သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်
23ပတ် ကျတော့ကလေးက သရက်သီးအလုံးလောက် ရှိလာမှာဖြစ်ပြီး ၄၅၃ ဂရမ် ၂၈.၉၅ စင်တီမီတာရှိမှာပါ။ကလေးလေးကိုယ်မှာအဆီတွေပေါ်လာပေမယ့် အရေပြားကတော့ လျော့ရဲပြီး အရေးအကြောင်းတွေတော့ ရှိတုန်းပါ။ ကလေးလေးရဲ့ နေစဉ်လှုပ်ရှားမှုမှာ ခြေချောင်းလက်ချောင်းတွေ လက်မောင်းတွေ ခြေထောက်တွေရဲ့လှုပ်ရှားမှုတွေ
ပါပါတယ်။ လှုပ်ရှားတာ ပိုပြင်းလာတာ သတိထားမိကြလားမေမေတို့ရေ။
ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ
မွေးခါနီးလေ အိပ်ရခက်လာလေပါ။ ခဏခဏဆီးသွားတာ၊ စိုးရိမ်စိတ်တွေများတာ၊
မအီမသာဖြစ်တာ၊ ခြေထောက်နာတာ၊ စိတ်မသက်မသာဖြစ်တာတွေက ကိုယ်ဝန်ဆောင်တွေအတွက် အိပ်လို့မရစေတဲ့ အဓိကအကြောင်းအရာတွေပါ။ ဒါပေမယ့် ကလေးလေးရဲ့ကျန်းမာရေးက မေမေတို့အနားယူချိန်လုံလောက်မှုရှိမရှိပေါ် မူတည်နေတော့ ရေနွေးနွေးလေးနဲ့ချိုးတာ၊ သီချင်းအေးအေးလေးတွေ နားထောင်တာ၊ စာအုပ်ဖတ်တာ၊ နို့ပူပူလေးတစ်ခွက်လောက်သောက်ပြီးတော့ဖြစ်ဖြစ် အိပ်လို့လွယ်အောင် ကြိုးစားကြည့်လိုက်ရအောင်နော်။ ဆရာဝန်တွေညွှန်ကြားချက်အရတော့ ကိုယ်ဝန်ဆောင်တွေ တစ်ခြမ်းစောင်းပြီးအိပ်တာ (အထူးသဖြင့်