။

ဒီနည်းတွေကတော့ အရပ်နည်းတွေပဲဖြစ်ပြီး မှန်မှန်မမှန်မှန်

... ပိုမိုကြည့်ရှုရန်
ကိုယ်ဝန် စမ်းသပ်နည်းကိုယ်ဝန် စမ်းသပ်နည်း
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
126
4
မှတ်ချက်များကို ကြည့်မည်။
ဘေဘီလေးက ဘယ်အချိန်မှာ ခေါင်းစိုက် တာလဲ……

မွေးရက်နီးလာလာလေလေ မေမေတိုင်းသိချင်တဲ့ အချက်တစ်ခုရှိပါတယ်။ ဒါကတော့ ဘေဘီလေးရဲ့ ခေါင်းက မွေးလမ်းကြောင်းထဲ စိုက်ပြီလားဆိုတဲ့ ကိစ္စပါ။ ဒီတစ်ခေါက်တော့

မွေးရက်နီးလာလို့ ဘေဘီလေး ခေါင်းစိုက် တဲ့အခါ ဘယ်လိုတွေခံစားရနိုင်လဲဆိုတာကို အခု ဆောင်းပါးလေး မှတဆင့် ပြောပြပေးပါရစေ။

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
4
မေမေတို့ ကိုယ်ဝန်ဆောင်ကာလ (၁၈) ပတ်အတွက် သိကောင်းစရာများ

ကလေးလေးဘယ်လိုဖွံ့ဖြိုးလာမှာလဲ


၁၈ပတ်ဆို ကလေးက ငရုပ်ပွအရွယ် ၂၀၀ ဂရမ်၊ ၁၄ စင်တီမီတာလောက်ရှိပါပြီ။ ကလေးလေးက နည်းနည်းစလှုပ်လာပါပြီ။ ကလေးလေးလှိမ့်တာ လည်နေတာ ကန်တာကို သိလာပြီနော်။ ကလေးသန်းတာကအစ ကျို့ထိုးတာအထိကို မေမေတို့သိနေပါပြီ။ သားသားမီးမီးကတော့ မြန်မြန်ဆန်ဆန်ကြီးထွားနေတဲ့ အကြောင်းကို မေမေတို့ကိုသတင်းပေးနေပြီနော်။ နားရွက်လေးကလည်း ဖွံ့ဖြိုးပြီးသားဆိုတော့ မေမေတို့ အသံကိုကောင်းကောင်းကြားနိုင်ပါတယ်နော်။ ကလေးကိုစကားစပြောဖို့ အချိန်ကောင်းပဲနော်။ ကလေးလေးက မေမေတို့အသံ၊ နှလုံးခုန်သံ၊ အချင်းကိုဖြတ်ပြီးသွေးစီးသံကိုကြားရတဲ့အခါ စိတ်သက်သာရာရစေပါတယ်။ ကလေးလေးရဲ့မျက်လုံးလေးတွေက အရင်ကလို ဘေးကိုဆွေမနေတော့ဘဲ အရှေ့တည့်တည့်ကိုကြည့်နိုင်တဲ့အထိကို ကောင်းကောင်းဖွံ့ဖြိုးလာပါပြီ။ ဒီအချိန်မှာ ဗိုက်အရှေ့ကနေပြီး ဓါတ်မီးနဲ့ထိုးရင် ကလေးလေးက သိနိုင်ပါတယ်။


ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ


ကျောနာတာ ပိုဆိုးလာတတ်ပါတယ်။ ဒါကပုံမှန်ပါပဲ။ ဗိုက်က ပိုကားလာလေ ခါးအောက်ပိုင်းက ပိုနာလာလေပါ။ အဓိကအကြောင်းရင်းက ကိုယ်မှာရှိတဲ့ ကမ္ဘာ့ဆွဲအားဗဟိုခ

... ပိုမိုကြည့်ရှုရန်
မေမေတို့ ကိုယ်ဝန်ဆောင်ကာလ (၁၈) ပတ်အတွက် သိကောင်းစရာများမေမေတို့ ကိုယ်ဝန်ဆောင်ကာလ (၁၈) ပတ်အတွက် သိကောင်းစရာများ
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
99
3
မှတ်ချက်များကို ကြည့်မည်။
ကိုယ်ဝန်ဆောင်ကာလ (၁၇) ပတ်အတွက် သိ‌ကောင်းစရာများ...

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

ကလေးလေးက ကြီးထွားနှုန်းမြန်လာတာနဲ့အမျှ အခုဆို မုန်လာဥအရွယ် ၁၅၀ ဂရမ်၊ ၁၂ စင်တီမီတာလောက် ရှိနေပါပြီ။ ကလေးလေးက အခုဆို အဆီလေးတွေလည်း စပေါ်လာပါပြီ။ သူလေးရဲ့အဆီတွေက ဆက်ပိုတိုးလာမှာဖြစ်သလို မွေးတဲ့အခါကျ တစ်ကိုယ်လုံး အလေးချိန်ရဲ့ ၃ ပုံ ၂ ပုံ လောက်ရှိလာမှာပါ။ ကိုယ်လးကို နွေးနွေးထွေးထွေးရှိစေဖို့ အဆီတွေက အရေးကြီးပါတယ်။ နှလုံးလေးက ခုန်တာပိုမြန်လာပြီးတော့ တစ်မိနစ်ကို ၁၄၀-၁၅၀ ကြိမ်လောက်ရှိနေပါပြီ။ မေမေတွေရဲ့ ၂ဆလောက် ရှိတယ်နော်။ ဒါက ကလေးလေးကြီးထွားတာ အားကောင်းလာပြီး အာဟာရတွေ အောက်ဆီဂျင်တွေ ပိုလိုလာတယ်လို့ ဆိုလိုတာပါ။ ဒီတော့ အချင်းက ကလေးလေးကို လိုအပ်တာတွေ ထောက်ပံ့ပေးဖို့ မြန်မြန်လေးဖွံ့ဖြိုးလာပါတယ်။


ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

မေမေတို့ရဲ့ ရင်သားကပိုပြီးကြီးထွားလာမှာမို့ နေရခက်လာမှာပါနော်။ ဟော်မုန်းတွေက ရင်သားဆီ သွေးပိုစီးအောင် လှုံ့ဆော်ပြီး နို့ထွက်ဖို့အတွက်ပြင်နေပါပြီနော်။ ဒါကြောင့်လည်း သွေးကြောတွေကို မြင်လာရနိုင်ပါတယ်။ ရင်သားကြီးလာတာမို့ ဘရာဇီယာကို ဆိုဒ်ပိုကြီးတာ ဝယ်ကြပါနော်။

... ပိုမိုကြည့်ရှုရန်
ကိုယ်ဝန်ဆောင်ကာလ (၁၇) ပတ်အတွက် သိ‌ကောင်းစရာများ... ကိုယ်ဝန်ဆောင်ကာလ (၁၇) ပတ်အတွက် သိ‌ကောင်းစရာများ... 
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
174
2
ကိုယ်ဝန်ဆောင်မေမေ အုန်းစိမ်းရည် သောက်လို့ ရလား ....

ကိုယ်ဝန်ဆောင်ချိန်မှာ အစားတစ်လုတ်ကြောင့် ဘေဘီလေး ထိခိုက်သွားမလားဆိုပြီး

စိုးရိမ်တဲ့စိတ် မေမေတိုင်းမှာ ရှိပါတယ်။ ဒီလို စိုးရိမ်မှုက ဘေဘီလေးကို စပြီး

ကိုယ်ဝန်ဆောင်ထားချိန်ကနေစလို့ မမွေးဖွားခင်အထိ ၉ လကျော် ၁၀ လ နီးပါးလုံးပါ။ မေမေနဲ့ ဘေဘီလေးကို ကျန်းမာစေလား ထိခိုက်စေမလားဆိုပြီး စိတ်ပူနေတဲ့ မေမေတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေတို့အတွက်ပါ။

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
17
5
မှတ်ချက်များကို ကြည့်မည်။
ကိုယ်ဝန်ဆောင်မေမေတို့ အုန်းစိမ်းရေသောက်လို့ ရလား?

ကိုယ်ဝန်ဆောင်ချိန်မှာ အစားတစ်လုတ်ကြောင့် ဘေဘီလေး ထိခိုက်သွားမလားဆိုပြီး စိုးရိမ်တဲ့စိတ် မေမေတိုင်းမှာ ရှိပါတယ်။ဒီတစ်ခေါက်တော့ အမောပြေအနေနဲ့ သောက်မိတဲ့ အုန်းစိမ်းရည် လေးက ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်မလဲ။ ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး မနက်ဖြန် ဆောင်းပါးလေးမှာ ဖော်ပြပေးပါမယ်နော်။

ကိုယ်ဝန်ဆောင်မေမေတို့ အုန်းစိမ်းရေသောက်လို့ ရလား?ကိုယ်ဝန်ဆောင်မေမေတို့ အုန်းစိမ်းရေသောက်လို့ ရလား?
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
3
4
မှတ်ချက်များကို ကြည့်မည်။
ဂျူးဒိတ်ကျော် တာတောင် မမွေးသေးရင်...

ကိုယ်ဝန်ဆောင်မေမေတို့ အနေနဲ့ မွေးမယ့်ရက်ကို ဂျုးဒိတ်ကနေတဆင့် သိနိုင်ပါတယ်။ ရာသီလာမယ့်ရက်ကနေ တွက်တာနဲ့ အယ်ထွာဆောင်းကနေ တွက်တာ နည်းနည်းတော့ ကွာနိုင်တာပေါ့။ ဒါပေမယ့် ဂျူးဒိတ်ကျော် တဲ့အထိ မမွေးသေးဘူးဆိုရင်ရော ဘာလုပ်ကြမလဲ။ ဒီဆောင်းပါးလေးမှာ အဖြစ်ရှာလိုက်ကြရအောင်နော်။

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
2
ကိုယ်ဝန် ရ အောင် ဘယ်လိုလိင်ဆက်ဆံကြမလဲ။

ကိုယ်ဝန်ရအောင် လိင်ဆက်ဆံတဲ့အခါမှာ နှစ်ပိုင်းရှိပါတယ်။ တစ်ခုက ဆက်ဆံတဲ့ပုံစံရယ်၊ နောက်တစ်ခုက ဆက်ဆံတဲ့ရက်ရယ်ပါ။

ဆက်ဆံတဲ့ ပုံစံကတော့ သိပ္ပံနည်းကျလေ့လာမှု မရှိပေမယ့် အမျိုးသားက အပေါ်ကနေ ဆက်ဆံတာ၊ အနောက်ကနေ ဆက်ဆံတာက ကလေးရဖို့ အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ သုက်ကောင်တွေက သားအိမ်ခေါင်းနားကို ရောက်သွားတဲ့အတွက် သားဥနဲ့ တွေ့ဖို့ ပိုနီးသွားလို့ပါတဲ့။

တကယ်ကတော့ အမျိုးသမီးရဲ့ မိန်းမကိုယ်ထဲကို သုက်လွှတ်လိုက်တာနဲ့ ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။ ဒါကြောင့် ဒါကို သိပ်ပြီး အစွဲအလမ်းမထားဘဲ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ ပုံစံနဲ့သာနေကြပါ။


နောက်တစ်ခုက ပိုအရေးကြီးပါတယ်။ ဒါကတော့ ဘယ်နေ့တွေမှာ နေမလဲဆိုတာပါ။

ကိုယ်ဝန်ရဖို့ ကြိုးစားနေတဲ့ စုံတွဲတွေက

  • ၂−၃ရက်ခြား တစ်ခါလောက် အတူနေသင့်ပါတယ်။
  • သားဥမကြွေခင် ၂−၃ရက်လောက် အလိုမှာလည်း ကြိုနေထားသင့်ပါတယ်။ သုက်ကောင်က မိန်းမကိုယ်ထဲမှာ ၅ရက်လောက် ရှင်နိုင်တော့ ကြိုနေထားရင် သားဥကြွေတာနဲ့ မျိုးအောင်ဖို့အခွင့်အလမ်းများပါတယ်။
  • သားဥဘယ်တော့ ကြွေမလဲဆိုတာကိုတော့ ဒီမှာ တွက်ကြည့်ပါ။

... ပိုမိုကြည့်ရှုရန်
ကိုယ်ဝန် ရ အောင် ဘယ်လိုလိင်ဆက်ဆံကြမလဲ။ကိုယ်ဝန် ရ အောင် ဘယ်လိုလိင်ဆက်ဆံကြမလဲ။
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
115
1
Hello ဆရာဝန်ရဲ့ Birth Month Mini Community ဆိုတာဘာလဲ...

Hello ဆရာဝန်ရဲ့ Birth Month Mini Community ဆိုတာ မွေးလတူတဲ့ ဘေဘီလေးတွေ ပိုင်ဆိုင်ထားတဲ့ မေမေတွေ ဒါမှမဟုတ် ဘေဘီလေးကို မွေးမဲ့လတူတဲ့ ကိုယ်ဝန်ဆောင်မေမေအချင်းချင်း ကျန်းမာရေးကိစ္စတွေ၊ အတွေ့အကြုံတွေ

အချင်းချင်းမျှဝေလို့ရမဲ့ နေတရာလေး တစ်ခုပါ။


မေမေတို့ရဲ့ ဘေဘီလေးက ဘယ်လဖွားလေးလဲ? မွေးလတူမဲ့ မေမေတို့ အချင်းချင်း

အတွေ့ကြုံတွေ အချင်းချင်းမျှဝေပြီး ရင်းနှီးမှုရယူဖို့ Hello ဆရာဝန်ရဲ့ စာဖတ်ပရိသတ်မေမေတို့ကို Birth Month Mini Community လေးကနေ ဖိတ်ခေါ်လိုက်ပါတယ်နော်။


ဝင်ရောက်ရန် - https://hellosayarwon.com/community/koewansaawinkyaanmayae/

Hello ဆရာဝန်ရဲ့ Birth Month Mini Community ဆိုတာဘာလဲ...Hello ဆရာဝန်ရဲ့ Birth Month Mini Community ဆိုတာဘာလဲ...
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
14
1
အဖွဲ့အစည်းအကြောင်း
ကိုယ်ဝန်ဆောင်ချိန်တလျှောက်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဗိုက်ထဲမှာ နောက်ထပ်သက်ရှိလေးက ကြီးထွားနေပြီး သူလေးကျန်းမ... ပိုမိုကြည့်ရှုရန်

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

avatar
Hello Doctor!ဖြေပေးပါဦးခင်ဗျ။

0

11

avatar
Hello

0

10

avatar
Mating

0

7

avatar
ဆရာတို့‌ဖြေပေးပါအုံးဗျ 

1

5

avatar
ရာသီလာတာပြီးသွားတာတောင် မိန်းမကိုယ်က သွေးဆင်းတာ

0

6

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်