ကျွန်ုပ်တို့သည် တိုးတက်မှုကို အလေးထားပါသည်။

49k 

Total members

9.3k 

Total posts

1 

Total experts

232 

Total topics

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။

ကျွန်ုပ်တို့၏ အဖွဲ့အစည်းများ

Hello Sayarwonမှ အဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှုရှိပြီး ယုံကြည်ရသော နေရာများဖြစ်သောကြောင့် အဖွဲ့ဝင်များအနေနှင့် အကြံဉာဏ်တောင်းခံခြင်းနဲ့ အတွေ့အကြုံများ မျှဝေခြင်းကို လွတ်လပ်စွာ ပြုလုပ်နိုင်ပါသည်။

စည်းကမ်းနဲ့အညီထိန်းသိမ်းထားခြင်း

မော်ဒရေတာတွေက အဖွဲ့အစည်းတွေမှာ ရှိတဲ့ အဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု ရှိစေဖို့ အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေက အဖွဲ့ဝင်တွေဆီ သတင်းမှားတွေ ရောက်မလာစေဖို့၊ ပွင့်လင်းမြင်သာပြီး လိုအပ်တဲ့ အကူအညီများ ရနိုင်ဖို့ တာဝန်ရှိပါတယ်။

ယုံကြည်စိတ်ချရခြင်း

ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များက အဖွဲ့ဝင်များရဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ တိကျပြီး ယုံကြည်ရတဲ့ ကျန်းမာရေးအချက်အလက်များကို မျှဝေလျက်ရှိပါတယ်။

အလုံးစုံကျန်းမာရေး

ကျန်းမာရေးအဖွဲ့အစည်းတွေ၊ Careလို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ပစ္စည်းများ ဝယ်ယူတာတွေကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်နေပါပြီ။

တာဝန်ယူခြင်း

သင့်ကျန်းမာရေးခရီးစဉ်မှာ ကျွန်တော်တို့က ဘေးကနေ အားပေးကူညီနေမှာဖြစ်ပြီး သင်ရဲ့ အတွေ့အကြုံတွေကို အများနဲ့ မျှဝေဖို့ စိတ်ချရတဲ့ နေရာလေးတစ်ခု ဖန်တီးပေးထားပါတယ်။

အဆက်အသွယ်မပျက်ခြင်း

သင့်အနေနဲ့ အဖွဲ့အစည်းမှာ ကျွမ်းကျင်ပညာရှင်အနေနဲ့ဖြစ်ဖြစ်၊ အကြံပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကိုယ်စားပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကြော်ငြာအပ်ချင်သူအနေနဲ့ဖြစ်ဖြစ် ပါဝင်နိုင်ပါတယ်။ ကျွန်တော်တို့က အမြဲကြိုဆိုလျက်ရှိပါတယ်။
avatar

စတင်ဆွေးနွေးမယ်။

ဆရာဝန်ထံ မေးမြန်းခြင်း အခမဲ့

Icon heart

မျှဝေမည့်ပို့စ်

ယားယံခြင်း

ဆရာရေ ​ကျွန်တော်ကလေ ခြင်လည်းမကိုက်ပဲ ခြင်ကိုက်ဖုတွေလို ခန္ဓာကိုယ်မှယားယံပြီးအဖုတွေထွက်နေလို့ပါ ရေချိုးပြီးချိန်ပိုယားပြီး ၁၅မိနစ်လောက်နေရင်ပျောက်သွားပါတယ် တစ်ခါတစ်လေ အရည်ကြည်ဖုသေးသေးလေးတွေပါထွက်ပြီးယားလာပါတယ် ဖြစ်လိုက်ပျောက်လိုက်ဖြစ်နေလို့ပါ အထူးသဖြင့် ဝမ်းဗိုက်မှာ ပေါင်တွေမှာပိုဖြစ်တယ်ဗျ အဲဒါဘယ်လိုကြောင့်ဖြစ်တာလဲ ဘယ်လိုလုပ်ရင်ပျောက်နိုင်လဲခင်ဗျ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
6
1
အာထရာဆောင်း

ဒေါက်တာရှင့် ရာသီမလာတာ ၇ပတ်ရှိနေလို့ ဆီးစစ်ကြည့်တာ တစ်ကြောင်းပဲပေါ်ပါတယ်ရှင့် ဆီးစစ်တံ ၄ချောင်းနဲ့စစ်လိုက်တာပါရှင့် ပီးတော့ အာထရာဆောင်းရိုက်တော့လဲ ဘာမှမပေါ်ပါဘူးရှင့် အခုဆိုရင်လဲ ၉ပတ်ကျော်နေပါပီး ရာသီက အခုထိမလာသေးပါဘူးရှင့် ကိုယ်ဝန်က ရှိနေရင် အ့လိုအာထရာဆောင်ရမာမပေါ်တာတွေဘာတွေရှိတတ်လားရှင့် မဟုတ်ရင်လဲ ရာသီအခုထိမလာသေးတာ ဘာကြောင့်ပါလဲရှင့် တားဆေး ဘာဆေးမှမသောက်ပါရှင့် ဖြေပေးပါအုံးနော်🙏🏻

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
11
1
အာထရာဆောင်း

ဒေါက်တာရှင့် ရာသီမလာတာ၇ပတ်ကြာတော့ ဆီးစစ်ကြည့်တာ တကြောင်းပဲပေါ်သလို အာထရာဆောင်းရိုက်တော့လဲ ဘာမှမရှိပါဘူးတဲ့ ဆီးစစ်တံ၄ချောင်းလုံး negative ဖြစ်နေပါတယ် ရာသီကလည်းအခုဆို ၂လကျော်နေပါပြီးရှင့် ကိုယ်ဝန်ကမပေါ်သေးတဲ့အခြေအနေ ဖြစ်နေလောက်သေးလားရှင့်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
6
1
ရာသီသွေးဆင်းခြင်း

ညီမအသက်က 22 နှစ်ပါ

ဒီလ 2 ရက်နေ့က Period ဖြစ်ပြီး 7 ရက်နေ့ပြီးသွားတာပါ

အခုကျ 11 ရက်နေ့မှာပြန်ဖြစ်ပြီး 16 ရက်နေ့ထိလာနေတုန်းပါ နည်းသွားပေးမယ့် ​အရမ်းနည်းနည်းတွေမဟုတ်ပါဘူးရှင့်

အဲ့တာက ဘယ်လိုကြောင့်ဖြစ်တာလဲရှင့် အဲ့ရက်ပိုင်းတွေမှာညတိုင်းနှစ်နာရီကျော်မှအိပ်ဖြစ်တာတော့ရှိပါတယ် ဒါပေမယ့် စိုးရိမ်ရလားရှင့် စိတ်ပူလို့ပါ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
3
1
ကိုယ်ဝန်

ကောင်မလေးနဲ့ July 12 မှာ အကာအကွယ်မပါဘဲတူတူနေမိပါတယ် သူရဲ့အရင်လက ရာသီလာတာက ၁၆ ရက်နေ့ပါ မေလက ၂၀ရက်နေ့မှာလာပါတယ် အခုလမှာ သူက အတူတူမနေခင် မှာ ရင်သားနာတာ ဗိုက်နာတာမျိုး ရှိလာခဲ့ပါတယ် July 13 တူတူနေပြီးတဲ့နောက်ရက်ကျတော့ ဗိုက်တအားအောင့်ပါတယ် နောက်ရက်ကျတော့ ဘာမှမဖြစ်တော့ဘဲပုံမှန်လိုမျိုးဖြစ်နေပါတယ် ကိုယ်ဝန်ရနိုင်ချေများရှိပါသလား doctor

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
ဒူးနာခြင်း

အရွတ်ပြဲဒဏ်ရာကို ကုသထားတာ ၂ နှစ်ကျော်ပါပြီ။ ဆိုင်ကယ်လဲတာ ဒူးကိုခိုင်းမိတာ ၂ရက်အကြာမှာ လမ်းသွားရင် ဒူးအရွတ်ပြဲတဲ့ဘက်ကနာကျင်လာပါတယ်ဗျ။ ခြေထောက်ကိုဆန့်ပြီးထောက်သွားရင် မနာပါဗျ။ ဒူးတွင်ရောင်းရမ်း နီးမြန်းခြင်းမရှိပါ။ လမ်းသွားတာမဟုတ်ပဲ အကွေးအဆန့်လုပ်ရင်မနာကျင်ပါ။ လမ်းသွားတဲ့အခါ အကွေးအဆန့်လုပ်ရင် နာကျင်ပါတယ်ဗျ။ ပျောက်ကင်းအောင်ဘာဆက်လုပ်ရမလဲဗျ။

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
ရာသီမလာဘဲအဖြူဘဲဆင်းနေခြင်း

ရာသီမလာတာ၂လပြည့်ပါတော့မယ် ရက်မတိကျရင်နောင်ရက်ကွာတာဘဲရှိပီး ရာသီမှန်တဲ့လူပါ။အိမ်ထောင်ရှိသူပါ တားဆေးနားထားတာလဲ၃လရှိပါပီ။စစ်တံမှာလဲအဖြေမပေါ်ပါဘူး။အဖြူးတေတော့ အမြဲ ဆင်းပါတယ် ဒီရက်ပိုင်အနံ့ထွက်ပီး အနံ့ကတစ်ခါမှမဖြစ်ဘူးတဲ့အနံ့ပါဖြစ်နေလို့ပါ။ရင်သားတေလဲ ပုံမှန်ထက်လုံးဝန်းလာပါတယ်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
103
တားဆေးအကြောင်း

ညီမက၇ရက်နေ့ကကောင်လေးနဲ့အတူနေပြီး အရေးပေါ်တားဆေးသောက်လိုက်ပါတယ့် တားဆေးကြောင့်ချုပ်မယ်ထင်ပေမဲ့ မချုပ်ဘဲ 8ရက်နေ့ကျတော့ရာသီလာပါတယိ အန္တရာယ်များရှိလား စိတ်ချရလားရှင့် ပြီးတော့ကောင်လေးနဲ့က2လတစ်ခါ3လတစ်ခါလောက်ပဲအတူနေဖြစ်ပါတယ် အဲ့ကြောင့်ဘယ်လိုတားဆေးမျိုးသောက်ရမလဲရှင့် အရင်ကအရေးပေါ်တားဆေးပဲအမြဲသောက်တော့ဆိုးကျိုးရှိတယ်လို့ပြောကြလို့ပါ ဆေးညွှန်းပါဦးဆရာ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
2
ကိုယ်၀န်ရနိုင်လား

ကောင်မလေးနဲ့ လွန်ခဲ့တဲ့ ၂ပတ်လောက်က အတူနေခဲ့ပါတယ် cdသုံးပါတယ် cd မတပ်ရသေးတဲ့အချိန်မှာ သူ့အ၀နဲ့ ကျွန်တော့ လိင်တံနဲ့ ထိထိကြည့်ပါတယ် အရည်ကြည်တောင် မထွက်သေးပါဘူး ​ကိုယ်၀န်ရနိုင်လားဗျ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
စိတ်ကျန်းမာရေး

ကျမက၁၈ပြည့်ပြီးတာမကြာသေးပါဘူး ငယ်ရွယမချိန်မှာရည်းစားထားပြီးအချစ်ကိုဘဝထင်ခဲ့ပါတယ် အရင်က relationshipနဲ့တုန်းကtraumaတွေများခဲ့တယ် ခနခနဖောက်ပြန်တာမျိုးတွေ လိမ်တာမျိုးတွေကြောင့် ခုကောင်လေးကအရာအားလုံးထက်ကောင်းတာသိပေမဲ့ ဖောက်ပြန်သွားမလား လိမ်မလားဆိုတဲ့စိတ်တွေဝင်နေတယ် အဲ့တာကိုဘယ်လိုအဆင်ပြေအောင်လုပ်ရမလဲ ပြီးတော့ ဇာတ်ကားကြည့်တာပဲဖြစ်ဖြစ် ထိုင်နေရင်းလဲဝမ်းနည်းစရာမရှိဘဲ ထငိုမိတယ် ရီနေရင်းငိုမိတယ် အဲ့တာဘာကြောင့်များလဲ သိချင်လို့ပါဆရာ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်