Insomnia
သူငယ်ချင်းတစ်ယောက်က အိပ်မပျော်ဖြစ်နေတာ ၁လနီးနီးလောက်ရှ်ိနေပါပြီ ညဘက်တွေဆိုတော်ရုံနဲ့အိပ်မရ အိပ်ဖို့အချိန်အတော်ယူရပါတယ် စိတ်အခြေနေကြောင့်လားဆိုတော့မဟုတ်ဘူးပြောပင်မယ့် စိတ်အခြေနေကြောင့်နည်း”ပါမယ်ထင်ပါတယ်(သူကတော်ရုံခံစားချက်တွေမပြောပြတတ်လို့ခန့်မှန်းကြည့်တာပါ) မနက်ဘက်ဆိုခါတိုင်း၁၁နာရီထိအိပ်နေကြသူက အခုဆိုစောနိုးနေတဲ့အကြောင်းပြောပါတယ် သူ့အတွက် ပုံမှန်ပြန်ဖြစ်အောင်ဘယ်လိုလုပ်ပေးရမလဲရှင့် နဂိုထဲက ကိုယ်အလေးချိန် ပေါင်၁၀၀တောင်မပြည့်ဘဲပိန်တဲ့သူ ကျန်းမာရေးချူချာတတ်သူမို့ ဒီထက်ကျန်းမာရေးပိုဆိုးလာမှာစိုးရိမ်လို့
လိုင်းပေါ်ကနေဖြစ်ဖြစ်ဘယ်လို careလုပ်ပေးလို့ရနိုင်မလဲရှင့် သူ့ကိုလည်းဘယ်လိုအကြံပေးရမလဲရှင့် သူအိပ်မရတာရောပျောက်အောင်ဘယ်လိုလုပ်ပေးရမလဲရှင့်
အဓိကကတော့ ဘာကြောင့် အိပ်မပျော်လည်းဆိုတာကို ရှာဖို့ပါပဲ။ အတွေးတွေများပြီး အိပ်မပျော်တာလား။ အိပ်ခါနီး ဖုန်းသုံးလို့ မျက်လုံးကြောင်နေတာလားပေါ့။
အိပ်ပျော်အောင် လုပ်နည်းတွေက အားလုံးသိပါတယ်။ မလုပ်ဖြစ်ကြတာပဲ ရှိတာပါ။
ဥပမာ ညဘက်အိပ်ခါနီးရင် ဖုန်းမသုံးဖို့၊ အိပ်ရာကို အမှောင်ချထားတာ၊ အေးနေအောင်ထားတာ၊ မအိပ်ခင် အသက်ရှူတာ မှတ်တာ၊ စာဖတ်တာ စသဖြင့် ဒါအားလုံးသိပြီးသား နည်းတွေချည်းပါပဲ။ လိုက်မလုပ်ဖြစ်တာပဲ ရှိတာပါ။
ဆိုတော့ အိပ်ပျော်စေမယ့် နည်းတွေထဲက သူလုပ်နိုင်လောက်မယ့် တစ်ခုလောက်ကိုပဲ ၁ပတ်လောက် ညတိုင်း စွဲစွဲမြဲမြဲ လုပ်ကြည့်ခိုင်းပါ။ တစ်ပတ်လောက် စောင့်ကြည့်ကြတာပေါ့လေ။