ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့အတွက် ပေးစာကဏ္ဍ
ဒီတစ်ခါတော့ ဆရာမက ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတွေကို ပြောပြချင်တာလေး ရှိလို့ပါ။ အများအားဖြင့်တော့ မေမေတွေ ကိုယ်ဝန်ပျက်ကျပြီဆိုရင် လနုတုန်းမှာ အပတ် ၂၀မတိုင်ခင်မှာ ပျက်ကျတာများပါတယ်။
မေမေတို့ကတော့ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်နဲ့ ‘ငါဟိုဟာလုပ်မိလုပ်၊ ဒီဟာစားမိလို့’ ဆိုပြီး တွေးကြတယ်ဟုတ်။ တကယ်တော့လေ ဒီလိုကိုယ်ဝန်ပျက်ကျရတဲ့ အများစုက သန္ဓေသားလေးရဲ့ ခရိုမိုဆုန်းလို့ခေါ်တဲ့ မျိုးဗီဇလေး ပုံမှန်မဟုတ်လို့ ပျက်သွားရတာပါ။ ဒါက အကြောင်းအရင်းမယ်မယ်ရရ မရှိပါဘူး။
မေမေတို့ နားလည်အောင် ပြောရရင် ဒီခရိုမိုဇုန်းလေးတွေက ကျန်းမာတဲ့ လူတစ်ယောက်ဖြစ်လာဖို့အရေးကြီးပါတယ်။ ခရိုမိုဇုန်းက လူဖြစ်နိုင်လောက်အောင် မဖွံ့ဖြိုးဘူးဆိုရင် သန္ဓေသားလေး ဖြစ်မလာဘဲ ပျက်ကြသွားမှာပါ။ အများစုကတော့ ဒါကြောင့်ပေါ့နော်။
တချို့မေမေတွေကျတော့ ကိုယ်ဝန်ရှိတာမသိဘဲ ဆေးလိပ်တွေ၊ အရက်တွေသောက်မိ၊ ကူးစက်ပိုးတွေ ဝင်လို့ ပျက်ကျကြတာပေါ့နော်။ ဒါပေမယ့် မေမေအများစုကတော့ ကောင်းကောင်းမွန်မွန်နေပါလျက်ရဲ့ ပျက်ကျသွားရင် အပေါ်က အကြောင်းကြောင့် ဖြစ်ဖို့ များပါတယ်။
ဒါကြောင့် မေမေတို့ ကိုယ့်ကိုယ်ကို
... ပိုမိုကြည့်ရှုရန်