ဘေဘီလေးကို မွေးဖွားလာချိန်ကတည်းက ချစ်ပြီးသား ဖြစ်သလို တစ်နေ့ထက် တစ်နေ့ ပိုပြီး သံယောဇဉ် တွယ်လာကြပေမယ့် ဘေဘီလေးကရော ကိုယ်က သူ့ကို ချစ်သလို သူက ကိုယ့်ကိုချစ်ရဲ့လား ဆိုတာကို သံသယ ဖြစ်နေပြီလား! ဘေဘီလေးတွေက ချစ်ကြောင်း ဘယ်လို ပြလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ သင့်ကလေးက သင့်ဂရုစိုက်မှုတွေခံစားလာရတာနဲ့အမျှ တစ်နေ့ထက် တစ်နေ့သင့်ကို ပိုပိုချစ်လာပြီး သူတို့နည်းသူတို့ဟန်နဲ့ ကျေးဇူးတင်စကားပြောကြပါလိမ့်မယ်။
သင့်မျက်လုံးထဲကိုစိုက်ကြည့်မယ်
ကလေးလေးတွေဟာ မျက်နှာတွေကိုလိုက်ကြည့်ရတာ နှစ်သက်တတ်ပြီး သူတို့ ချစ်တဲ့သူတွေရဲ့ မျက်နှာကတော့ သူတို့ရဲ့ပထမဆုံးဦးစားပေးပေါ့။ ကလေးတွေရဲ့ အကြည့်တွေဟာ သူတို့ဘဝအတွက် သင့်အရေးပါမှုကိုသိရှိလာတဲ့အတွက် သင့်အတွက်သူတို့ရဲ့ချစ်ခြင်းမေတ္တာတွေ အစပေါ့။
သူတို့သိတဲ့သင့်ကိုယ်ရနံ့
ကလေးလေးတွေဟာ သူတို့ကိုစောင့်ရှောက်နေသူတွေကို ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ သိရှိမှတ်မိပြီး ထိုသူတွေက သူတို့လေးတွေရဲ့ ဦးစားပေးတွေဖြစ်လာပါတယ်။ ကလေးလေးတွေအတွက် သူတို့မေမေရဲ့ ကိုယ်သင်းနံ့ထက် ပိုချိုမြိန်တာမရှိတော့ပါဘူး။
အပြုံးလေးတွေ
တချ